
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အသက်၃၂နှစ်ရှိအာဆင်နယ်စတားဟောင်းအိုဇေးလ်ဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကကာဆမ်ပါဆာအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အရန်စာရင်းထဲမှာထည့်သွင်းခြင်းခံခဲ့ရပါတယ်။
သူဟာနေမကောင်းမှုကြောင့်ကြားရက်တုန်းကအိုလံပီယာကို့စ်အားရှုံးနိမ့်တဲ့ယူရိုပါလိဂ်ပွဲစဉ်ကိုလည်းလွဲချော်ခဲ့ရာကာဆမ်ပါဆာနှင့်ပွဲတွင်ပွဲထွက်လာမယ်လို့ယူဆခြင်းခံထားခဲ့ရပါတယ်။
အိုဇေးလ်ဟာအရန်ခုံတွင်ထိုင်နေခဲ့ရမှုကြောင့်ဖီနာဘာချီနည်းပြဗစ်တာပီရဲရာအား အင်္ကျီဖြင့်ပစ်ပေါက်ခဲ့ကြောင်းသိရပါတယ်။
သူဟာဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါးသွေးပူလေ့ကျင့်ခန်းပြုလုပ်နေခဲ့ရပေမယ့်လည်း လူစားဝင်ရောက်ကစားရန်ဆင့်ခေါ်ခြင်းမခံခဲ့ရတာပါ။
ဒါကြောင့်လည်းအိုဇေးလ်ဟာအကြီးအကျယ်ဒေါသထွက်ကာပွဲပြီးချိန်တွင်အရန်အသင်းအပြင်အင်္ကျီကိုနည်းပြရှိရာဆီဦးတည်ပစ်ပေါက်ခဲ့ပါတယ်။
ဒါပေမယ့်ဖီနာဘာချီဥက္ကဌအလီကော့စ်ကတော့နည်းပြနှင့်အိုဇေးလ်အကြားတွင်မည်သည့်ပြဿနာမျှမရှိကြောင်းငြင်းဆိုထားပါတယ်။
အာဆင်နယ်အသင်းကနေ ဖီနာဘာချီကို ပြောင်းရွှေ့ခဲ့သူ ဂျာမန်နာမည်ကျော်ကွင်းလယ်လူအိုဇေးလ်ဟာ အသင်းမှာ (၉)လဝန်းကျင်လောက်သာကစားရသေးပေမယ့် မပျော်မရွှင်ဖြစ်နေပြီး ဖီနာဘာချီနဲ့လမ်းခွဲဖို့ဆန္ဒရှိနေတယ်လို့ သတင်းထွက်ထားပါသေးတယ်။
အိုဇေးလ်နဲ့ဖီနာဘာချီအသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက (၃)နှစ်အထိကျန်ရှိနေသေးပေမယ့် ကစားသမားက အသင်းပြောင်းရွှေ့ဖို့ဆန္ဒရှိနေတယ်လို့
သတင်းထွက်ထားတာပါ။
ဒါပေမယ့် အိုဇေးလ်ရဲ့အေးဂျင့်ကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့သလို အိုဇေးလ်ဟာ ဖီနာဘာချီအသင်းမှာပျော်ရွှင်နေပြီဖြစ်ပြီး အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားဖို့ဆုံးဖြတ်ထားတယ်လို့ ပြောဆိုထားပါသေးတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လူစားဝင်မကစားရလို့ နည်းပြကို အင်္ကျီနဲ့ ပစ်ပေါက်ခဲ့တဲ့ အိုဇေးလ်
သတင်းထွက်ထားတာပါ။