လူထုအသင္းနဲ႔လူကံုထံအသင္းဆိုတဲ့အတိုင္းေလးပဲ ထားလိုက္ပါ…

PC ; Internet

မက္ဒရစ္အေျခစိုက္အသင္းခ်င္းတူေပမယ့္ အက္သလက္တီကိုက လူထုအသင္း၊ရီးရဲလ္မက္ဒရစ္က လူကံုထံအသင္းလို႔ ပရိသတ္အမ်ားစုက သတ္မွတ္ထားၾကပါတယ္။အဲဒီအယူအဆကို ေျပာင္းလဲဖို႔ဆႏၵမရွိ္ေပမယ့္ သူတို႔ဟာလည္း ပင္ပင္ပန္းပန္းနဲ႔ႀကိဳးစားေနတဲ့အသင္းပါလို႔ ရီးရဲလ္နည္းျပဇီဒန္းက ေျပာဆိုလိုက္ပါတယ္။အက္သလက္နဲ႔ရီးရဲလ္ဟာ မက္ထရိုပိုလီတာႏိုမွာ ဒီတစ္ပတ္ရင္ဆိုင္ၾကရေတာ့မွာပါ။ဆီျမြန္နီရဲ႕အသင္းအတြက္ မႏွစ္က အိမ္ကြင္းမွာ ၁-၃ဂိုးနဲ႔ရံႈးနိမ့္မႈကိုလက္စားေခ်ဖို႔ ႀကိဳးစားရမယ့္ပြဲဆိုရင္လည္းမမွားပါဘူး။ရာသီအေစာပိုင္းမွာတင္ ၿမိဳ႔ခံၿပိဳင္ဘက္ႀကီးနဲ႔ရင္ဆိုင္ရမွာျဖစ္ေပမယ့္ ႏွစ္ဖက္ပရိသတ္ေတြအတြက္ အေရးပါတဲ့ပြဲလို႔ သူ နားလည္ထားေၾကာင္း ဇီဒန္းက ေျပာလိုက္ပါတယ္။

PC ; Internet

“ အသင္းမွာရွိတဲ့ နည္းျပ၊ကစားသမားနဲ႔ပတ္သက္သူေတြအားလံုးအတြက္ တာ၀န္တစ္ရပ္ပါပဲ။ကၽြန္ေတာ္တို႔ ဘာလုပ္ရမယ္ဆိုတာ သိပါတယ္။ဒါ လာလီဂါရဲ႕ေနာက္ထပ္ ပြဲတစ္ပြဲပါ။ႏွစ္ဖက္ပရိသတ္ေတြ သတ္မွတ္ထားၾကတဲ့ အမည္နာမနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္သိပ္မခံစားမိပါဘူး။ကၽြန္ေတာ္ေျပာႏိုင္တာကေတာ့ ရီးရဲလ္ကလူေတြအားလံုးဟာလည္း အက္သလက္လို အလုပ္ေတြအမ်ားႀကီး လုပ္ေနၾကတယ္ဆိုတာပါပဲ။လူေတြေျပာေနၾကတဲ့ ရီးရဲလ္ကခ်မ္းသာတဲ့ကလပ္၊အက္သလက္က အလုပ္သမားလူတန္းစားကလပ္ဆိုတဲ့အေပၚမွာလည္း  ကၽြန္ေတာ္အေျပာင္းအလဲမလုပ္လိုပါဘူး။ကၽြန္ေတာ့္အလုပ္ကေတာ့ သူတို႔ကစားသမားေတြနဲ႔ပတ္သက္ၿပီး ဂုဏ္ယူခ်င္ေနတဲ့ပရိသတ္ေတြဆႏၵကို ျဖည့္ဆီးေပးဖို႔ပါပဲ ”လို႔ ျပင္သစ္သားနည္းျပက Marca သတင္းစာကို ဖြင့္ဟခဲ့ပါတယ္။

PC ; Internet

ဒါ့အျပင္ မက္ဒရစ္ဒါဘီဟာ ၿပိဳင္ဆိုင္မႈျပင္းထန္သလို ကြင္းတြင္းကြင္းျပင္တင္းမာမႈေတြရွိခဲ့ဖူးေပမယ့္ သူ႔အေနနဲ႔ေတာ့ လာလီဂါပြဲစဥ္တစ္ပြဲလို႔သာမွတ္ယူထားေၾကာင္း၊ဒါေပမဲ့ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမွာ ေသခ်ာေၾကာင္း၊ဒီပြဲကို အႏိုင္ရခ်င္ေၾကာင္း ေျပာဆိုသြားပါတယ္။အဲဒီပြဲမွာ တိုက္စစ္မွဴးရိုဒရီဂို ဒဏ္ရာေၾကာင့္ ကစားႏိုင္ဖို႔ မေသခ်ာေပမယ့္ ယူရိုသန္း ၁၀၀တန္တိုက္စစ္မွဴးဟာဇက္ ပြဲထြက္လာဖို႔ရွိေနတယ္လို႔ သိရပါတယ္။

(unicode)

မက်ဒရစ်အခြေစိုက်အသင်းချင်းတူပေမယ့် အက်သလက်တီကိုက လူထုအသင်း၊ရီးရဲလ်မက်ဒရစ်က လူကုံထံအသင်းလို့ ပရိသတ်အများစုက သတ်မှတ်ထားကြပါတယ်။အဲဒီအယူအဆကို ပြောင်းလဲဖို့ဆန္ဒမရှိပေမယ့် သူတို့ဟာလည်း ပင်ပင်ပန်းပန်းနဲ့ကြိုးစားနေတဲ့အသင်းပါလို့ ရီးရဲလ်နည်းပြဇီဒန်းက ပြောဆိုလိုက်ပါတယ်။အက်သလက်နဲ့ရီးရဲလ်ဟာ မက်ထရိုပိုလီတာနိုမှာ ဒီတစ်ပတ်ရင်ဆိုင်ကြရတော့မှာပါ။ဆီမြွန်နီရဲ့အသင်းအတွက် မနှစ်က အိမ်ကွင်းမှာ ၁-၃ဂိုးနဲ့ရှုံးနိမ့်မှုကိုလက်စားချေဖို့ ကြိုးစားရမယ့်ပွဲဆိုရင်လည်းမမှားပါဘူး။ရာသီအစောပိုင်းမှာတင် မြို့ခံပြိုင်ဘက်ကြီးနဲ့ရင်ဆိုင်ရမှာဖြစ်ပေမယ့် နှစ်ဖက်ပရိသတ်တွေအတွက် အရေးပါတဲ့ပွဲလို့ သူ နားလည်ထားကြောင်း ဇီဒန်းက ပြောလိုက်ပါတယ်။“ အသင်းမှာရှိတဲ့ နည်းပြ၊ကစားသမားနဲ့ပတ်သက်သူတွေအားလုံးအတွက် တာဝန်တစ်ရပ်ပါပဲ။ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ဒါ လာလီဂါရဲ့နောက်ထပ် ပွဲတစ်ပွဲပါ။နှစ်ဖက်ပရိသတ်တွေ သတ်မှတ်ထားကြတဲ့ အမည်နာမနဲ့ပတ်သက်ပြီး ကျွန်တော်သိပ်မခံစားမိပါဘူး။ကျွန်တော်ပြောနိုင်တာကတော့ ရီးရဲလ်ကလူတွေအားလုံးဟာလည်း အက်သလက်လို အလုပ်တွေအများကြီး လုပ်နေကြတယ်ဆိုတာပါပဲ။လူတွေပြောနေကြတဲ့ ရီးရဲလ်ကချမ်းသာတဲ့ကလပ်၊အက်သလက်က အလုပ်သမားလူတန်းစားကလပ်ဆိုတဲ့အပေါ်မှာလည်း ကျွန်တော်အပြောင်းအလဲမလုပ်လိုပါဘူး။ကျွန်တော့်အလုပ်ကတော့ သူတို့ကစားသမားတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူချင်နေတဲ့ပရိသတ်တွေဆန္ဒကို ဖြည့်ဆီးပေးဖို့ပါပဲ ”လို့ ပြင်သစ်သားနည်းပြက Marca သတင်းစာကို ဖွင့်ဟခဲ့ပါတယ်။ဒါ့အပြင် မက်ဒရစ်ဒါဘီဟာ ပြိုင်ဆိုင်မှုပြင်းထန်သလို ကွင်းတွင်းကွင်းပြင်တင်းမာမှုတွေရှိခဲ့ဖူးပေမယ့် သူ့အနေနဲ့တော့ လာလီဂါပွဲစဉ်တစ်ပွဲလို့သာမှတ်ယူထားကြောင်း၊ဒါပေမဲ့ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာ သေချာကြောင်း၊ဒီပွဲကို အနိုင်ရချင်ကြောင်း ပြောဆိုသွားပါတယ်။အဲဒီပွဲမှာ တိုက်စစ်မှူးရိုဒရီဂို ဒဏ်ရာကြောင့် ကစားနိုင်ဖို့ မသေချာပေမယ့် ယူရိုသန်း ၁၀၀တန်တိုက်စစ်မှူးဟာဇက် ပွဲထွက်လာဖို့ရှိနေတယ်လို့ သိရပါတယ်။