လူငယ်အဆင့်ပြိုင်ပွဲတွေမှာ ဂိုးပေါင်း(၆၀၀)ကျော်သွင်းထားတဲ့ ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နှစ်တွေအတွင်း ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့လို အရည်အသွေးမြင့်လူငယ်ကစားသမားတွေ ထွက်ပေါ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အဲဒီကစားသမားနှစ်ယောက်ရဲ့ခြေရာနင်းနိုင်မယ့် ဆယ်ကျော်သက်လူငယ်လေးတစ်ဦးကို မကြာခင်မြင်တွေ့ရဖို့ရှိနေပါပြီ။

သူကတော့ ယူနိုက်တက်အကယ်ဒမီအသင်းအတွက် ခြေစွမ်းပြကစားနေသူ ချာလီမက်နေးလ်ပါပဲ။

အသက်(၁၇)နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးမက်နေးလ်ဟာ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကနေ ပေါင်(၇၅၀,၀၀၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး

သူဟာ အသက်အရွယ်နဲ့မလိုက်အောင် ဂိုးသွင်းစွမ်းရည်ထက်မြက်တဲ့ကစားသမားဖြစ်သလို လူငယ်အဆင့်ပြိုင်ပွဲတွေမှာ ဂိုးပေါင်း(၆၀၀)ကျော်အထိ သွင်းယူထားပြီးပါပြီ။

ဒါ့အပြင် မက်နေးလ်ဟာ တခြားဆယ်ကျော်သက်ကစားသမားတွေလို နာမည်ကျော်ဖြစ်လာမှ ဝင်ငွေကောင်းတာမျိုးမဟုတ်ဘဲ ၂၀၁၈ ခုနှစ်က Adidas နဲ့ (၆)နှစ်ချုပ်ဆိုခဲ့တဲ့ စပွန်ဆာစာချုပ်အရ (၁)နှစ်ကို ပေါင်(၁)သန်းကျော်ရရှိနေတာဖြစ်ပါတယ်။

ထူးဆန်းတာက မက်နေးလ်ဟာ ယူနိုက်တက်အကယ်ဒမီနဲ့ မန်စီးတီးအကယ်ဒမီကို ကူးချည်သန်းချည်ပြောင်းနေတာပါပဲ။

၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်အကယ်ဒမီကနေ မန်စီးတီးအသင်းအကယ်ဒမီကို ရောက်ရှိခဲ့ပြီး မန်စီးတီးယူ-၁၅အသင်းအတွက် (၇၂)ပွဲကစား၊ ဂိုးပေါင်း(၁၁၀)သွင်းယူခဲ့သလို

ဂိုးဖန်တီးမှု(၃၈)ကြိမ်ပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်အသင်းက မက်နေးလ်ကို ပြန်ခေါ်ဖို့အတွက် ဂျူဗင်တပ်စ်၊ လိုက်ပ်ဇစ်အသင်းတို့နဲ့အပြိုင် ကြိုးပမ်းခဲ့ရပြီးတော့ ၂၀၁၈ ခုနှစ်မှာ (၆)နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်မက်နေးလ်ဟာ ယူနိုက်တက်အကယ်ဒမီအသင်းမှာ ဂရင်းဝုဒ်နဲ့တွဲကစားခဲ့ဖူးပြီး မကြာခင်ကာလအတွင်း စီနီယာအသင်းမှာလည်း ဂရင်းဝုဒ်နဲ့ ပြန်လက်တွဲကစားခွင့်ရမယ့်အနေအထားရှိနေပါပြီ။

ယူနိုက်တက်ယူ-၁၈အသင်းအတွက် ပွဲဦးထွက်ဖြစ်တဲ့ ဒါဘီကောင်တီနဲ့ပွဲမှာ (၂)ဂိုးသွင်းခဲ့သလို ပထမဆုံးရာသီမှာပဲ (၂၁)ပွဲကစား၊ (၂၈)ဂိုးသွင်းယူပြီး သူ့ရဲ့အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။

လာမယ့်ရာသီ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဂရင်းဝုဒ်တို့လို အရည်အသွေးမြင့်လူငယ်ကစားသမားတွေရှိနေတာကြောင့် တကယ်လို့ မက်နေးလ်ကိုသာ ထပ်ပေါင်းထည့်နိုင်ခဲ့ရင် ယူနိုက်တက်တိုက်စစ်က ‘ကျားကို အတောင်တပ်ပေးလိုက်သလို’ဖြစ်သွားမှာအသေအချာပါပဲ . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူငယ္အဆင့္ၿပိဳင္ပြဲေတြမွာ ဂိုးေပါင္း(၆၀၀)ေက်ာ္သြင္းထားတဲ့ ယူႏိုက္တက္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္တိုက္စစ္မႉး

