
photo-sportbible
photo-gettyimages
အေစီမီလန်နဲ့ပွဲမှာ လူစားလဲခံရချိန် စီရော်နယ်ဒိုရဲ့ဒေါသနဲ့တုံ့ပြန်ပုံဟာ ပုံမှန်သာဖြစ်ပြီး သူ့အနေနဲ့ ရာသီရဲ့အဆုံးအဖြတ်အခိုက်အတန့်တွေမှာ ကွဲပြားခြားနားအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ဂျူဗင်တပ်အသင်းဖော်ဖြစ်တဲ့ ဂိုးသမားဆက်ဇနီက ကာကွယ်ပြောကြားလိုက်ပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ အေစီမီလန်နဲ့ပွဲမှာ လူစားလဲခံရတော့ ဒေါသထွက်ထွက်နဲ့ ဥမင်ထဲကိုတန်းဝင်သွားပြီး ပွဲမပြီးခင်မှာပဲ ဂျူဗင်တပ်အသင်းအိမ်ကွင်းဖြစ်တဲ့ အလိုင်းယန့်ဇ်ကနေ ထွက်ခွာသွားတယ်လု့ိ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ စီရော်နယ်ဒိုဟာ တစ်ပတ်ထဲမှာပဲ နှစ်ကြိမ်တိုင် လူစားလဲခြင်းခံခဲ့ရတာပါ။ အဲဒါဟာ သူ့ကစားသမားဘဝမှာ ရှားရှားပါးပါးလို့တောင် ဆိုနိုင်ပါတယ်။
photo-gettyimages
ဒါပေမဲ့ ဂိုးသမားဆက်ဇနီကတော့ စီရော်နယ်ဒိုရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်လို့ ကိုယ်ချင်းစာခဲ့ပြီး”လူစားလဲခံရချိန်ဟာ ချန်ပီယံတစ်ယောက်အတွက် အနည်းငယ်ဒေါသထွက်စရာဖြစ်လို့ ဒါဟာ ပုံမှန်ပဲလို့ ကျွန်တော်ထင်ပါတယ်။ ပိုကောင်းတဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ သူပြန်လာမှာပါ။ ရာသီရဲ့အဆုံးအဖြတ်အချိန်တွေမှာလည်း ကွဲပြားခြားနားမှုတွေ သူလုပ်ပေးနိုင်မှာပါ။ မကြာသေးခင်ရက်သတ္တပတ်တွေမှာတော့ သူရာနှုန်းပြည့်လေ့ကျင့်နိုင်ခြင်း မရှိခဲ့ပါဘူး။ နိုင်ငံတကာကြားဖြတ်ပြီးမှ ပိုကောင်းလာမှာပါ။ စီရော်နယ်ဒိုရဲ့အရည်အသွေးနဲ့ ပုဂ္ဂိုလ်ရေးပိုင်းကို ကျွန်တော်တို့အားလုံး သိကြပါတယ်”လို့ ကာကွယ်ပြောကြားခဲ့တာပါ။
photo-gettyimages
အဲဒီပွဲအပြီးှမှာလည်း စီရော်နယ်ဒိုဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ကနေ ”ခက်ခဲတဲ့ပွဲတစ်ပွဲနဲ့ အရေးပါတဲ့နိုင်ပွဲတစ်ပွဲ”လို့ ပို့စ်တင်ခဲ့ပါတယ်။ ဂျူဗင်တပ်နည်းပြဆာရီကတော့ စီရော်နယ်ဒိုဟာ ဒူးဒဏ်ရာနဲ့ရုန်းကန်နေရဆဲဖြစ်ပြီး နာကျင်နေရက်နဲ့ကစားနိုင်ဖို့ ကြိုးစားနေလို့ သူ့ကိုတောင် ကျေးဇူးတင်တင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒေါသထွက်တဲ့တုံ့ပြန်ပုံအရ စီရော်နယ်ဒိုကတော့ ဆာရီရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်ပုံမရပါဘူး။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်လို့ အသင်းဘက်က အရေးယူသွားဖို့ မရှိဘူးလို့ သိရပါတယ်။
