လူပြောများနေတဲ့ တော်မီနေး ဂိုးသွင်းပြီးချိန် ဗန်ဒီဘိခ်ရဲ့ အပြုံး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့က ယူနိုက်တက်ရဲ့ ဂိုးပြတ်နိုင်ပွဲမှာ တော်မီနေးကတော်တော်အရေးပါခဲ့တာပါ။အဲဒီပွဲရဲ့ ပွဲချိန် 2 မိနစ်မှာပဲ ဆောက်သမ်တန် လူငယ်လေး ဂျန်ကီဝစ်ဟာ ယူနိုက်တက် ကွင်းလယ်လူ တော်မီနေးကို အန္တရာယ် ဖြစ်စေနိုင်မယ့် ဖြတ်ထုတ်မှု လုပ်ဆောင် ခဲ့တဲ့ အတွက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ်။

အဲဒီနောက်ပိုင်းကစပြီး ယူနိုက်တက်တို့ ကံဇာတာတွေတက်ခဲ့ပါတယ်။ ပထမပိုင်းရော၊ ဒုတိယပိုင်းမှာပါ ယူနိုက်တက်တို့ဟာ ဂိုးတွေ တဒိုင်းဒိုင်းသွင်းယူခဲ့ပါတယ်။ တော်မီနေးလည်း ဒုတိယပိုင်းမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ တော်မီနေး ဂိုးသွင်းပြီးချိန်မှာ ဗန်ဒီဘိခ်ပျော်ရွှင်သွားတဲ့ မျက်နှာနဲ့ ပတ်သက်ပြီး၊ ပရိသတ်တွေက လူမှုကွန်ရက်မှာ ပြောဆိုနေကြတာပါ။

“ဗန်ဒီဘိခ် တော်တော်စိတ်လှုပ်ရှားနေတာ မျက်နှာ အမူအရာကိုသာကြည့်” ၊ “ဗန်ဒီဘိခ်ရဲ့ လူပြောများတဲ့ စိတ်လှုပ်ရှားတဲ့ မျက်နှာ” စတဲ့စာသားတွေရေးသားကြပါတယ်။ ကွင်းလယ်လူ တော်မီနေးကတော့ ဂိုးထပ်ရချင်တဲ့ အနေအထားလည်းရှိခဲ့ပါတယ်။ ဂိုးသွင်းလိုတဲ့ လောဘလို့ပြောရမလားပါပဲ။

ပွဲချိန် မိနစ် ၉၀ပြည့်လို့ အချိန်ပို ၃မိနစ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ၉ဂိုးမြောက် ဂိုးကို ဒန်နီရယ်လ်ဂျိမ်းစ် သွင်းယူပြီးတဲ့အချိန်မှာ တော်မီနေးရဲ့ ဂိုးလောဘကို မြင်ရတာပါ။ဂျိမ်းစ် ဂိုးသွင်းယူပြီးနောက်မှာ တော်မီနေးဟာ ဂိုးထဲက ဘောလုံးကို အမြန်ကောက်ပြီး ပွဲကိုအမြန်ဆုံး စတင်ဖို့ ညွန်ကြားနေတဲ့ပုံကို မြင်တွေ့ခဲ့ရတာပါ။ တော်မီနေး တစ်ယောက် ၁၀ဂိုးမြောက်ဂိုးကို ထပ်လိုချင်နေခဲ့တာပါ။

ဆောက်သမ်တန်အသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးစံချိန်ကိုလိုက်မိသွားခဲ့ပါတယ်။ ဆောက်သမ်တန်ကိုယူနိုက်ကတ်အသင်းက ဂိုးပြတ်အနိုင်ရမှုဟာပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၉ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ပွဲစဉ်လည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ၉ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ပွဲစဉ်သုံးပွဲရှိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ယူနိုက်တက်အသင်းကအက်ဝှချ်ကို၉ဂိုးပြတ်နဲ့အနိုင်ရခဲ့သလို ၂၀၁၉ ခုနှစ်မှာ လက်စတာအသင်းကဆောက်သမ်တန်အသင်းကို ၉ ဂိုးပြတ်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူေျပာမ်ားေနတဲ့ ေတာ္မီေနး ဂိုးသြင္းၿပီးခ်ိန္ ဗန္ဒီဘိခ္ရဲ႕ အၿပဳံး

