လူတစ်ရပ်နီးပါးလောက်ရှိတဲ့ ချန်ပီယံဆုဖလားကြီး ကိုင်မြှောက်ခွင့်ရခဲ့တဲ့ ကာဒစ်ဇ်အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပိန်ကလပ်ကာဒစ်ဇ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲဖလားပြိုင်ပွဲဖြစ်တဲ့ Ramon de Carranza ပွဲစဉ်မှာ လာလီဂါချန်ပီယံအက်သလက်တီကိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရဗိုလ်စွဲခဲ့ပြီး

ဒါက ရာသီကြိုခြေစမ်းပွဲအဆင့်သာရှိလို့ ကာဒစ်ဇ်အသင်းရဲ့အောင်ပွဲက သိပ်စိတ်ဝင်စားဖို့မကောင်းခဲ့ပေမယ့် ပရိသတ်တွေ အံ့အားတကြီးဖြစ်ခဲ့ရတာက အဲဒီဆုဖလားအရွယ်အစားပဲဖြစ်ပါတယ်။

ကာဒစ်ဇ်နဲ့ အက်သလက်တီကိုတို့ပွဲ ပထမပိုင်း(၄၁)မိနစ်မှာ အက်သလက်တီကိုအသင်းအတွက် ကာရက်စ်ကိုက အဖွင့်ဂိုးသွင်းခဲ့ပေမယ့် ကာဒစ်ဇ်အသင်းကစားသမား အယ်လ်ဘာတိုပါရဲရားက

ပွဲပြီးဖို့မိနစ်ပိုင်းအလိုမှာပဲ ချေပဂိုးပြန်သွင်းခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်တစ်ခါတည်းကန်သွင်းခဲ့ပြီး ကာဒစ်ဇ်က (၄-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ပွဲအပြီး ဖလားချီးမြှင့်တဲ့အချိန်မှာတော့ ဆုဖလားအရွယ်အစားက လူတစ်ရပ်လောက်နီးပါးအထိရှိခဲ့တာကြောင့် ကာဒစ်ဇ်ကစားသမားနှစ်ဦးက သူတို့ရဲ့လက်နှစ်ဖက်နဲ့ကိုင်မြှောက်ပြီးတော့ အောင်ပွဲခံခဲ့ရတဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေ စနောက်ချင်စရာဖြစ်ခဲ့ရတာပါ။

Twitter မှာ ပရိသတ်တစ်ဦးက “ဒီလိုဖလားပွဲမျိုးမှာ အနိုင်ရတဲ့အသင်းက အသင်းခေါင်းဆောင်ဟာ သူ ကိုင်မြှောက်ရမယ့်ဖလားအရွယ်အစားကို မြင်လိုက်ရချိန်မှာ ဘယ်လိုမျိုးခံစားရမလဲဆိုတာ တွေးကြည့်လိုက်စမ်းပါ”လို့ ရေးသားခဲ့သလို

နောက်တစ်ဦးကလည်း မဆီမဆိုင် ပရီးမီးယားလိဂ်က စပါးအသင်းကို ဝင်ဆော်ခဲ့ပြီး “ဒီဖလားက စပါးအသင်းရဲ့ ဆုဖလားဗီရိုထက်တောင် ပိုကြီးနေပါလား”လို့ ရယ်စရာကောင်းအောင် ရေးသားခဲ့ပါတယ်။

Ramon de Carranza ပြိုင်ပွဲကို ၁၉၅၅ ခုနှစ်ကတည်းက ရာသီကြိုဖလားပွဲစဉ်အဖြစ် ကာဒစ်ဇ်မြို့ကောင်စီက ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ထင်ရှားတဲ့မြို့တော်ဝန်ဟောင်း ရာမွန်ဒီကာရန်ဇာကို ဂုဏ်ပြုတဲ့အနေနဲ့

သူ့နာမည်အတိုင်း သတ်မှတ်ခဲ့တာဖြစ်တဲ့အပြင် ကာဒစ်ဇ်အသင်းရဲ့အိမ်ကွင်းကိုလည်း အဲဒီအတိုင်းပဲ နာမည်ပေးထားတာပါ။

ကာဒစ်ဇ်အသင်းပရိသတ်တွေကတော့ ဒီဖလားကြီးကို ပြန်သယ်တဲ့အခါ ကစားသမားတွေ ထိခိုက်ဒဏ်ရာရတာမျိုးမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေလောက်ပါပြီ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူတစ္ရပ္နီးပါးေလာက္ရွိတဲ့ ခ်န္ပီယံဆုဖလားႀကီး ကိုင္ေျမႇာက္ခြင့္ရခဲ့တဲ့ ကာဒစ္ဇ္အသင္း

