
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
တိုက်စစ်မှူး ရော်နယ်ဒိုဟာ နောက်ဆုံးတော့ မန်ယူအသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီ ဖြစ်ပြီး စာချုပ် ချုပ်ဆိုပြီးနောက် လူတွေက သူ့ရဲ့ အသက်အရွယ် အကြောင်းကို ပြောကြပေမယ့် သူက အခြားသူတွေနဲ့ ခြားနားတာကို သိသင့်တယ်လို့ဆိုပါတယ်။
ရော်နယ်ဒိုဟာ (၂၀၀၃) ခုနှစ် နှင့် (၂၀၀၉) ခုနှစ်ကြားမှာ မန်ယူအသင်းအတွက် ကစားခဲ့စဥ်က အောင်မြင်မှုတွေ ရရှိခဲ့ပြီး အခု ဒုတိယ အကြိမ် မန်ယူအသင်းကို ပြန်ရောက်လာချိန်မှာလည်းပဲ အောင်မြင်မှုတွေ ရရှိဖို့ စိတ်ပြင်းပြနေတာပါ။
ရော်နယ်ဒိုဟာ နည်းပြ ဆိုးလ်ရှားရဲ့ ဘေးမှာ ထိုင်ပြီး မန်ယူအသင်းနဲ့ (၂) နှစ်ကြာ စာချုပ်ကို လက်မှတ်ထိုးချုပ်ဆိုခဲ့ပြီဖြစ်လို့ ဒီအပတ် စနေနေ့ည မန်ယူ နဲ့ နယူးကာဆယ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဥ်မှာ ပွဲထွက် ကစားနိုင်ပါတယ်။
ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ စာချုပ် ချုပ်ဆိုပြီးနောက် မန်ယူအသင်းကို ပြန်ရောက်လာတာဟာ နိုင်ပွဲ ရရှိဖို့ နဲ့ သမိုင်း ရေးထိုးဖို့ ဖြစ်တယ်လို့ ပြောပြီး သူ့ရဲ့ အသက် (၃၆) နှစ်ကို ဝေဖန်ကြတဲ့ သူတွေကိုလည်း သတိပေးစကား ပြောခဲ့ပါတယ်။
မန်ယူသတင်း မီဒီယာမှာ ရော်နယ်ဒိုက “ဒီနေရာကို ပြန်လာနိုင်လို့ ကျွန်တော် အလွန် ပျော်တယ်။
ကျွန်တော် ပြန်လာရမယ်လို့ တစ်ခါမှ မတွေးခဲ့ပေမယ့် ကျွန်တော် ဂုဏ်ယူပြီး အရမ်း စိတ်လှုပ်ရှားတယ်။
အကောင်းဆုံး ပုံစံနဲ့ စတင်ချင်ပါတယ်´´ “ကျွန်တော် အလွန် ပျော်ပါတယ်။
ကျွန်တော့်ရဲ့မိသားစုရော ကလေးတွေရော လူတိုင်း ပျော်ကြပါတယ်။
ကျွန်တော် ဒီကို အသက် (၁၈) နှစ်မှာ ရွိုင်ကိန်း၊ စခိုးလ်၊ နဗီးလ်တို့နဲ့ ရောက်လာတုန်းက ကောင်းမွန်တဲ့ အမှတ်တရတွေ ရရှိခဲ့ပါတယ်´´
“လူငယ် ကစားသမားတွေက ကြီးမားတဲ့ အလား အလာကောင်းတွေ ရှိပြီး ကျွန်တော် ဒီမှာ နိုင်ပွဲ ရရှိဖို့ နဲ့ သမိုင်းရေးထိုးဖို့ နောက်ထပ် ရှိနေမှာပါ။
ဒီမှာ နိုင်ပွဲ ရဖို့ ရှိနေမှာပါ။ လူတွေက ကျွန်တော့်အသက်အရွယ်အကြောင်းကို ပြောကြတယ်။´´
“ဒါပေမယ့် ကျွန်တော်က အခြားသူတွေနဲ့ မတူတာကို သူတို့ သိသင့်ပါတယ်။
ကျွန်တော် ဒီဟာကို အချိန်တိုင်း ပြသခဲ့တယ်။ တစ်နှစ်ပြီး တစ်နှစ် ပြသခဲ့တယ်။
ဒီနှစ်မှာလည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်´´လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
zawgyi
