

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ အတ္တလန္တာနဲ့ ပွဲမှာလူစားလဲဖို့ အဆင်သင့်မဖြစ်ခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းကို ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။ ပွဲချိန်မိနစ် ၄၀ အကျော်မှာ ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့တဲ့ ကွင်းလယ်လူ ရိုဒရီဟာ တံကောက်ကြောဒဏ်ရာ ရသွားတာပါ။
ဒါကြောင့် ရိုဒီရီဟာ ကွင်းဘေးကိုထွက်လာခဲ့ရလို့ သူ့ကို ဂျွန်စတုန်းနဲ့လူစားလဲဖို့ ဂွာဒီယိုလာကပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအင်္ဂလန်သားဟာ လူစားဝင်ဖို့ အဆင်သင့်မဖြစ်ခဲ့ဘဲ အရန်ခုံတန်းမှာဘဲ ရှိနေပြီး ညှို့သကျည်းကာရော ခြေစွပ်ကိုပါ ချွတ်ထားခဲ့တာပါ။

ဒါကြောင့် ဂွာဒီယိုလာက ဒေါသထွက်ပြီး သူထိုင်နေတဲ့နေရာအထိ တက်ခေါ်ကာ အနားမှာရှိတဲ့ ခုံတစ်ခုကို လက်နဲ့ရိုက်ခဲ့တဲ့ အထိဖြစ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်ရှိတဲ့ စတုန်းဟာ လူစားဝင်ဖို့ အချိန်ယူခဲ့ရလို့ ကွင်းထဲမှာ အပြောင်းအလဲ ဖြစ်သွားမှာကို ဂွာဒီယိုလာက စိုးရိမ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂျွန်စတုန်းက”ကျွန်တော်က အပေါ်နားမှာထိုင်နေလို့ အဆင်သင့်ဖြစ်ဖို့အတွက် လုပ်ရပါသေးတယ်။ အချိန်ကလည်း သိပ်မကျန်တော့တဲ့အတွက် သူ(ဂွာဒီယိုလာ) ဒေါသထွက်ခဲ့တာဖြစ်မှာပါ”လို့ပြောသွားပါတယ်။ စတုန်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က လေ့ကျင့်ရေးကွင်းမှာမျက်လုံးကိုထိခိုက်ခဲ့တဲ့ ဒဏ်ရာ ရခဲ့သေးတာပါ။

ဒီပွဲမှာ မန်စီးတီးအတွက် ဂိုးတွေကို အဂူရိုက ၂ ဂိုးနဲ့ စတာလင်းက ဟက်ထရစ် သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ အတ္တလန္တာ ကတော့အစောပိုင်းမှာ ပင်နယ်တီရခဲ့တာသာရှိခဲ့ပြီး ကျန်တဲ့အချိန်တွေမှာ ဘာမှမတတ်နိုင်ခဲ့လို့ ပွဲအပြီးမှာ ၅-၁ နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Zawgyi
လူစားလဲ ဖို႔အဆင္သင့္မျဖစ္ခဲ့တဲ႔ ဂၽြန္စတုန္းကို ဂြာဒီယိုလာေဒါသထြက္ေန
မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာဟာ အတၱလႏၱာနဲ႔ ပြဲမွာလူစားလဲဖို႔ အဆင္သင့္မျဖစ္ခဲ့တဲ႔ ေနာက္ခံလူ ဂ်ြန္စတုန္းကို ေဒါသထြက္ခဲ့တယ္လို႔ သိရပါတယ္။ ပြဲခ်ိန္မိနစ္ ၄၀ အေက်ာ္မွာ ဗဟိုေနာက္ခံလူအျဖစ္ ကစားခဲ့တဲ႔ ကြင္းလယ္လူ ရိုဒရီဟာ တံေကာက္ေၾကာဒဏ္ရာ ရသြားတာပါ။
ဒါေၾကာင့္ ရိုဒီရီဟာ ကြင္းေဘးကိုထြက္လာခဲ့ရလို႔ သူ႔ကို ဂြ်န္စတုန္းနဲ႔လူစားလဲဖို႔ ဂြာဒီယိုလာကျပင္ဆင္ခဲ့ပါတယ္။ ဒါေပမယ္႔ ဒီအဂၤလန္သားဟာ လူစား၀င္ဖို႔ အဆင္သင့္မျဖစ္ခဲ့ဘဲ အရန္ခုံတန္းမွာဘဲ ရွိေနၿပီး ညွိဳ႔သက်ည္းကာေရာ ေျခစြပ္ကိုပါ ခ်ြတ္ထားခဲ့တာပါ။
ဒါေၾကာင့္ ဂြာဒီယိုလာက ေဒါသထြက္ၿပီး သူထိုင္ေနတဲ႔ေနရာအထိ တက္ေခၚကာ အနားမွာရွိတဲ႔ ခုံတစ္ခုကို လက္နဲ႔ရိုက္ခဲ့တဲ႔ အထိျဖစ္ခဲ့ပါတယ္။ အသက္ ၂၅ ႏွစ္ရွိတဲ႔ စတုန္းဟာ လူစား၀င္ဖို႔ အခ်ိန္ယူခဲ့ရလို႔ ကြင္းထဲမွာ အေျပာင္းအလဲ ျဖစ္သြားမွာကို ဂြာဒီယိုလာက စိုးရိမ္ခဲ့တာျဖစ္ပါတယ္။
ပြဲအၿပီးမွာ ဂ်ြန္စတုန္းက”က်ြန္ေတာ္က အေပၚနားမွာထိုင္ေနလို႔ အဆင္သင့္ျဖစ္ဖို႔အတြက္ လုပ္ရပါေသးတယ္။ အခ်ိန္ကလည္း သိပ္မက်န္ေတာ႔တဲ႔အတြက္ သူ(ဂြာဒီယိုလာ) ေဒါသထြက္ခဲ့တာျဖစ္မွာပါ”လို႔ေျပာသြားပါတယ္။ စတုန္းဟာ ၿပီးခဲ့တဲ႔ တစ္ပတ္က ေလ႔က်င့္ေရးကြင္းမွာမ်က္လုံးကိုထိခိုက္ခဲ့တဲ႔ ဒဏ္ရာ ရခဲ့ေသးတာပါ။
ဒီပြဲမွာ မန္စီးတီးအတြက္ ဂိုးေတြကို အဂူရိုက ၂ ဂိုးနဲ႔ စတာလင္းက ဟက္ထရစ္ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။ အတၱလႏၱာ ကေတာ႔အေစာပိုင္းမွာ ပင္နယ္တီရခဲ့တာသာရွိခဲ့ၿပီး က်န္တဲ႔အခ်ိန္ေတြမွာ ဘာမွမတတ္ႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ ၅-၁ နဲ႔ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။