

လူငယ်ကစားသမားတွေကိုပဲအားကိုးရင် ချန်ပီယံဆုဖလားတွေမရနိုင်ဘူးလို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဟာ ဒီညမှာ အိမ်ကွင်းပွဲစဉ်အဖြစ် ဝုဗ်နဲ့ကစားရမှာဖြစ်ပါတယ်။ဇယားထိပ်က လီဗာပူးနဲ့ ၈မှတ်ပြတ်နေတာကြောင့် မန်စီးတီးအနေနဲ့ အမှားခံလို့မရသလို သူတို့ကိုယ်တိုင်ကလည်း ပွဲစဉ်တိုင်းမှာ အဓိကကစားသမားတွေကိုလူငယ်တွေနဲ့ တွဲဖက်အသုံးပြုနေတယ်ဆိုတဲ့အကြောင်း ဂွါဒီယိုလာက ပြောဆိုသွားတာပါ။

“ အင်္ဂလန်နဲ့ဥရောပမှာ အကောင်းဆုံးအသင်းတွေနဲ့ပဲ ကျွန်တော်တို့ အမြဲတမ်းရင်ဆိုင်နေရတာပါ။ဒါကြောင့် ဒေးဗစ်ဆေးလ်ဗား၊ဒီဘရူနီ၊အဂူရိုနဲ့ဖာနန်ဒင်ညိုတို့လို ကစားသမားမျိုးတွေ လိုအပ်ပါတယ်။လူငယ်တွေချည်းနဲ့ပဲတော့ ဆုဖလားတွေ ရမှာမဟုတ်ပါဘူး။သူတို့ဟာ ပုံစံတစ်မျိုးနဲ့အသင်းအတွက် အကူအညီဖြစ်စေပေမယ့် အခြေခံသဘောတရားအရတော့ လူငယ်တွေနဲ့ချန်ပီယံဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ”လို့ ဂွါဒီယိုလာက ပြောသွားတာပါ။