“လူေတြ ကြၽန္ေတာ့္အသက္အ႐ြယ္အေၾကာင္း ေျပာၾကေပမယ့္ ကြၽန္ေတာ္က အျခားသူေတြနဲ႔ မတူတာကို သူတို႔ သိသင့္တယ္´´ – ေရာ္နယ္ဒို
တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ေနာက္ဆုံးေတာ့ မန္ယူအသင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီ ျဖစ္ၿပီး စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ လူေတြက သူ႔ရဲ႕ အသက္အ႐ြယ္ အေၾကာင္းကို ေျပာၾကေပမယ့္ သူက အျခားသူေတြနဲ႔ ျခားနားတာကို သိသင့္တယ္လို႔ဆိုပါတယ္။
ေရာ္နယ္ဒိုဟာ (၂၀၀၃) ခုႏွစ္ ႏွင့္ (၂၀၀၉) ခုႏွစ္ၾကားမွာ မန္ယူအသင္းအတြက္ ကစားခဲ့စဥ္က ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီး အခု ဒုတိယ အႀကိမ္ မန္ယူအသင္းကို ျပန္ေရာက္လာခ်ိန္မွာလည္းပဲ ေအာင္ျမင္မႈေတြ ရရွိဖို႔ စိတ္ျပင္းျပေနတာပါ။
ေရာ္နယ္ဒိုဟာ နည္းျပ ဆိုးလ္ရွားရဲ႕ ေဘးမွာ ထိုင္ၿပီး မန္ယူအသင္းနဲ႔ (၂) ႏွစ္ၾကာ စာခ်ဳပ္ကို လက္မွတ္ထိုးခ်ဳပ္ဆိုခဲ့ၿပီျဖစ္လို႔ ဒီအပတ္ စေနေန႔ည မန္ယူ နဲ႔ နယူးကာဆယ္ ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပြဲထြက္ ကစားႏိုင္ပါတယ္။
ေရာ္နယ္ဒိုဟာ မန္ယူအသင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ မန္ယူအသင္းကို ျပန္ေရာက္လာတာဟာ ႏိုင္ပြဲ ရရွိဖို႔ နဲ႔ သမိုင္း ေရးထိုးဖို႔ ျဖစ္တယ္လို႔ ေျပာၿပီး သူ႔ရဲ႕ အသက္ (၃၆) ႏွစ္ကို ေဝဖန္ၾကတဲ့ သူေတြကိုလည္း သတိေပးစကား ေျပာခဲ့ပါတယ္။
မန္ယူသတင္း မီဒီယာမွာ ေရာ္နယ္ဒိုက “ဒီေနရာကို ျပန္လာႏိုင္လို႔ ကြၽန္ေတာ္ အလြန္ ေပ်ာ္တယ္။ ကြၽန္ေတာ္ ျပန္လာရမယ္လို႔ တစ္ခါမွ မေတြးခဲ့ေပမယ့္ ကြၽန္ေတာ္ ဂုဏ္ယူၿပီး အရမ္း စိတ္လႈပ္ရွားတယ္။ အေကာင္းဆုံး ပုံစံနဲ႔ စတင္ခ်င္ပါတယ္´´
“ကြၽန္ေတာ္ အလြန္ ေပ်ာ္ပါတယ္။ ကြၽန္ေတာ့္ရဲ႕မိသားစုေရာ ကေလးေတြေရာ လူတိုင္း ေပ်ာ္ၾကပါတယ္။ ကြၽန္ေတာ္ ဒီကို အသက္ (၁၈) ႏွစ္မွာ ႐ြိဳင္ကိန္း၊ စခိုးလ္၊ နဗီးလ္တို႔နဲ႔ ေရာက္လာတုန္းက ေကာင္းမြန္တဲ့ အမွတ္တရေတြ ရရွိခဲ့ပါတယ္´´
“လူငယ္ ကစားသမားေတြက ႀကီးမားတဲ့ အလား အလာေကာင္းေတြ ရွိၿပီး ကြၽန္ေတာ္ ဒီမွာ ႏိုင္ပြဲ ရရွိဖို႔ နဲ႔ သမိုင္းေရးထိုးဖို႔ ေနာက္ထပ္ ရွိေနမွာပါ။ ဒီမွာ ႏိုင္ပြဲ ရဖို႔ ရွိေနမွာပါ။ လူေတြက ကြၽန္ေတာ့္အသက္အ႐ြယ္အေၾကာင္းကို ေျပာၾကတယ္။´´
“ဒါေပမယ့္ ကြၽန္ေတာ္က အျခားသူေတြနဲ႔ မတူတာကို သူတို႔ သိသင့္ပါတယ္။ ကြၽန္ေတာ္ ဒီဟာကို အခ်ိန္တိုင္း ျပသခဲ့တယ္။ တစ္ႏွစ္ၿပီး တစ္ႏွစ္ ျပသခဲ့တယ္။ ဒီႏွစ္မွာလည္း အတူတူပဲ ျဖစ္ပါလိမ့္မယ္´´လို႔ ေျပာၾကားသြားတာ ျဖစ္ပါတယ္။