လူပျိုကြီးဆွန် တကယ်ပဲ BLACK PINK အဖွဲ့ဝင် Jisoo နဲ့ တွဲနေတာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆွန်ဟောင်မင်ဟာ မနေ့ညက တောင်ကိုရီးယား (၂-၁) ဆီးရီးယား ပွဲမှာ (၈၉) မိနစ်တွင် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ သူဟာ လက်ရှိကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ (၄) ဂိုးသွင်းပြီး (၁) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

စပါးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ နာမည်ကျော် ကေပေါ့ပ်ဂီတ BLACK PINK အဖွဲ့ဝင် Jisoo နဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက Jisoo ဟာ စပါးကွင်းထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲ လာရောက်အားပေးခဲ့ပြီး အင်စတာဂရမ်မှာပို့စ် တင်ခဲ့ဖူးပါတယ်။

ဆွန်ဟောင်မင်ဟာ ယမန်နေ့က ကစားခဲ့တဲ့ တောင်ကိုးရီးယားလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ကိုးရီးယားနိုင်ငံကို လာရောက်ခဲ့ရာမှာ လန်ဒန်ကနေ တိုက်ရိုက်လာခဲ့တာမဟုတ်ဘဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေ တစ်ဆင့် လာရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ Jisoo ကလည်း ပဲရစ်မှာ ရှိနေခဲ့တာဖြစ်ပြီး မိခင်နိုင်ငံကို ပြန်ရောက်ချိန်ကလည်း တစ်ရက်တည်းဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်တူညီနေတဲ့အချက်တစ်ချက်ကတော့ သူတို့နှစ်ယောက်လုံးဟာ တူညီလက်ပတ်တစ်ခုကို ဝတ်ဆင်ထားကြတယ်လို့ စိတ်ဝင်စား စောင့်ကြည့်သူတွေက ဆိုပါတယ်။

ဆွန်ဟောင်မင်အနေနဲ့ အရင်ကလည်း အလန်းစားတွေနဲ့ ချစ်သူရည်းစား ဖြစ်ခဲ့ပါသေးတယ်။

၂၀၁၄ လောက်က Girl’s Day’s အဖွဲ့မှ အဆိုတော် Bang Min-ah ( Minah) နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၄ ဇူလိုင်လ မှာ ဂန်းနမ် ဘူတာနဲ့ ဟန်မြစ်ပန်းခြံနားတဝိုက်တို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ ကိုရီးယားမီဒီယာ တချို့က ဖော်ပြခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက တစ်နှစ်လောက်ပဲ ကြာမြင့်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။

အဲဒီနောက်တော့ ၂၀၁၈ လောက်မှာ ဆွန်ဟောင်မင်ဟာ ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင်လည်းဖြစ်တဲ့ Yoo So-young နဲ့ ချစ်ကြိုက်ခဲ့တယ်လို့ သိရပြီး

နိုဝင်ဘာ ၁၁ မှာ ကျရောက်လေ့ရှိတဲ့ Pepero Day ( ကိုရီးယားဗယ်လင်တိုင်းဒေး) မှာ ဒိတ်လုပ်တွေ့ဆုံခဲ့ကြပြီး ဆွန်က Yoo So-young ကို Pepero လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် လအနည်းငယ်အကြာမှာပဲ ဆွန်နဲ့ Yoo တို့ လမ်းခွဲခဲ့ကြပြီး အဲဒီလိုလမ်းခွဲခဲ့ရတာဟာ ဆွန်နဲ့ သူမ ချစ်သူရည်းစားဖြစ်ကြတာကို ဆွန်ရဲ့ ဖခင်သိရှိသွားရာကနေ ဆွန်ဘက်က စပြီးလမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။

ဆွန်တစ်ယောက်ဖခင်ကို ပေးထားတဲ့ ကစားသမားဘဝက အနားမယူခင် ချစ်သူရည်းစားမထား အိမ်ထောင်မပြုဘူးဆိုတဲ့ ကတိကြောင့် ဆွန်နဲ့ Jisoo တို့ ဇာတ်လမ်းဟာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူပ်ိဳႀကီးဆြန္ တကယ္ပဲ BLACK PINK အဖြဲ႕ဝင္ Jisoo နဲ႔ တြဲေနတာလား

ဆြန္ေဟာင္မင္ဟာ မေန႔ညက ေတာင္ကိုရီးယား (၂-၁) ဆီးရီးယား ပြဲမွာ (၈၉) မိနစ္တြင္ အႏိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။ သူဟာ လက္ရွိကမာၻ႔ဖလား ေျခစစ္ပြဲမွာ (၄) ဂိုးသြင္းၿပီး (၁) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

စပါးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ဟာ နာမည္ေက်ာ္ ေကေပါ့ပ္ဂီတ BLACK PINK အဖြဲ႕ဝင္ Jisoo နဲ႔ တြဲေနတယ္လို႔ သတင္းေတြ ထြက္ေပၚထားပါတယ္။ ၂၀၁၉ ခုႏွစ္တုန္းက Jisoo ဟာ စပါးကြင္းထဲမွာ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲ လာေရာက္အားေပးခဲ့ၿပီး အင္စတာဂရမ္မွာပို႔စ္ တင္ခဲ့ဖူးပါတယ္။ ဆြန္ေဟာင္မင္ဟာ ယမန္ေန႔က ကစားခဲ့တဲ့ ေတာင္ကိုးရီးယားလက္ေ႐ြးစင္အသင္းရဲ႕ ကမာၻ႔ဖလား ေျခစစ္ပြဲအတြက္ ကိုးရီးယားႏိုင္ငံကို လာေရာက္ခဲ့ရာမွာ လန္ဒန္ကေန တိုက္႐ိုက္လာခဲ့တာမဟုတ္ဘဲ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ကေန တစ္ဆင့္ လာေရာက္ခဲ့တာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာပဲ Jisoo ကလည္း ပဲရစ္မွာ ရွိေနခဲ့တာျဖစ္ၿပီး မိခင္ႏိုင္ငံကို ျပန္ေရာက္ခ်ိန္ကလည္း တစ္ရက္တည္းျဖစ္ေနခဲ့တယ္လို႔ ဆိုပါတယ္။ ေနာက္ထပ္တူညီေနတဲ့အခ်က္တစ္ခ်က္ကေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ တူညီလက္ပတ္တစ္ခုကို ဝတ္ဆင္ထားၾကတယ္လို႔ စိတ္၀င္စား ေစာင့္ၾကည့္သူေတြက ဆိုပါတယ္။

ဆြန္ေဟာင္မင္အေနနဲ႔ အရင္ကလည္း အလန္းစား​ေတြနဲ႔ ခ်စ္သူရည္းစား ျဖစ္ခဲ့ပါ​ေသးတယ္။၂၀၁၄ ေလာက္က Girl’s Day’s အဖြဲ႕မွ အဆိုေတာ္ Bang Min-ah ( Minah) နဲ႔ ခ်စ္သူေတြျဖစ္ခဲ့ၾကၿပီး ၂၀၁၄ ဇူလိုင္လ မွာ ဂန္းနမ္ ဘူတာနဲ႔ ဟန္ျမစ္ပန္းၿခံနားတဝိုက္တို႔မွာ ေတြ႕ဆုံခဲ့ၾကတယ္လို႔ ကိုရီးယားမီဒီယာ တခ်ိဳ႕က ေဖာ္ျပခဲ့ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းက တစ္ႏွစ္ေလာက္ပဲ ၾကာျမင့္ၿပီး အဆုံးသတ္သြားခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ ၂၀၁၈ ေလာက္မွာ ဆြန္ေဟာင္မင္ဟာ ကိုရီးယား အဆိုေတာ္နဲ႔ သ႐ုပ္ေဆာင္လည္းျဖစ္တဲ့ Yoo So-young နဲ႔ ခ်စ္ႀကိဳက္ခဲ့တယ္လို႔ သိရၿပီး ႏိုဝင္ဘာ ၁၁ မွာ က်ေရာက္ေလ့ရွိတဲ့ Pepero Day ( ကိုရီးယားဗယ္လင္တိုင္းေဒး) မွာ ဒိတ္လုပ္ေတြ႕ဆုံခဲ့ၾကၿပီး ဆြန္က Yoo So-young ကို Pepero လက္ေဆာင္ေပးခဲ့တယ္လို႔သိရပါတယ္။

ဒါေပမယ့္ လအနည္းငယ္အၾကာမွာပဲ ဆြန္နဲ႔ Yoo တို႔ လမ္းခြဲခဲ့ၾကၿပီး အဲဒီလိုလမ္းခြဲခဲ့ရတာဟာ ဆြန္နဲ႔ သူမ ခ်စ္သူရည္းစားျဖစ္ၾကတာကို ဆြန္ရဲ႕ ဖခင္သိရွိသြားရာကေန ဆြန္ဘက္က စၿပီးလမ္းခြဲခဲ့တယ္လို႔ ဆိုပါတယ္။

ဆြန္တစ္​ေယာက္ဖခင္ကို ေပးထားတဲ့ ကစားသမားဘဝက အနားမယူခင္ ခ်စ္သူရည္းစားမထား အိမ္ေထာင္မျပဳဘူးဆိုတဲ့ ကတိေၾကာင့္ ဆြန္နဲ႔ Jisoo တို႔ ဇာတ္လမ္းဟာ ဘာျဖစ္မလဲဆိုတာ ​ေစာင့္ၾကည့္ရပါမယ္။