လူမသိသူမသိကနေ ဆုတံဆိပ် လည်ပင်းဆွဲအိပ်တဲ့အထိ အောင်မြင်လာတဲ့ ဗာဒီအကြောင်း ရုပ်ရှင်ရိုက်ကူးတော့မယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေထဲမှာ ကိုယ်ကစားတဲ့အသင်း အောင်မြင်မှုဆုဖလားရရင် ဆုတံဆိပ်နဲ့အတူ ညဖက်အိပ်တာတွေ ရှိခဲ့ပါတယ်။

မနှစ်က ဘိုင်ယန် ချန်ပီယံလိ၈်ရတုန်းက ဆုဖလားကို အိပ်ယာထဲယူလာပြီး လီဝန်ဒေါစကီး အိပ်ခဲ့ဖူးပါတယ်။

အခုလည်း လက်စတာတိုက်စစ်မှုးဗာဒီဟာ အက်ဖ်အေဖလားအောင်ပွဲအပြီး ညဖက်သူအိပ်တဲ့အချိန်မှာ ဆုတံဆိပ်ကို လည်ပင်းမှာ ချိတ်ဆွဲပြီး အိပ်ခဲ့တာပါ။

သူဟာ လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တုန်းကလည်း အခုလိုမျိုး ဆုတံဆိပ်ကို ဝတ်ဆင်ပြီး အိပ်စက်ခဲ့တယ်လို့ သူရဲ့ ဇနီးက ပြောပြခဲ့ပါတယ်။

အခုဆိုရင် ဟောလီးဝုဒ်က ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဗာဒီရဲ့ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားစရာ နေကြပါတယ်။

The Daily Mirrorရဲ့ ဖော်ပြချက်အရ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် အခြေစိုက် ရုပ်ရှင် ဇာတ်ညွှန်းဆရာ အက်ဒရီယန်ဘတ်ချတ် ဟာ

လက်စတာနဲ့ ဗာဒီ တို့ရဲ့အံ့ဖွယ် ဇာတ်လမ်း အကြောင်းကို ရုပ်ရှင် ရိုက်ကူးဖို့ ဟောလိဝုဒ် ဒါရိုက်တာတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

အက်ဒရီယန်ဘတ်ချတ် ဟာ နာမည်ကျော် ဘောလုံးရုပ်ရှင် Goal ရဲ့ ပထမ ၂ ကား ကို ဇာတ်ညွှန်းရေးခဲ့သူ ဖြစ်ပြီး ဗာဒီနဲ့လည်း သူ့ရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ အတွက် ဆွေးနွေးပြောဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။

ဘတ်ချတ် ရဲ့ Goal ဇာတ်ကား ၂ ကားဟာ လူကြိုက်များခဲ့ပြီး အကောင်းဆုံး ဘောလုံးဇာတ်ကား စာရင်းဝင်ခဲ့ပါတယ်။

ဟောလိဝုဒ် ရုပ်ရှင်သမိုင်းမှာ ဘောလုံး ဇာတ်ကားတွေ အများကြီးထွက်ခဲ့ဖူး ပါတယ် ။ Goal ၊ Will ၊ Shaolin Soccer တို့လို လူကြိုက်များတဲ့ ဇာတ်လမ်းတွေ ရှိခဲ့သလို Escape to victory, The damned united တို့လို တကယ့် အဖြစ်အပျက်တွေအပေါ် အခြေခံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိခဲ့ပါတယ်။

ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ရဲ့ အကြောင်းကိုလည်း ရုပ်ရှင် ရိုက်ကူးနေပြီဖြစ်ပါတယ်။

လူမသိ သူမသိ အပျော်တမ်းကလပ် ကစားသမား ဘဝကနေ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံး အောင်ပွဲတွေကို ရယူနိုင်ခဲ့တဲ့ ဂျေမီဗာဒီ ရဲ့ ဇာတ်လမ်းဟာ စိတ်ဓါတ်ခွန်အားတွေကို ပေးစွမ်းနိုင်တဲ့ အရာတစ်ခု ဖြစ်စေခဲ့ ပါတယ်။

“ဂျေမီ ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ယောက်ဆိုတာ သိထားပါတယ်၊

သူ့ရဲ့ဆက်တိုက် အောင်မြင်မှုတွေဟာ ကျွန်တော်တို့အတွက် ရုပ်ရှင် ရိုက်ကူးဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

