လူစုံတက္စုံနဲ႔ ၾသစေၾတးလ်ေျမကို ေရာက္လာတဲ့ယူႏိုက္တက္

Photo Credit

Photo Credit ; FAITH MORAN/MEGA

ယူႏိုက္တက္အသင္းဟာ ၾသစေၾတးလ်၊ တ႐ုတ္နဲ႔ စင္ကာပူႏုိင္ငံေတြမွာ ကစားမယ့္ ရာသီႀကိဳေျခစမ္းပြဲစဥ္ရဲ႕အစိတ္အပိုင္းတစ္ရပ္အျဖစ္ ၿပီးခဲ့တဲ့တနလၤာေန႔က ၾသစေၾတးလ်ႏိုင္ငံ၊ ပါ့သ္ၿမိဳ႕ကို ေရာက္ရွိလာေၾကာင္း သိရပါတယ္။ နည္းျပဆုိးလ္ရွားဦးေဆာင္တဲ့ ယူႏုိက္တက္အသင္းဟာ တနဂၤေႏြေန႔က မန္ခ်က္စတာကေန ထြက္လာၿပီးေနာက္ ၁၉နာရီၾကာ ေလယာဥ္ခရီးႏွင္ခဲ့ၿပီး ယခုေႏြရာသီအတြင္း အသင္းေျပာင္းေရႊ႕ဖို႔ သတင္ေတြထြက္ေပၚေနတဲ့ကြင္းလယ္လူ ေပါ့ဂ္ဘာကလည္း headphones တပ္ကာ သီခ်င္းနားေထာင္ရင္း ယူႏုိက္တက္အသင္း တည္းခိုမယ့္ ခေရာင္းတာ၀ါဟုိတယ္ထဲ၀င္သြားပါတယ္။

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္နဲ႔ ရီးရဲလ္တုိ႔ရဲ႕စိတ္၀င္စားျခင္းခံေနရတဲ့ ေပါ့ဂ္ဘာတစ္ေယာက္ အသင္းကေန ထြက္ခြာဖုိ႔ ဆႏၵျပင္းျပေနတယ္လုိ႔ ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာက အတည္ျပဳခ့ဲၿပီးေနာက္ ေလ့က်င့္ခန္းဆင္းဖို႔ အသင္းကို ေပါင္ ၈၉သန္းတန္ ကြင္းလယ္လူေပါ့ဂ္ဘာ သတင္းပို႔ပါ့မလားလုိ႔ အသင္းတာ၀န္ရွိသူေတြ စုိးရိမ္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္ကတည္းက အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနခဲ့တဲ့ ယူႏုိက္တက္အသင္းသားေတြကလည္း အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ ေပါ့ဂ္ဘာ ပါ၀င္လာဖို႔ မေသခ်ာဘူးလုိ႔ ထင္မွတ္ခဲ့ၾကပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ယူႏုိက္တက္က ေပါ့ဂ္ဘာအေနနဲ႔ အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္မွာ အသင္းနဲ႔အတူ လုိက္ပါလိမ့္မယ္လုိ႔ တနဂၤေႏြေန႔အေစာပိုင္းက အတည္ျပဳခဲ့ၿပီး ယခုတစ္ပတ္အတြင္း ပါ့သ္ၿမိဳ႕မွာ ေလ့က်င့္ခန္းဆင္းရင္ နည္းျပဆုိးလ္ရွားလည္း ေပါ့ဂ္ဘာနဲ႔ ေဆြးေႏြးဖြယ္ရွိေနပါတယ္။ အင္တာမီလန္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ တုိက္စစ္မွဴး လူကာကူလည္း ဒီခရီးမွာ အသင္းနဲ႔အတူ လုိက္ပါလာပါတယ္။

Photo Credit ; Getty Images

ကြင္းလယ္လူ ဖရက္ဒ္နဲ႔ ေနာက္ခံလူ ဒါမီယန္တုိ႔ကေတာ့ မိသားစုကိစၥေတြေၾကာင့္ ေနာက္ပိုင္းေရာက္မွ အသင္းနဲ႔လာေရာက္ပူးေပါင္းမွာျဖစ္ၿပီး ပဲေလ့စ္ကေန ေပါင္သန္း ၅၀နဲ႔ ေရာက္ရွိလာတဲ့ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာလည္း လုိက္ပါလာပါတယ္။ ယူႏုိက္တက္အသင္းမွာ လင္ဂတ္၊ မာရွယ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔လည္း လုိက္ပါလာၿပီး မာတစ္အပါအ၀င္ အသင္းသားအမ်ားစုက ဟုိတယ္မွာ ခဏ၀င္နားၿပီးေနာက္ အနီးပတ္၀န္းက်င္ကို လုိက္လံေလ့လာခဲ့ပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ရဲ႕ရာသီႀကိဳေျခစမ္းပြဲစဥ္မ်ား
ဇူလိုင္ ၁၃၊ ပါ့သ္ဂလုိရီ(ပါ့သ္)
ဇူလုိင္ ၁၇၊ လိဒ္(ပါ့သ္)
ဇူလုိင္ ၂၀၊ အင္တာမီလန္(စင္ကာပူ၊ အင္တာေနရွင္နယ္ခ်န္ပီယံဖလား)
ဇူလုိင္ ၂၅၊ စပါး(ရွန္ဟိုင္း၊ အင္တာေနရွင္နယ္ခ်န္ပီယံဖလား)
ဇူလုိင္ ၃၀၊ ကရစၥတီယန္ဆန္း(ေအာ္စလုိ)
ၾသဂုတ္ ၃၊ ေအစီမီလန္(ေ၀းလ္၊ အင္တာေနရွင္နယ္ခ်န္ပီယံဖလား)

Photo Credit ; Getty Images

Unicode

လူစုံတက်စုံနဲ့ သြစတြေးလျမြေကို ရောက်လာတဲ့ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ သြစတြေးလျ၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေမှာ ကစားမယ့် ရာသီကြိုခြေစမ်းပွဲစဉ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြီးခဲ့တဲ့တနင်္လာနေ့က သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့ကို ရောက်ရှိလာကြောင်း သိရပါတယ်။ နည်းပြဆိုးလ်ရှားဦးဆောင်တဲ့ ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာကနေ ထွက်လာပြီးနောက် ၁၉နာရီကြာ လေယာဉ်ခရီးနှင်ခဲ့ပြီး ယခုနွေရာသီအတွင်း အသင်းပြောင်းရွှေ့ဖို့ သတင်တွေထွက်ပေါ်နေတဲ့ကွင်းလယ်လူ ပေါ့ဂ်ဘာကလည်း headphones တပ်ကာ သီချင်းနားထောင်ရင်း ယူနိုက်တက်အသင်း တည်းခိုမယ့် ခရောင်းတာဝါဟိုတယ်ထဲဝင်သွားပါတယ်။
ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်တို့ရဲ့စိတ်ဝင်စားခြင်းခံနေရတဲ့ ပေါ့ဂ်ဘာတစ်ယောက် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြနေတယ်လို့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက အတည်ပြုခဲ့ပြီးနောက် လေ့ကျင့်ခန်းဆင်းဖို့ အသင်းကို ပေါင် ၈၉သန်းတန် ကွင်းလယ်လူပေါ့ဂ်ဘာ သတင်းပို့ပါ့မလားလို့ အသင်းတာဝန်ရှိသူတွေ စိုးရိမ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေကလည်း အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ပေါ့ဂ်ဘာ ပါဝင်လာဖို့ မသေချာဘူးလို့ ထင်မှတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ယူနိုက်တက်က ပေါ့ဂ်ဘာအနေနဲ့ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ အသင်းနဲ့အတူ လိုက်ပါလိမ့်မယ်လို့ တနင်္ဂနွေနေ့အစောပိုင်းက အတည်ပြုခဲ့ပြီး ယခုတစ်ပတ်အတွင်း ပါ့သ်မြို့မှာ လေ့ကျင့်ခန်းဆင်းရင် နည်းပြဆိုးလ်ရှားလည်း ပေါ့ဂ်ဘာနဲ့ ဆွေးနွေးဖွယ်ရှိနေပါတယ်။ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ တိုက်စစ်မှူး လူကာကူလည်း ဒီခရီးမှာ အသင်းနဲ့အတူ လိုက်ပါလာပါတယ်။
ကွင်းလယ်လူ ဖရက်ဒ်နဲ့ နောက်ခံလူ ဒါမီယန်တို့ကတော့ မိသားစုကိစ္စတွေကြောင့် နောက်ပိုင်းရောက်မှ အသင်းနဲ့လာရောက်ပူးပေါင်းမှာဖြစ်ပြီး ပဲလေ့စ်ကနေ ပေါင်သန်း ၅၀နဲ့ ရောက်ရှိလာတဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာလည်း လိုက်ပါလာပါတယ်။ ယူနိုက်တက်အသင်းမှာ လင်ဂတ်၊ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့လည်း လိုက်ပါလာပြီး မာတစ်အပါအဝင် အသင်းသားအများစုက ဟိုတယ်မှာ ခဏဝင်နားပြီးနောက် အနီးပတ်ဝန်းကျင်ကို လိုက်လံလေ့လာခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ရာသီကြိုခြေစမ်းပွဲစဉ်များ
ဇူလိုင် ၁၃၊ ပါ့သ်ဂလိုရီ(ပါ့သ်)
ဇူလိုင် ၁၇၊ လိဒ်(ပါ့သ်)
ဇူလိုင် ၂၀၊ အင်တာမီလန်(စင်ကာပူ၊ အင်တာနေရှင်နယ်ချန်ပီယံဖလား)
ဇူလိုင် ၂၅၊ စပါး(ရှန်ဟိုင်း၊ အင်တာနေရှင်နယ်ချန်ပီယံဖလား)
ဇူလိုင် ၃၀၊ ကရစ္စတီယန်ဆန်း(အော်စလို)
သြဂုတ် ၃၊ အေစီမီလန်(ဝေးလ်၊ အင်တာနေရှင်နယ်ချန်ပီယံဖလား)