
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လီဝန်ဒေါစကီး၊ ဟာလန်းတို့ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ခေါ်ယူဖို့မလွယ်ကူတဲ့နောက် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူးဟောင်းလူကာကူကို ပြန်လည်ခေါ်ယူဖို့ အားထုတ်နေတာဖြစ်ပါတယ်။
လူကာကူကို ချယ်လ်ဆီးဘက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၀၀) တစ်နှစ်လုပ်ခ ယူရို(၁၀)သန်းဝန်းကျင်နဲ့ ပထမဆုံးအကြိမ်အဖြစ် ကမ်းလှမ်းခဲ့ပေမယ့် အင်တာဘက်ကနေ ပယ်ချသွားခဲ့သလို
ပြောင်းရွှေ့ကြေး ယူရို(၁၃၃)သန်း တစ်နှစ်လုပ်ခ ယူရို(၁၅)သန်းနဲ့ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလာခဲ့မှုမှာလည်း အင်တာက လုံးဝကို ငြင်းဆန်သွားခဲ့ပါတယ်။
လူကာကူကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့ရာ အခုဆိုရင် တတိယအကြိမ်မြောက်အဖြစ်ပါ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။
ဒီတစ်ကြိမ်မှာတော့ အင်တာဘက်က အလိုရှိနေတဲ့ နောက်ခံအစွန်လူတစ်ဦးကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် လူကာကူဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အတွက် ၂၄ ဂိုးသွင်းယူကာ ၁၁ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီး အမှတ်ပေးဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
စီးရီးအေမှာ သူ့ထက်ပိုပြီး ဂိုးသွင်းယူနိုင်ခဲ့သူက ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုတစ်ဦးတည်းသာ ရှိနေခဲ့ပါတယ်။
ချယ်လ်ဆီးမှာလည်း လူကာကူက ကစားခဲ့ဖူးပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ ဝက်ဘရွန်း၊ အဲဗာတန်တို့ကို ပြောင်းရွှေ့ကစားခဲ့ပြီး ယူနိုက်တက်မှာလည်း ၂ ရာသီကြာ ကစားခဲ့ပါတယ်။
ယူနိုက်တက်မှာ ကစားစဉ်က ခန္ဓါကိုယ်ထွားလို့ အပြစ်မြင်သူ တွေရှိခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
လူထြားႀကီး လူကာကူကို အသည္းအသန္လိုခ်င္ေနတဲ့ ခ်ယ္လ္ဆီး
လီဝန္ေဒါစကီး၊ ဟာလန္းတို႔ကို ပစ္မွတ္ထားခဲ့ေပမယ့္လည္း ေခၚယူဖို႔မလြယ္ကူတဲ့ေနာက္ ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ရဲ႕တိုက္စစ္မႉးေဟာင္းလူကာကူကို ျပန္လည္ေခၚယူဖို႔ အားထုတ္ေနတာျဖစ္ပါတယ္။
လူကာကူကို ခ်ယ္လ္ဆီးဘက္ကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း(၁၀၀) တစ္ႏွစ္လုပ္ခ ယူ႐ို(၁၀)သန္းဝန္းက်င္နဲ႔ ပထမဆုံးအႀကိမ္အျဖစ္ ကမ္းလွမ္းခဲ့ေပမယ့္ အင္တာဘက္ကေန ပယ္ခ်သြားခဲ့သလို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို(၁၃၃)သန္း တစ္ႏွစ္လုပ္ခ ယူ႐ို(၁၅)သန္းနဲ႔ ဒုတိယအႀကိမ္ ထပ္မံကမ္းလွမ္းလာခဲ့မႈမွာလည္း အင္တာက လုံးဝကို ျငင္းဆန္သြားခဲ့ပါတယ္။
လူကာကူကို ျပန္လည္ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့ရာ အခုဆိုရင္ တတိယအႀကိမ္ေျမာက္အျဖစ္ပါ ကမ္းလွမ္းသြားဖြယ္ ရွိေနပါတယ္။ဒီတစ္ႀကိမ္မွာေတာ့ အင္တာဘက္က အလိုရွိေနတဲ့ ေနာက္ခံအစြန္လူတစ္ဦးကိုပါ အေျပာင္းအေ႐ႊ႕ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္နဲ႔ ထည့္သြင္းကမ္းလွမ္းသြားဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ လူကာကူဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အတြက္ ၂၄ ဂိုးသြင္းယူကာ ၁၁ ႀကိမ္ဖန္တီးေပးႏိုင္ခဲ့ၿပီး အမွတ္ေပးဖလားကိုပါ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
စီးရီးေအမွာ သူ႔ထက္ပိုၿပီး ဂိုးသြင္းယူႏိုင္ခဲ့သူက ဂ်ဴဗီတိုက္စစ္မႉးေရာ္နယ္ဒိုတစ္ဦးတည္းသာ ရွိေနခဲ့ပါတယ္။ ခ်ယ္လ္ဆီးမွာလည္း လူကာကူက ကစားခဲ့ဖူးေပမယ့္ ေအာင္ျမင္မႈမရရွိခဲ့ဘဲ ဝက္ဘ႐ြန္း၊ အဲဗာတန္တို႔ကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ယူႏိုက္တက္မွာလည္း ၂ ရာသီၾကာ ကစားခဲ့ပါတယ္။ ယူႏိုက္တက္မွာ ကစားစဥ္က ခႏၶါကိုယ္ထြားလို႔ အျပစ္ျမင္သူ ေတြရွိခဲ့ပါတယ္။