အမှန်ဆိုရင် မနှစ်ကတည်းက ဗာဒီ့ အကြောင်းကို ရိုက်ဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမယ့် အခြေအနေတွေက မပေးခဲ့ပါဘူး။ တစ်နှစ်လောက် ထပ်စောင့်လိုက်ရပေမယ့် ကျွန်တော်တို့ အတွက် ပိုကောင်းခဲ့ပါတယ်။

အခု သူတို့ ဖလား နောက်တစ်ခု ထပ်ရခဲ့ပါပြီ။

ပိုကောင်းတဲ့ ဇာတ်ညွှန်းတွေကို ကျွန်တော်တို့ ရတော့မှာပါ” လို့ အက်ဒရီယန် ဘတ်ချတ်က ပြောဆို သွားခဲ့ပါတယ်။

ဗာဒီဟာ လက်စတာ စီးတီး ကို ၂၀၁၂ က ရောက်လာခဲ့တာ ဖြစ်ပြီး အင်္ဂလန် Non League က စတော့ဘရစ်ပါ့ခ်စီးတီး၊ ဟာလီဖက်စ်၊ ဖလိဝုဒ်တောင်း အသင်းတွေမှာ ကျဉ်လည်ကစားခဲ့ဖူးပါတယ်။

ဗာဒီဟာ ဒီရာသီ FA Cup မှာ ပွဲစဉ်တိုင်းကို ပါဝင်ကစားခဲ့သူ ဖြစ်ပြီး ဒီလိုမျိုး ပွဲစဉ် အားလုံးမှာ ပါဝင်ကစားရတဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူမသိသူမသိကေန ဆုတံဆိပ္ လည္ပင္းဆြဲအိပ္တဲ့အထိ ေအာင္ျမင္လာတဲ့ ဗာဒီအေၾကာင္း ႐ုပ္ရွင္႐ိုက္ကူးေတာ့မယ္

ေဘာလုံးသမားေတြထဲမွာ ကိုယ္ကစားတဲ့အသင္း ေအာင္ျမင္မႈဆုဖလားရရင္ ဆုတံဆိပ္နဲ႔အတူ ညဖက္အိပ္တာေတြ ရွိခဲပပါတယ္။ မႏွစ္က ဘိုင္ယန္ ခ်န္ပီယံလိ၈္ရတုန္းက ဆုဖလားကို အိပ္ယာထဲယူလာၿပီး လီဝန္ေဒါစကီး အိပ္ခဲ့ဖူးပါတယ္။ အခုလည္း လက္စတာတိုက္စစ္မႈးဗာဒီဟာ အက္ဖ္ေအဖလားေအာင္ပြဲအၿပီး ညဖက္သူအိပ္တဲ့အခ်ိန္မွာ ဆုတံဆိပ္ကို လည္ပင္းမွာ ခ်ိတ္ဆြဲၿပီး အိပ္ခဲ့တာပါ။ သူဟာ လက္စတာအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တုန္းကလည္း အခုလိုမ်ိဳး ဆုတံဆိပ္ကို ဝတ္ဆင္ၿပီး အိပ္စက္ခဲ့တယ္လို႔ သူရဲ႕ ဇနီးက ေျပာျပခဲ့ပါတယ္။

အခုဆိုရင္ ေဟာလီးဝုဒ္က ႐ုပ္ရွင္ထုတ္လုပ္သူေတြဟာ ဗာဒီရဲ႕ဘဝဇာတ္ေၾကာင္းကို ႐ုပ္ရွင္႐ိုက္ဖို႔ စိတ္ဝင္စားစရာ ေနၾကပါတယ္။ The Daily Mirror ရဲ႕ ေဖာ္ျပခ်က္အရ အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္ အေျခစိုက္ ႐ုပ္ရွင္ ဇာတ္ၫႊန္းဆရာ အက္ဒရီယန္ဘတ္ခ်တ္ ဟာ လက္စတာနဲ႔ ဗာဒီ တို႔ရဲ႕အံ့ဖြယ္ ဇာတ္လမ္း အေၾကာင္းကို ႐ုပ္ရွင္ ႐ိုက္ကူးဖို႔ ေဟာလိဝုဒ္ ဒါ႐ိုက္တာေတြနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

အက္ဒရီယန္ဘတ္ခ်တ္ ဟာ နာမည္ေက်ာ္ ေဘာလုံး႐ုပ္ရွင္ Goal ရဲ႕ ပထမ ၂ ကား ကို ဇာတ္ၫႊန္းေရးခဲ့သူ ျဖစ္ၿပီး ဗာဒီနဲ႔လည္း သူ႔ရဲ႕ ဘဝဇာတ္ေၾကာင္းကို ႐ုပ္ရွင္႐ိုက္ကူးဖို႔ အတြက္ ေဆြးေႏြးေျပာဆိုခဲ့ဖူးသူ ျဖစ္ပါတယ္။ ဘတ္ခ်တ္ ရဲ႕ Goal ဇာတ္ကား ၂ ကားဟာ လူႀကိဳက္မ်ားခဲ့ၿပီး အေကာင္းဆုံး ေဘာလုံးဇာတ္ကား စာရင္းဝင္ခဲ့ပါတယ္။

ေဟာလိဝုဒ္ ႐ုပ္ရွင္သမိုင္းမွာ ေဘာလုံး ဇာတ္ကားေတြ အမ်ားႀကီးထြက္ခဲ့ဖူး ပါတယ္ ။ Goal ၊ Will ၊ Shaolin Soccer တို႔လို လူႀကိဳက္မ်ားတဲ့ ဇာတ္လမ္းေတြ ရွိခဲ့သလို Escape to victory, The damned united တို႔လို တကယ့္ အျဖစ္အပ်က္ေတြအေပၚ အေျခခံၿပီး ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားေတြလည္း ရွိခဲ့ ပါတယ္။ယူႏိုက္တက္ ဂႏၴဝင္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ ရဲ႕ အေၾကာင္းကိုလည္း ႐ုပ္ရွင္ ႐ိုက္ကူးေနၿပီျဖစ္ပါတယ္။ လူမသိ သူမသိ အေပ်ာ္တမ္းကလပ္ ကစားသမား ဘဝကေန အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ အျမင့္ဆုံး ေအာင္ပြဲေတြကို ရယူႏိုင္ခဲ့တဲ့ ေဂ်မီဗာဒီ ရဲ႕ ဇာတ္လမ္းဟာ စိတ္ဓါတ္ခြန္အားေတြကို ေပးစြမ္းႏိုင္တဲ့ အရာတစ္ခု ျဖစ္ေစခဲ့ ပါတယ္။

“ေဂ်မီ ဟာ လက္ရွိ ကမာၻ႔ အေကာင္းဆုံး ကစားသမားေတြ ထဲက တစ္ေယာက္ဆိုတာ သိထားပါတယ္ ၊ သူ႔ရဲ႕ဆက္တိုက္ ေအာင္ျမင္မႈေတြဟာ ကြၽန္ေတာ္တို႔အတြက္ ႐ုပ္ရွင္ ႐ိုက္ကူးဖို႔ တြန္းအား ျဖစ္ေစခဲ့ပါတယ္ ။ အမွန္ဆိုရင္ မႏွစ္ကတည္းက ဗာဒီ့ အေၾကာင္းကို ႐ိုက္ဖို႔ စီစဥ္ခဲ့တာပါ။

ဒါေပမယ့္ အေျခအေနေတြက မေပးခဲ့ပါဘူး။ တစ္ႏွစ္ေလာက္ ထပ္ေစာင့္လိုက္ရေပမယ့္ ကြၽန္ေတာ္တို႔ အတြက္ ပိုေကာင္းခဲ့ ပါတယ္။ အခု သူတို႔ ဖလား ေနာက္တစ္ခု ထပ္ရခဲ့ပါၿပီ ။ ပိုေကာင္းတဲ့ ဇာတ္ၫႊန္းေတြကို ကြၽန္ေတာ္တို႔ ရေတာ့မွာပါ” လို႔ အက္ဒရီယန္ ဘတ္ခ်တ္က ေျပာဆို သြားခဲ့ပါတယ္။

ဗာဒီဟာ လက္စတာ စီးတီး ကို ၂၀၁၂ က ေရာက္လာခဲ့တာ ျဖစ္ၿပီး အဂၤလန္ Non League က စေတာ့ဘရစ္ပါ့ခ္စီးတီး၊ ဟာလီဖက္စ္၊ ဖလိဝုဒ္ေတာင္း အသင္းေတြမွာ က်ဥ္လည္ကစားခဲ့ဖူးပါတယ္။ ဗာဒီဟာ ဒီရာသီ FA Cup မွာ ပြဲစဥ္တိုင္းကို ပါဝင္ကစားခဲ့သူ ျဖစ္ၿပီး ဒီလိုမ်ိဳး ပြဲစဥ္ အားလုံးမွာ ပါဝင္ကစားရတဲ့ ပထမဆုံး ေဘာလုံးသမား ျဖစ္လာခဲ့ပါတယ္။