လူစားလဲမှု တစ်ကြိမ်မှ မလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုနေတဲ့ နည်းပြ ဆောက်ဂိတ်

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

အင်္ဂလန်နည်းပြဆောက်ဂိတ်က ပိုလန်နှင့် သရေကျခဲ့တဲ့ခြေစစ်ပွဲတွင် လူစားလဲခဲ့ခြင်းမရှိတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ခုခံပြောဆိုခဲ့ပါတယ်။

အင်္ဂလန်နည်းပြဟာ ဝါဆောမှ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အန်ဒိုရာကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို လုံး၀ အပြောင်းအလဲ လုပ်ကာ ယှဉ်ပြိုင်ခဲ့ပါတယ်။

ယမန်နေ့က အင်္ဂလန်ဟာ ဟယ်ရီကိန်းရဲ့ သွင်းဂိုးဖြင့် ဦးဆောင်နေသော်လည်း ပွဲရဲ့ နောက်ဆုံးမိနစ်တွင် ဇီမန်းစကီးက ပိုလန်အတွက် သူ့ရဲ့ ပထမဆုံးဂိုးကို ခေါင်းတိုက်သွင်းယူပြီးနောက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

အင်္ဂလန်ဟာ ကာတာကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲတွင် ပထမဦးဆုံးအကြိမ် အမှတ်လျော့ခြင်းဖြစ်သော်လည်း အုပ်စုဗိုလ်အဖြစ် ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပြိုင်ပွဲတစ်ခုတွင် လူစားမလဲတာဟာ ယူရို-၉၆ ဆီမီးဖိုင်နယ် ဂျာမနီနှင့်ပွဲစဉ်နောက်ပိုင်း အင်္ဂလန်အတွက် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ပွဲအပြီးတွင် သတင်းသမားများက နည်းပြရဲ့ လူစားမလဲခြင်း ဆုံးဖြတ်ချက်ကို မေးမြန်းခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်က “ကျွန်တော်တို့ လုံး၀ ထိန်းချုပ်ထားနိုင်ခဲ့ပြီး အဲဒီလို ထိန်းချုပ်နိုင်အောင် စွမ်းဆောင်ရည် ကောင်းနေတဲ့ ကစားသမားတွေကို လူစားလဲတာက အဆင်မပြေပါဘူး။

ကျွန်တော်တို့ လူစားလဲဖို့ အချိန်တော်တော်များများ စောင့်ကြည့်ခဲ့ပေမယ့် သူတို့က အကောင်းဆုံးကစားနေပြီး ဘာပြဿနာမှ မရှိပါဘူး”

“ကျွန်တော်တို့ အချိန်ဆွဲဖို့အတွက် တောင်ပံကစားသမား နေရာတွေကို လူစားလဲဖို့ ကြည့်ခဲ့သေးပေမယ့် သူတို့ကို မထည့်ခင် ဂိုးပေးလိုက်ရပါတယ်။

အဲဒါက လူစားလဲဖို့ ကောင်းမွန်တဲ့ အခိုက်အတန့် မဟုတ်တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်ဟာ နောက်ဆုံးကစားတဲ့ ခြေစစ်ပွဲ ၁၈ ပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် အနိုင်မရရှိခဲ့တာ ဖြစ်ပါတယ်။ခြေစစ်ပွဲတွင် အင်္ဂလန် နောက်ဆုံးအနိုင်ပျောက်တဲ့ ပွဲမှာ ၂၀၁၉ အောက်တိုဘာလက ချက်အသင်းနှင့်ပွဲ ဖြစ်ပါတယ်။

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi






