လူစားလဲခံရချိန် စီရော်နယ်ဒိုဒေါသထွက်ခဲ့တာ ဘာကြောင့်ဆိုတာကို ဆာရီဖွင့်ဟ

photo-gettyimages

photo-gettyimages

လိုကိုမိုးတစ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားလဲခံရချိန် တိုက်စစ်မှုးစီရော်နယ်ဒိုရဲ့ဒေါသထွက်တုံ့ပြန်မှုနဲ့ပတ်သက်လို့ ဘာကြောင့်ဆိုတာကို ဂျူဗင်တပ်နည်းပြဆာရီက ပွဲအပြီးမှာ ရှင်းပြလိုက်ပါတယ်။ အဲဒီပွဲရဲ့ ၈၂ မိနစ်အရောက်မှာ ဆာရီဟာ စီရော်နယ်ဒိုကို ဒိုင်ဘာလာနဲ့လူစားလဲခဲ့တာပါ။ အဲဒီအချိန်မှာ ပွဲက ၁-၁ သရေသာဖြစ်နေသေးသလို စီရော်နယ်ဒိုကလည်း လူစားလဲခံရလို့ ကျေကျေနပ်နပ်ရှိခဲ့ပုံမပေါ်ပါဘူး။

photo-gettyimages

ရုပ်သံအနှေးပြကွက်တွေအရ စီရော်နယ်ဒိုဟာ လူစားလဲခံရချိန်မှာ ဒေါသနဲ့တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်အများစုကတော့ သူ့ကိုလူစားလဲတဲ့အပေါ် စီရော်နယ်ဒိုမကျေနပ်တာကြောင့်လို့ ထင်ကုန်ကြပါတယ်။ ဒါပေမဲ့လည်း အဲဒီမန်ယူနဲ့ရီးရဲလ်တိုက်စစ်မှုးဟောင်းဟာ နာကျင်အချိန်ပိုမှာ ဒေါက်ဂလက်ကော်စတာ အနိုင်ဂိုးသွင်းတော့ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒီလိုပဲ နည်းပြဆာရီကလည်း စီရော်နယ်ဒိုဒေါသထွက်တာဟာ ဒဏ်ရာကြောင့်ပါလို့ ဖွင့်ဟခဲ့ပါတယ်။

photo-marca

”သူအဆင်ပြေပြေမကစားနိုင်ခဲ့တာကြောင့် စီရော်နယ်ဒိုဟာ ဒေါသထွက်ခဲ့တာပါ။ မကြာသေးခင်ရက်အနည်းငယ်ကတည်းက သူ့မှာ ဒူးဒဏ်ရာပြသနာရှိနေတာပါ။ အဲဒါက ပိုအားစိုက်လေ ပိုနာကျင်လေဖြစ်နေတာပါ။ ပထမပိုင်းပြီးတော့ အဲဒါနဲ့ပတ်သက်လို့ သူစိုးရိမ်နေပါပြီ။ အဲဒီနောက် ကျွန်တော်ကလည်း သူ့ကိုယ်သူဒဏ်ရာထပ်ရအောင်လုပ်မိသွားမှာကို စိုးရိမ်ပြီး လူစားလဲလိုက်ရတာပါ”လို့ ဆာရီက ပြောခဲ့တာပါ။

[Zawgyi]

လူစားလဲခံရခ်ိန္ စီေရာ္နယ္ဒိုေဒါသထြက္ခဲ့တာ ဘာေၾကာင့္ဆုိတာကို ဆာရီဖြင့္ဟ

လိုကိုမိုးတစ္ကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လူစားလဲခံရခ်ိန္ တိုက္စစ္မႈးစီေရာ္နယ္ဒိုရဲ႕ေဒါသထြက္တု႔ံျပန္မႈနဲ႔ပတ္သက္လုိ႔ ဘာေၾကာင့္ဆိုတာကို ဂ်ဴဗင္တပ္နည္းျပဆာရီက ပြဲအၿပီးမွာ ရွင္းျပလိုက္ပါတယ္။ အဲဒီပြဲရဲ႕ ၈၂ မိနစ္အေရာက္မွာ ဆာရီဟာ စီေရာ္နယ္ဒုိကုိ ဒိုင္ဘာလာနဲ႔လူစားလဲခဲ့တာပါ။ အဲဒီအခ်ိန္မွာ ပြဲက ၁-၁ သေရသာျဖစ္ေနေသးသလို စီေရာ္နယ္ဒိုကလည္း လူစားလဲခံရလို႔ ေက်ေက်နပ္နပ္ရွိခဲ့ပုံမေပၚပါဘူး။

ရုပ္သံအေႏွးျပကြက္ေတြအရ စီေရာ္နယ္ဒုိဟာ လူစားလဲခံရခ်ိန္မွာ ေဒါသနဲ႔တု႔ံျပန္ခဲ့တာကို ေတြ႕ရပါတယ္။ ပရိသတ္အမ်ားစုကေတာ့ သူ႔ကိုလူစားလဲတဲ့အေပၚ စီေရာ္နယ္ဒိုမေက်နပ္တာေၾကာင့္လုိ႔ ထင္ကုန္ၾကပါတယ္။ ဒါေပမဲ့လည္း အဲဒီမန္ယူနဲ႔ရီးရဲလ္တိုက္စစ္မႈးေဟာင္းဟာ နာက်င္အခ်ိန္ပိုမွာ ေဒါက္ဂလက္ေကာ္စတာ အႏုိင္ဂိုးသြင္းေတာ့ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံခဲ့ပါတယ္။ ဒီလိုပဲ နည္းျပဆာရီကလည္း စီေရာ္နယ္ဒိုေဒါသထြက္တာဟာ ဒဏ္ရာေၾကာင့္ပါလုိ႔ ဖြင့္ဟခဲ့ပါတယ္။

”သူအဆင္ေျပေျပမကစားႏိုင္ခဲ့တာေၾကာင့္ စီေရာ္နယ္ဒိုဟာ ေဒါသထြက္ခဲ့တာပါ။ မၾကာေသးခင္ရက္အနည္းငယ္ကတည္းက သူ႔မွာ ဒူးဒဏ္ရာျပသနာရွိေနတာပါ။ အဲဒါက ပိုအားစုိက္ေလ ပိုနာက်င္ေလျဖစ္ေနတာပါ။ ပထမပိုင္းၿပီးေတာ့ အဲဒါနဲ႔ပတ္သက္လုိ႔ သူစုိးရိမ္ေနပါၿပီ။ အဲဒီေနာက္ ကၽြန္ေတာ္ကလည္း သူ႔ကိုယ္သူဒဏ္ရာထပ္ရေအာင္လုပ္မိသြားမွာကို စုိးရိမ္ၿပီး လူစားလဲလုိက္ရတာပါ”လို႔ ဆာရီက ေျပာခဲ့တာပါ။