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ရပ္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔လို အရည္အေသြးျမင့္လူငယ္ကစားသမားေတြ ထြက္ေပၚခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ အဲဒီကစားသမားႏွစ္ေယာက္ရဲ႕ေျခရာနင္းႏိုင္မယ့္ ဆယ္ေက်ာ္သက္လူငယ္ေလးတစ္ဦးကို မၾကာခင္ျမင္ေတြ႕ရဖို႔ရွိေနပါၿပီ။ သူကေတာ့ ယူႏိုက္တက္အကယ္ဒမီအသင္းအတြက္ ေျခစြမ္းျပကစားေနသူ ခ်ာလီမက္ေနးလ္ပါပဲ။

အသက္(၁၇)ႏွစ္သာရွိေသးတဲ့ တိုက္စစ္မႉးမက္ေနးလ္ဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက ယူႏိုက္တက္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကေန ေပါင္(၇၅၀,၀၀၀)နဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး သူဟာ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ဂိုးသြင္းစြမ္းရည္ထက္ျမက္တဲ့ကစားသမားျဖစ္သလို လူငယ္အဆင့္ၿပိဳင္ပြဲေတြမွာ ဂိုးေပါင္း(၆၀၀)ေက်ာ္အထိ သြင္းယူထားၿပီးပါၿပီ။ ဒါ့အျပင္ မက္ေနးလ္ဟာ တျခားဆယ္ေက်ာ္သက္ကစားသမားေတြလို နာမည္ေက်ာ္ျဖစ္လာမွ ဝင္ေငြေကာင္းတာမ်ိဳးမဟုတ္ဘဲ ၂၀၁၈ ခုႏွစ္က Adidas နဲ႔ (၆)ႏွစ္ခ်ဳပ္ဆိုခဲ့တဲ့ စပြန္ဆာစာခ်ဳပ္အရ (၁)ႏွစ္ကို ေပါင္(၁)သန္းေက်ာ္ရရွိေနတာျဖစ္ပါတယ္။

ထူးဆန္းတာက မက္ေနးလ္ဟာ ယူႏိုက္တက္အကယ္ဒမီနဲ႔ မန္စီးတီးအကယ္ဒမီကို ကူးခ်ည္သန္းခ်ည္ေျပာင္းေနတာပါပဲ။ ၂၀၁၄ ခုႏွစ္မွာ ယူႏိုက္တက္အကယ္ဒမီကေန မန္စီးတီးအသင္းအကယ္ဒမီကို ေရာက္ရွိခဲ့ၿပီး မန္စီးတီးယူ-၁၅အသင္းအတြက္ (၇၂)ပြဲကစား၊ ဂိုးေပါင္း(၁၁၀)သြင္းယူခဲ့သလို ဂိုးဖန္တီးမႈ(၃၈)ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းက မက္ေနးလ္ကို ျပန္ေခၚဖို႔အတြက္ ဂ်ဴဗင္တပ္စ္၊ လိုက္ပ္ဇစ္အသင္းတို႔နဲ႔အၿပိဳင္ ႀကိဳးပမ္းခဲ့ရၿပီးေတာ့ ၂၀၁၈ ခုႏွစ္မွာ (၆)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္မက္ေနးလ္ဟာ ယူႏိုက္တက္အကယ္ဒမီအသင္းမွာ ဂရင္းဝုဒ္နဲ႔တြဲကစားခဲ့ဖူးၿပီး မၾကာခင္ကာလအတြင္း စီနီယာအသင္းမွာလည္း ဂရင္းဝုဒ္နဲ႔ ျပန္လက္တြဲကစားခြင့္ရမယ့္အေနအထားရွိေနပါၿပီ။ ယူႏိုက္တက္ယူ-၁၈အသင္းအတြက္ ပြဲဦးထြက္ျဖစ္တဲ့ ဒါဘီေကာင္တီနဲ႔ပြဲမွာ (၂)ဂိုးသြင္းခဲ့သလို ပထမဆုံးရာသီမွာပဲ (၂၁)ပြဲကစား၊ (၂၈)ဂိုးသြင္းယူၿပီး သူ႔ရဲ႕အရည္အေသြးကို ျပသႏိုင္ခဲ့ပါတယ္။ လာမယ့္ရာသီ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွာ ရပ္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ ဂရင္းဝုဒ္တို႔လို အရည္အေသြးျမင့္လူငယ္ကစားသမားေတြရွိေနတာေၾကာင့္ တကယ္လို႔ မက္ေနးလ္ကိုသာ ထပ္ေပါင္းထည့္ႏိုင္ခဲ့ရင္ ယူႏိုက္တက္တိုက္စစ္က ‘က်ားကို အေတာင္တပ္ေပးလိုက္သလို’ျဖစ္သြားမွာအေသအခ်ာပါပဲ . . .