[Zawgyi]
လူစားလဲခံရခ်ိန္ စီေရာ္နယ္ဒိုရဲ႕ေဒါသနဲ႔တုံ႔ျပန္ပုံကို ဂ်ဴဗင္တပ္အသင္းေဖာ္ဆက္ဇနီကာကြယ္
အစီမီလန္နဲ႔ပြဲမွာ လူစားလဲခံရခ်ိန္ စီေရာ္နယ္ဒုိရဲ႕ေဒါသနဲ႔တုံ႔ျပန္ပုံဟာ ပုံမွန္သာျဖစ္ၿပီး သူ႔အေနနဲ႔ ရာသီရဲ႕အဆုံးအျဖတ္္အခုိက္အတန္႔ေတြမွာ ကြဲျပားျခားနားေအာင္ လုပ္ေပးႏိုင္လိမ့္မယ္လုိ႔ ဂ်ဴဗင္တပ္အသင္းေဖာ္ျဖစ္တဲ့ ဂိုးသမားဆက္ဇနီက ကာကြယ္ေျပာၾကားလုိက္ပါတယ္။ အဲဒီေပၚတူဂီစူပါစတားဟာ ေအစီမီလန္နဲ႔ပြဲမွာ လူစားလဲခံရေတာ့ ေဒါသထြက္ထြက္နဲ႔ ဥမင္ထဲကိုတန္း၀င္သြားၿပီး ပြဲမၿပီးခင္မွာပဲ ဂ်ဴဗင္တပ္အသင္းအိမ္ကြင္းျဖစ္တဲ့ အလိုင္းယန္႔ဇ္ကေန ထြက္ခြာသြားတယ္လု႔ိ သတင္းေတြလည္း ထြက္ေပၚလာပါတယ္။ စီေရာ္နယ္ဒိုဟာ တစ္ပတ္ထဲမွာပဲ ႏွစ္ႀကိမ္တိုင္ လူစားလဲျခင္းခံခဲ့ရတာပါ။ အဲဒါဟာ သူ႔ကစားသမားဘ၀မွာ ရွားရွားပါးပါးလို႔ေတာင္ ဆိုႏိုင္ပါတယ္။
ဒါေပမဲ့ ဂိုးသမားဆက္ဇနီကေတာ့ စီေရာ္နယ္ဒုိရဲ႕တု႔ံျပန္ပုံနဲ႔ပတ္သက္လုိ႔ ကိုယ္ခ်င္းစာခဲ့ၿပီး”လူစားလဲခံရခ်ိန္ဟာ ခ်န္ပီယံတစ္ေယာက္အတြက္ အနည္းငယ္ေဒါသထြက္စရာျဖစ္လုိ႔ ဒါဟာ ပုံမွန္ပဲလို႔ ကၽြန္ေတာ္ထင္ပါတယ္။ ပိုေကာင္းတဲ့ရုပ္ပိုင္းဆိုင္ရာအေျခအေနနဲ႔ သူျပန္လာမွာပါ။ ရာသီရဲ႕အဆုံးအျဖတ္အခ်ိန္ေတြမွာလည္း ကြဲျပားျခားနားမႈေတြ သူလုပ္ေပးႏိုင္မွာပါ။ မၾကာေသးခင္ရက္သတၱပတ္ေတြမွာေတာ့ သူရာႏႈန္းျပည့္ေလ့က်င့္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ ႏိုင္ငံတကာၾကားျဖတ္ၿပီးမွ ပိုေကာင္းလာမွာပါ။ စီေရာ္နယ္ဒိုရဲ႕အရည္အေသြးနဲ႔ ပုဂၢိဳလ္ေရးပိုင္းကို ကၽြန္ေတာ္တို႔အားလုံး သိၾကပါတယ္”လို႔ ကာကြယ္ေျပာၾကားခဲ့တာပါ။
အဲဒီပြဲအၿပီးွမွာလည္း စီေရာ္နယ္ဒိုဟာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ကေန ”ခက္ခဲတဲ့ပြဲတစ္ပြဲနဲ႔ အေရးပါတဲ့ႏိုင္ပြဲတစ္ပြဲ”လုိ႔ ပို႔စ္တင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္နည္းျပဆာရီကေတာ့ စီေရာ္နယ္ဒိုဟာ ဒူးဒဏ္ရာနဲ႔ရုန္းကန္ေနရဆဲျဖစ္ၿပီး နာက်င္ေနရက္နဲ႔ကစားႏိုင္ဖို႔ ႀကိဳးစားေနလို႔ သူ႔ကိုေတာင္ ေက်းဇူးတင္တင့္တယ္လို႔ အခိုင္အမာေျပာၾကားခဲ့ပါတယ္။ ေဒါသထြက္တဲ့တုံ႔ျပန္ပုံအရ စီေရာ္နယ္ဒိုကေတာ့ ဆာရီရဲ႕ဆုံးျဖတ္ခ်က္ကုိ ေက်နပ္ပုံမရပါဘူး။ ဒါေပမဲ့ စီေရာ္နယ္ဒိုရဲ႕တုံ႔ျပန္ပုံနဲ႔ပတ္သက္လုိ႔ အသင္းဘက္က အေရးယူသြားဖို႔ မရွိဘူးလို႔ သိရပါတယ္။