ယမန္ေန႔က ယူႏိုက္တက္ရဲ႕ ဂိုးျပတ္ႏိုင္ပြဲမွာ ေတာ္မီေနးကေတာ္ေတာ္အေရးပါခဲ့တာပါ။အဲဒီပြဲရဲ႕ ပြဲခ်ိန္ 2 မိနစ္မွာပဲ ေဆာက္သမ္တန္ လူငယ္ေလး ဂ်န္ကီဝစ္ဟာ ယူႏိုက္တက္ ကြင္းလယ္လူ ေတာ္မီေနးကို အႏၲရာယ္ ျဖစ္ေစႏိုင္မယ့္ ျဖတ္ထုတ္မႈ လုပ္ေဆာင္ ခဲ့တဲ့ အတြက္ တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။ အဲဒီ​ေနာက္ပိုင္းကစၿပီး ယူႏိုက္တက္တို႔ ကံဇာတာ​ေတြတက္ခဲ့ပါတယ္။ ပထမပိုင္း​ေရာ၊ ဒုတိယပိုင္းမွာပါ ယူႏိုက္တက္တို႔ဟာ ဂိုး​ေတြ တဒိုင္းဒိုင္းသြင္းယူခဲ့ပါတယ္။ ​ေတာ္မီ​ေနးလည္း ဒုတိယပိုင္းမွာ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ​ေတာ္မီ​ေနး ဂိုးသြင္းၿပီးခ်ိန္မွာ ဗန္ဒီဘိခ္ေပ်ာ္႐ႊင္သြားတဲ့ မ်က္ႏွာနဲ႔ ပတ္သက္ၿပီး၊ ပရိသတ္​ေတြက လူမႈကြန္ရက္မွာ ​ေျပာဆို​ေနၾကတာပါ။

“ဗန္ဒီဘိခ္ ေတာ္​ေတာ္စိတ္လႈပ္ရွား​ေနတာ မ်က္ႏွာ အမူအရာကိုသာၾကည့္” ၊ “ဗန္ဒီဘိခ္ရဲ႕ လူ​ေျပာမ်ားတဲ့ စိတ္လႈပ္ရွားတဲ့ မ်က္ႏွာ” စတဲ့စာသား​ေတြ​ေရးသားၾကပါတယ္။ ကြင္းလယ္လူ ​ေတာ္မီေနးက​ေတာ့ ဂိုးထပ္ရခ်င္တဲ့ အ​ေနအထားလည္းရွိခဲ့ပါတယ္။ ဂိုးသြင္းလိုတဲ့ ေလာဘလို႔​ေျပာရမလားပါပဲ။ ပြဲခ်ိန္ မိနစ္ ၉၀ျပည့္လို႔ အခ်ိန္ပို ၃မိနစ္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၉ဂိုးေျမာက္ ဂိုးကို ဒန္နီရယ္လ္ဂ်ိမ္းစ္ သြင္းယူၿပီးတဲ့အခ်ိန္မွာ ​ေတာ္မီေနးရဲ႕ ဂိုးေလာဘကို ျမင္ရတာပါ။ ဂ်ိမ္းစ္ ဂိုးသြင္းယူၿပီးေနာက္မွာ ​ေတာ္မီေနးဟာ ဂိုးထဲက ေဘာလုံးကို အျမန္ေကာက္ၿပီး ပြဲကိုအျမန္ဆုံး စတင္ဖို႔ ၫြန္ၾကားေနတဲ့ပုံကို ျမင္ေတြ႕ခဲ့ရတာပါ။ ​ေတာ္မီေနးတစ္​ေယာက္ ၁၀ ဂိုးေျမာက္ဂိုးကို ထပ္လိုခ်င္​ေနခဲ့တာပါ။

ေဆာက္သမ္တန္အသင္းကို၉ဂိုးျပတ္နဲ႔အႏိုင္ရၿပီးေနာက္ယူႏိုက္တက္အသင္းဟာပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးစံခ်ိန္ကိုလိုက္မိသြားခဲ့ပါတယ္။ေဆာက္သမ္တန္ကိုယူႏိုက္ကတ္အသင္းကဂိုးျပတ္အႏိုင္ရမႈဟာပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္၉ဂိုးနဲ႔အထက္သြင္းယူႏိုင္ခဲ့တဲ့တတိယေျမာက္ပြဲစဥ္လည္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္၉ဂိုးနဲ႔အထက္သြင္းယူႏိုင္တဲ့ပြဲစဥ္သုံးပြဲရွိခဲ့ၿပီး၁၉၉၅ခုႏွစ္မွာ

ယူႏိုက္တက္အသင္းကအက္ဝွခ်္ကို၉ဂိုးျပတ္နဲ႔အႏိုင္ရခဲ့သလို၂၀၁၉ခုႏွစ္မွာလက္စတာအသင္းကေဆာက္သမ္တန္အသင္းကို ၉ဂိုးျပတ္နဲ႔ သြင္းယူႏိုင္ခဲ့ပါတယ္။