ဒါပေမဲ့ အစောပိုင်းတုန်းကတော့ စပိန်သားနည်းပြဟာ သူ့အသင်းကို ပြောင်းရွှေ့လာဖို့ လူငယ်ကစားသမားတွေ ထိတ်လန့်နေမှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါသေးတယ်။ခြေစွမ်းပြနိုင်ပေမယ့် မန်စီးတီးမှာပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ လူငယ်ကြယ်ပွင့်ဖီးလ်ဖိုဒန်နဲ့ပတ်သက်ပြီး ဂွါဒီယိုလာက တုံ့ပြန်ခဲ့တာပါ။အရည်အသွေးအရှိဆုံးကစားသမားလို့ ဂွါဒီယိုလာကိုယ်တိုင် ချီးကျူးခံရပေမယ့် အသက် ၁၉နှစ်အရွယ် မန်စီးတီးအကယ်ဒမီထွက်လေးဟာ လူစားဝင်ကစားသမားအဖြစ် ၁၀မိနစ်သာ ပါဝင်ခွင့်ရထားပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာကတော့ ဒီဖြစ်ရပ်ဟာ သူ့အသင်းဆီကို လူငယ်တွေလာရမှာကြောက်တဲ့အနေအထားအထိ မဖြစ်နိုင်ကြောင်း၊အသက်အရွယ်အရ လုံလောက်တဲ့ ပွဲကစားခွင့်ပေးမှာသာဖြစ်ကြောင်း၊အတွေ့အကြုံနဲ့ခြေစွမ်းအရ ပွဲတွေပိုကစားခွင့်ရလာမှာဖြစ်ကြောင်း ဖြေရှင်းသွားခဲ့တာပါ။
(zawgyi)
လူငယ္ကစားသမားေတြကိုပဲအားကိုးရင္ ခ်န္ပီယံဆုဖလားေတြမရႏိုင္ဘူးလို႔ မန္စီးတီးနည္းျပဂြါဒီယိုလာက ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံဟာ ဒီညမွာ အိမ္ကြင္းပြဲစဥ္အျဖစ္ ၀ုဗ္နဲ႔ကစားရမွာျဖစ္ပါတယ္။ဇယားထိပ္က လီဗာပူးနဲ႔ ၈မွတ္ျပတ္ေနတာေၾကာင့္ မန္စီးတီးအေနနဲ႔ အမွားခံလို႔မရသလို သူတို႔ကိုယ္တိုင္ကလည္း ပြဲစဥ္တိုင္းမွာ အဓိကကစားသမားေတြကိုလူငယ္ေတြနဲ႔ တြဲဖက္အသံုးျပဳေနတယ္ဆိုတဲ့အေၾကာင္း ဂြါဒီယိုလာက ေျပာဆိုသြားတာပါ။“ အဂၤလန္နဲ႔ဥေရာပမွာ အေကာင္းဆံုးအသင္းေတြနဲ႔ပဲ ကၽြန္ေတာ္တို႔ အၿမဲတမ္းရင္ဆိုင္ေနရတာပါ။ဒါေၾကာင့္ ေဒးဗစ္ေဆးလ္ဗား၊ဒီဘရူနီ၊အဂူရိုနဲ႔ဖာနန္ဒင္ညိဳတို႔လို ကစားသမားမ်ိဳးေတြ လိုအပ္ပါတယ္။လူငယ္ေတြခ်ည္းနဲ႔ပဲေတာ့ ဆုဖလားေတြ ရမွာမဟုတ္ပါဘူး။သူတို႔ဟာ ပံုစံတစ္မ်ိဳးနဲ႔အသင္းအတြက္ အကူအညီျဖစ္ေစေပမယ့္ အေျခခံသေဘာတရားအရေတာ့ လူငယ္ေတြနဲ႔ခ်န္ပီယံျဖစ္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး ”လို႔ ဂြါဒီယိုလာက ေျပာသြားတာပါ။ဒါေပမဲ့ အေစာပိုင္းတုန္းကေတာ့ စပိန္သားနည္းျပဟာ သူ႔အသင္းကို ေျပာင္းေရႊ႔လာဖို႔ လူငယ္ကစားသမားေတြ ထိတ္လန္႔ေနမွာမဟုတ္ဘူးလို႔ ဖြင့္ဟခဲ့ပါေသးတယ္။ေျခစြမ္းျပႏိုင္ေပမယ့္ မန္စီးတီးမွာပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ေနရတဲ့ လူငယ္ၾကယ္ပြင့္ဖီးလ္ဖိုဒန္နဲ႔ပတ္သက္ၿပီး ဂြါဒီယိုလာက တံု႔ျပန္ခဲ့တာပါ။အရည္အေသြးအရွိဆံုးကစားသမားလို႔ ဂြါဒီယိုလာကိုယ္တိုင္ ခ်ီးက်ဴးခံရေပမယ့္ အသက္ ၁၉ႏွစ္အရြယ္ မန္စီးတီးအကယ္ဒမီထြက္ေလးဟာ လူစား၀င္ကစားသမားအျဖစ္ ၁၀မိနစ္သာ ပါ၀င္ခြင့္ရထားပါတယ္။ဒါေပမဲ့ ဂြါဒီယိုလာကေတာ့ ဒီျဖစ္ရပ္ဟာ သူ႔အသင္းဆီကို လူငယ္ေတြလာရမွာေၾကာက္တဲ့အေနအထားအထိ မျဖစ္ႏိုင္ေၾကာင္း၊အသက္အရြယ္အရ လံုေလာက္တဲ့ ပြဲကစားခြင့္ေပးမွာသာျဖစ္ေၾကာင္း၊အေတြ႔အႀကံဳနဲ႔ေျခစြမ္းအရ ပြဲေတြပိုကစားခြင့္ရလာမွာျဖစ္ေၾကာင္း ေျဖရွင္းသြားခဲ့တာပါ။