စပိန္ကလပ္ကာဒစ္ဇ္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲဖလားၿပိဳင္ပြဲျဖစ္တဲ့ Ramon de Carranza ပြဲစဥ္မွာ လာလီဂါခ်န္ပီယံအက္သလက္တီကိုအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရဗိုလ္စြဲခဲ့ၿပီး ဒါက ရာသီႀကိဳေျခစမ္းပြဲအဆင့္သာရွိလို႔ ကာဒစ္ဇ္အသင္းရဲ႕ေအာင္ပြဲက သိပ္စိတ္ဝင္စားဖို႔မေကာင္းခဲ့ေပမယ့္ ပရိသတ္ေတြ အံ့အားတႀကီးျဖစ္ခဲ့ရတာက အဲဒီဆုဖလားအ႐ြယ္အစားပဲျဖစ္ပါတယ္။

ကာဒစ္ဇ္နဲ႔ အက္သလက္တီကိုတို႔ပြဲ ပထမပိုင္း(၄၁)မိနစ္မွာ အက္သလက္တီကိုအသင္းအတြက္ ကာရက္စ္ကိုက အဖြင့္ဂိုးသြင္းခဲ့ေပမယ့္ ကာဒစ္ဇ္အသင္းကစားသမား အယ္လ္ဘာတိုပါရဲရားက ပြဲၿပီးဖို႔မိနစ္ပိုင္းအလိုမွာပဲ ေခ်ပဂိုးျပန္သြင္းခဲ့လို႔ ပယ္နယ္တီအဆုံးအျဖတ္တစ္ခါတည္းကန္သြင္းခဲ့ၿပီး ကာဒစ္ဇ္က (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ ပြဲအၿပီး ဖလားခ်ီးျမႇင့္တဲ့အခ်ိန္မွာေတာ့ ဆုဖလားအ႐ြယ္အစားက လူတစ္ရပ္ေလာက္နီးပါးအထိရွိခဲ့တာေၾကာင့္ ကာဒစ္ဇ္ကစားသမားႏွစ္ဦးက သူတို႔ရဲ႕လက္ႏွစ္ဖက္နဲ႔ကိုင္ေျမႇာက္ၿပီးေတာ့ ေအာင္ပြဲခံခဲ့ရတဲ့အတြက္ လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြ စေနာက္ခ်င္စရာျဖစ္ခဲ့ရတာပါ။

Twitter မွာ ပရိသတ္တစ္ဦးက “ဒီလိုဖလားပြဲမ်ိဳးမွာ အႏိုင္ရတဲ့အသင္းက အသင္းေခါင္းေဆာင္ဟာ သူ ကိုင္ေျမႇာက္ရမယ့္ဖလားအ႐ြယ္အစားကို ျမင္လိုက္ရခ်ိန္မွာ ဘယ္လိုမ်ိဳးခံစားရမလဲဆိုတာ ေတြးၾကည့္လိုက္စမ္းပါ”လို႔ ေရးသားခဲ့သလို ေနာက္တစ္ဦးကလည္း မဆီမဆိုင္ ပရီးမီးယားလိဂ္က စပါးအသင္းကို ဝင္ေဆာ္ခဲ့ၿပီး “ဒီဖလားက စပါးအသင္းရဲ႕ ဆုဖလားဗီ႐ိုထက္ေတာင္ ပိုႀကီးေနပါလား”လို႔ ရယ္စရာေကာင္းေအာင္ ေရးသားခဲ့ပါတယ္။

Ramon de Carranza ၿပိဳင္ပြဲကို ၁၉၅၅ ခုႏွစ္ကတည္းက ရာသီႀကိဳဖလားပြဲစဥ္အျဖစ္ ကာဒစ္ဇ္ၿမိဳ႕ေကာင္စီက ဦးစီးက်င္းပခဲ့တာျဖစ္ၿပီး ထင္ရွားတဲ့ၿမိဳ႕ေတာ္ဝန္ေဟာင္း ရာမြန္ဒီကာရန္ဇာကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူ႔နာမည္အတိုင္း သတ္မွတ္ခဲ့တာျဖစ္တဲ့အျပင္ ကာဒစ္ဇ္အသင္းရဲ႕အိမ္ကြင္းကိုလည္း အဲဒီအတိုင္းပဲ နာမည္ေပးထားတာပါ။ ကာဒစ္ဇ္အသင္းပရိသတ္ေတြကေတာ့ ဒီဖလားႀကီးကို ျပန္သယ္တဲ့အခါ ကစားသမားေတြ ထိခိုက္ဒဏ္ရာရတာမ်ိဳးမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းေနေလာက္ပါၿပီ . .