လူတွေရဲ့လေးစားမှုရအောင် ဘာလုပ်ရမှန်းမသိတော့ဘူးလို့ ဘရာဇီးလ်အသင်းရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲဂိုးအများဆုံးစံချိန်ရှင် နေမာ ညီးတွား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရာဇီးလ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သူနေမာက လူတွေက သူ့ကို ရှိသင့်တဲ့လေးစားမှုမပေးကြဘူးလို့ ခံစားမိတယ်ဆိုပြီး ညည်းတွားပြောဆိုလိုက်ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူနေမာဟာ ပီရူးအသင်းကို (၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် ဘရာဇီးလ်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒို၊ ဇစ်ကို၊ ရိုမာရီယိုတို့ကိုကျော်ဖြတ်ပြီးတော့

ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်လျှောက် သွင်းဂိုး(၁၂)ဂိုးနဲ့ ဘရာဇီးလ်အသင်းအတွက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပီရူးနဲ့ပွဲမှာ နေမာ တစ်ဂိုးသွင်းယူခဲ့သလို အဖွင့်ဂိုးကို အသင်းဖော်အဲဗာတန်ဂိုးသွင်းနိုင်အောင်လည်း ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့တာပါ။

နေမာဟာ အဲဒီစံချိန်အပြင် လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားပီလီရဲ့စံချိန်ကို ချိုးဖျက်နိုင်ဖို့မျှော်လင့်ချက်ရှိနေပေမယ့် သူ့အပေါ် ဝေဖန်မှုတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။

TV Globo နဲ့ အင်တာဗျူးမှာ နေမာက “အရေးအကြီးဆုံးကတော့ ကျွန်တော်တို့အသင်းနိုင်ပွဲရရရေးပါပဲ။

ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်လျှောက် လက်ရွေးစင်အသင်းရဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့တဲ့အတွက် ကျွန်တော်ဝမ်းမြောက်မိပြီး ဒီအတိုင်းသာဆိုရင် မကြာခင်မှာ ဂိုးဖန်တီးမှုအများဆုံးစံချိန်ကိုပါ ရယူနိုင်ဖို့ရှိနေပါပြီ။

ဒါပေမဲ့ လူတွေရဲ့လေးစားမှုရဖို့တော့ ဘာလုပ်မလဲဆိုတာ ကျွန်တော်မသိတော့ပါဘူး။

အရင်ကတည်းက ကျွန်တော့ကို သတင်းထောက်တွေ၊ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေနဲ့ တခြားသောကဏ္ဍအသီးသီးကလူတွေက ဝေဖန်နေကြတာဆိုတော့ ကျွန်တော့်အတွက် သိပ်ပြီးမထူးဆန်းတော့ပါဘူး။

တစ်ခါတလေကျရင် အင်တာဗျူးတွေဖြေချင်စိတ်တောင် မရှိပါဘူး။

ဒါပေမဲ့ အရေးကြီးတဲ့အချိန်တွေဆိုရင် ကျွန်တော်အမြဲတမ်း အင်တာဗျူးဖြေပါတယ်။

ကျွန်တော်နဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်သင့်လဲဆိုတာ ခင်ဗျားတို့(သတင်းထောက်များကိုဆိုလို)ကိုပဲ တာဝန်ပေးလိုက်ပါပြီ”လို့ပြောကြားခဲ့ပါတယ်။

နေမာဟာ အခုလက်ရှိအချိန်အထိ ဘရာဇီးလ်အသင်းအတွက် (၆၉)ဂိုးသွင်းထားပြီး ဂန္ထဝင်ကစားသမားကြီးပီလီရဲ့သွင်းဂိုးအရေအတွက်ထက် (၈)ဂိုးသာနည်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် နေမာရဲ့လက်ရွေးစင်ကစားသမားဘဝ စုစုပေါင်းပွဲအရေအတွက်က (၁၁၃)ပွဲရှိလာပြီဖြစ်လို့ ပွဲအများဆုံးကစားခဲ့သူစာရင်းမှာလည်း ကာဖူး(၁၄၂ပွဲ)ကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူေတြရဲ႕ေလးစားမႈရေအာင္ ဘာလုပ္ရမွန္းမသိေတာ့ဘူးလို႔ ဘရာဇီးလ္အသင္းရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲဂိုးအမ်ားဆုံးစံခ်ိန္ရွင္ ေနမာ ညီးတြား

ဘရာဇီးလ္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့သူေနမာက လူေတြက သူ႔ကို ရွိသင့္တဲ့ေလးစားမႈမေပးၾကဘူးလို႔ ခံစားမိတယ္ဆိုၿပီး ညည္းတြားေျပာဆိုလိုက္ပါတယ္။ အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူေနမာဟာ ပီ႐ူးအသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲမွာ တစ္ဂိုးသြင္းယူခဲ့ၿပီး အခုဆိုရင္ ဘရာဇီးလ္ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ ေရာ္နယ္လ္ဒို၊ ဇစ္ကို၊ ႐ိုမာရီယိုတို႔ကိုေက်ာ္ျဖတ္ၿပီးေတာ့ ကမာၻ႔ဖလားေျခစစ္ပြဲတစ္ေလွ်ာက္ သြင္းဂိုး(၁၂)ဂိုးနဲ႔ ဘရာဇီးလ္အသင္းအတြက္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပီ႐ူးနဲ႔ပြဲမွာ ေနမာ တစ္ဂိုးသြင္းယူခဲ့သလို အဖြင့္ဂိုးကို အသင္းေဖာ္အဲဗာတန္ဂိုးသြင္းႏိုင္ေအာင္လည္း ဂိုးဖန္တီးမႈျပဳလုပ္ေပးခဲ့တာပါ။ ေနမာဟာ အဲဒီစံခ်ိန္အျပင္ လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားပီလီရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနေပမယ့္ သူ႔အေပၚ ေဝဖန္မႈေတြကေတာ့ ဆက္လက္ရွိေနဆဲပါပဲ။

TV Globo နဲ႔ အင္တာဗ်ဴးမွာ ေနမာက “အေရးအႀကီးဆုံးကေတာ့ ကြၽန္ေတာ္တို႔အသင္းႏိုင္ပြဲရရေရးပါပဲ။ ကမာၻ႔ဖလားေျခစစ္ပြဲတစ္ေလွ်ာက္ လက္ေ႐ြးစင္အသင္းရဲ႕သြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္ခဲ့တဲ့အတြက္ ကြၽန္ေတာ္ဝမ္းေျမာက္မိၿပီး ဒီအတိုင္းသာဆိုရင္ မၾကာခင္မွာ ဂိုးဖန္တီးမႈအမ်ားဆုံးစံခ်ိန္ကိုပါ ရယူႏိုင္ဖို႔ရွိေနပါၿပီ။ ဒါေပမဲ့ လူေတြရဲ႕ေလးစားမႈရဖို႔ေတာ့ ဘာလုပ္မလဲဆိုတာ ကြၽန္ေတာ္မသိေတာ့ပါဘူး။ အရင္ကတည္းက ကြၽန္ေတာ့ကို သတင္းေထာက္ေတြ၊ ေဘာလုံးပြဲေဝဖန္သုံးသပ္သူေတြနဲ႔ တျခားေသာက႑အသီးသီးကလူေတြက ေဝဖန္ေနၾကတာဆိုေတာ့ ကြၽန္ေတာ့္အတြက္ သိပ္ၿပီးမထူးဆန္းေတာ့ပါဘူး။

တစ္ခါတေလက်ရင္ အင္တာဗ်ဴးေတြေျဖခ်င္စိတ္ေတာင္ မရွိပါဘူး။ ဒါေပမဲ့ အေရးႀကီးတဲ့အခ်ိန္ေတြဆိုရင္ ကြၽန္ေတာ္အၿမဲတမ္း အင္တာဗ်ဴးေျဖပါတယ္။ ကြၽန္ေတာ္နဲ႔ပတ္သက္ၿပီး ဘယ္လိုသုံးသပ္သင့္လဲဆိုတာ ခင္ဗ်ားတို႔(သတင္းေထာက္မ်ားကိုဆိုလို)ကိုပဲ တာဝန္ေပးလိုက္ပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။ ေနမာဟာ အခုလက္ရွိအခ်ိန္အထိ ဘရာဇီးလ္အသင္းအတြက္ (၆၉)ဂိုးသြင္းထားၿပီး ဂႏၴဝင္ကစားသမားႀကီးပီလီရဲ႕သြင္းဂိုးအေရအတြက္ထက္ (၈)ဂိုးသာနည္းေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ေနမာရဲ႕လက္ေ႐ြးစင္ကစားသမားဘဝ စုစုေပါင္းပြဲအေရအတြက္က (၁၁၃)ပြဲရွိလာၿပီျဖစ္လို႔ ပြဲအမ်ားဆုံးကစားခဲ့သူစာရင္းမွာလည္း ကာဖူး(၁၄၂ပြဲ)ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အခြင့္အေရးရွိေနပါၿပီ။