လူစားမလဲချင်တဲ့ စီရော်နယ်ဒို အကြောင်းပြောတဲ့ ဆိုးလ်ရှား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရော်နယ်ဒိုဟာ မန်ချက်စတာကို ပြန်ရောက်ခဲ့ပြီး ကစားလိုက်တဲ့ ပထမဆုံး ပွဲစဉ်မှာပဲ အသင်းအတွက် သွင်းဂိုး 2 ဂိုးနဲ့ အတူ 4 – 1 ဆိုတဲ့ ဂိုးပြတ်နိုင်ပွဲ ရရှိစေခဲ့ပြီး အသင်းကို အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်စေနိုင်ခဲ့ ပါတယ်။
ဒါ့အပြင် ယမန်နေ့က ပွဲမှာလည်း လူစားလဲဖို့ကို ငြင်းဆန်ခဲ့ပါတယ်။
နယူးကာဆယ်နှင့်ကစားတဲ့ ပွဲကစားချိန် (83)မိနစ်လောက်က ဆိုးလ်ရှားမှ စီရော်နယ်ဒိုကို လူစားလှယ်လဲမလားလို့ မေးမြန်းခဲ့ရာ စီရော်နယ်ဒိုက ` No´ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဆိုးလ်ရှားက” ဟိုတယ်မှာကတည်းက စီရော်နယ်ဒိုရဲ့ပုံစံက လူငယ် တစ်ဦးလိုပဲ။ သူ့ခြေစွမ်းအပေါ် ကျွန်တော်အရမ်းပဲပျော် မိပါတယ်။
အသင်းနဲ့ ပရိသတ်တွေကလည်း ထပ်တူပျော်ကြပါတယ်။
ဂိုးရှေ့မှာဆို သူဟာဂိုးကို လုံးဝသွင်းနိုင်တယ်လို့ခံစားရမှာပါ။
သူက စိတ်ခံစားချက်တွေလည်းကင်းပါတယ်။
သူဂိုးသွင်းနိုင်ရေးက ပရိသတ်တွေရဲ့အိပ်မက်ပါ။”
“တကယ်လို့စီရော်နယ်ဒိုကို အရန်ခုံချည်းပဲထားမယ့်အပေါ်လား။
ဒါက ဘယ်တော့မှ ဖြစ်လာမယ့်ကိစ္စမဟုတ်ပါဘူး။
ကျွန်တော်တို့က အဆင့်အတန်းမြင့်တဲ့နေရာမျိုးမှာပဲ ရှိသင့်ပါတယ်။
ဒါက ယူနိုက်တက်ရဲ့ထိုက်တန်တဲ့နေရာလည်းဖြစ်ပါတယ်။”
“စီရော်နယ်ဒို ကိုယ်တိုင်တောင်းဆိုမှု မလုပ်မချင်း ကျွန်တော့်ဘက်က သူ့ကိုလူစားလှယ်ဖို့စိတ်ကူးမရှိပါဘူး။
သူ့ဆီမှာ ပွဲကစားချိန်တွေကို လိုအပ်ပါတယ်။ ပွဲကစားဖို့ လည်းသူ့ဘက်ကလိုအပ်ပါတယ်။
ဒါကြောင့်မို့ သူ့ကို နယူးကာဆယ်နဲ့ပွဲမှာ မိနစ်(90)အထိ ပေးကစားစေခဲ့တာပေါ့။ “လို့ ပြောပါတယ်။
ဖာနန်ဒက်စ်ကလည်း ဒိုလေးနဲ့ ပတ်သက်လို့ ခုလိုပြောထားပါတယ်။
“ရော်နယ်ဒို အသင်းအတွက် ဘာတွေ ယူဆောင်လာမလဲ ဆိုတာ အားသုံး သိထားပြီးသားပါ။
သူ့ကို ပိုင်ဆိုင်ခွင့် ရတဲ့အတွက် ကျွန်တော်တို့ အားလုံး ပျော်ရွှင်နေကြပါတယ်။
သူ ပြောသလို ပါပဲ ၊ အရေး အကြီးဆုံး အရာက ရလဒ်ပါ။
ကစားသမားကောင်းတွေဆိုတာ အမြဲတမ်း အတူ တွဲကစားနိုင်စွမ်း ရှိကြပါတယ် ” လို့ ဖာနန်ဒက်စ် ကဒိုလေးနဲ့ တွဲကစားတဲ့ ကိစ္စအပေါ် ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi