လူငယ်တွေကို ဆက်လက်ဦးစားပေးမယ်ဆိုပြီး မော်ရင်ဟိုကို ခနဲ့လိုက်တဲ့ လမ်းပတ်

Photo-Internet
Photo-Internet

ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်ကသူဟာအရင်နည်းပြရဲ့အမှားမျိုးမကျူ းလွန်ဘဲ လူငယ်တွေကိုဘဲဆက်လက်ဦးစားပေးသွားမယ်လို့ ပြောလိုက်ပါတယ်။ ဒါဟာနည်းပြဟောင်း မော်ရင်ဟိုကို အနည်းငယ်ဝေဖန်တိုက်ခိုက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

လမ်းပတ်နဲ့မော်ရင်ဟိုဟာ မကြာသေးခင်က ရူဒီဂျာနဲ့ ဆွန်ဟောင်မင် အရေးတို့ကြောင့် အပြန်အလှန်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ လမ်းပတ်ဟာချဲလ်ဆီးကိုတာဝန်ယူတော့ အသင်းဟာဖီဖာရဲ့ပြစ်ဒဏ်ကြောင့် ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံထားရတာပါ။ ဒါကြောင့် လူငယ်တွေကိုအားကိုးခဲ့ရပြီး အေဘရာဟမ်၊ တိုမိုရီနဲ့မေဆန်မောင့် တို့ဆိုရင် အရမ်းကိုခြေစွမ်းပြခဲ့လို့ အင်္ဂလန်လက်ရွေးစင်အဖြစ်တောင် အရွေးခံခဲ့ရတာပါ။

Photo-Internet

မော်ရင်ဟိုဟာ ချဲလ်ဆီးကိုဒုတိယအကြိမ်ကိုင်တွယ်တုန်းက ဒီဘရူနီကို ဝုဖ်ဘတ်ထံရောင်းခဲ့တဲ့အပြင် ဆာဟာ ကိုလည်းဖီအိုရင်တီးနားဆီအငှားချခဲ့တာပါ။ သူတို့နှစ်ဦးဟာအခုဆိုရင် မန်စီးတီးနဲ့ လီဗာပူးတို့မှာ ခြေစွမ်းပြနေကြပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအဖြစ်ရပ်တည်နေကြပါတယ်။

Photo-Internet

ဒါကြောင့်လည်း လမ်းပတ်ကသူဟာအရင်နည်းပြလက်ထက်က အမှားမျိုးကျူ းလွန်မှာမဟုတ်ဘဲ လူငယ်တွေကိုဘဲဆက်လက်နေရာပေးပြီး အကောင်းဆုံးစာရင်းဝင်တွေဖြစ်လာအောင် လုပ်ပေးသွားမယ်လို့ပြောသွားတာဖြစ်ပါတယ်။ သူက”လူငယ်တွေကို ကျွန်တော်ယုံကြည်ပါတယ်။ စပါးကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာဆိုရင် မေဆန်မောင့်နဲ့ အေဘရာဟမ်သာမက တိုမိုရီ တို့ပါခြေစွမ်းပြခဲ့တာပါ။

Photo-Internet

ဒါကိုကြည့်ရင် လူငယ်တွေနဲ့ကျွန်တော်ဘာကြောင့်ဆက်လက် လက်တွဲနေသလဲဆိုတာကို တွေ့မြင်နိုင်မှာပါ။ ဘောလုံးဆိုတာက အခက်အခဲတွေကနေတစ်ဆင့်သာ သင်ယူနိုင်မှာဖြစ်လို့ လူငယ်တွေကိုကျွန်တော် စိတ်ရှည်သွားမှာပါ။ ထိပ်တန်းကစားသမားတွေဖြစ်မလာခင်မှာ ဘယ်သူ့ကိုမဆို စိတ်ရှည်ရတာပါဘဲ” လို့ပြောသွားပါတယ်။

Photo-Internet

Zawgyi

လူငယ္ေတြကို ဆက္လက္ဦးစားေပးမယ္ဆိုၿပီး ေမာ္ရင္ဟိုကို ခနဲ႔လိုက္တဲ႔ လမ္းပတ္

ခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္ကသူဟာအရင္နည္းျပရဲ႕အမွားမ်ဳိးမက်ဴ းလြန္ဘဲ လူငယ္ေတြကိုဘဲဆက္လက္ဦးစားေပးသြားမယ္လို႔ ေျပာလိုက္ပါတယ္။ ဒါဟာနည္းျပေဟာင္း ေမာ္ရင္ဟိုကို အနည္းငယ္ေ၀ဖန္တိုက္ခိုက္လိုက္ျခင္းလည္း ျဖစ္ပါတယ္။

လမ္းပတ္နဲ႔ေမာ္ရင္ဟိုဟာ မၾကာေသးခင္က ရူဒီဂ်ာနဲ႔ ဆြန္ေဟာင္မင္ အေရးတို႔ေၾကာင့္ အျပန္အလွန္ေ၀ဖန္မႈေတြရွိခဲ့ပါတယ္။ လမ္းပတ္ဟာခ်ဲလ္ဆီးကိုတာ၀န္ယူေတာ႔ အသင္းဟာဖီဖာရဲ႕ျပစ္ဒဏ္ေၾကာင့္ ကစားသမားသစ္ေခၚယူခြင့္ ပိတ္ပင္ခံထားရတာပါ။ ဒါေၾကာင့္ လူငယ္ေတြကိုအားကိုးခဲ့ရၿပီး ေအဘရာဟမ္၊ တိုမိုရီနဲ႔ေမဆန္ေမာင့္ တို႔ဆိုရင္ အရမး္ကိုေျခစြမ္းျပခဲ့လို႔ အဂၤလန္လက္ေရြးစင္အျဖစ္ေတာင္ အေရြးခံခဲ့ရတာပါ။

ေမာ္ရင္ဟိုဟာ ခ်ဲလ္ဆီးကိုဒုတိယအႀကိမ္ကိုင္တြယ္တုန္းက ဒီဘရူနီကို ၀ုဖ္ဘတ္ထံေရာင္းခဲ့တဲ႔အျပင္ ဆာဟာ ကိုလည္းဖီအိုရင္တီးနားဆီအငွားခ်ခဲ့တာပါ။ သူတို႔ႏွစ္ဦးဟာအခုဆိုရင္ မန္စီးတီးနဲ႔ လီဗာပူးတို႔မွာ ေျခစြမ္းျပေနၾကၿပီး ကမၻာ႔အေကာင္းဆုံး ကစားသမားေတြအျဖစ္ရပ္တည္ေနၾကပါတယ္။

ဒါေၾကာင့္လည္း လမ္းပတ္ကသူဟာအရင္နည္းျပလက္ထက္က အမွားမ်ဳိးက်ဴ းလြန္မွာမဟုတ္ဘဲ လူငယ္ေတြကိုဘဲဆက္လက္ေနရာေပးၿပီး အေကာင္းဆုံးစာရင္း၀င္ေတြျဖစ္လာေအာင္ လုပ္ေပးသြားမယ္လို႔ေျပာသြားတာျဖစ္ပါတယ္။ သူက”လူငယ္ေတြကို ကၽြန္ေတာ္ယုံၾကည္ပါတယ္။ စပါးကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲမွာဆိုရင္ ေမဆန္ေမာင့္နဲ႔ ေအဘရာဟမ္သာမက တိုမိုရီ တို႔ပါေျခစြမ္းျပခဲ့တာပါ။

ဒါကိုၾကည့္ရင္ လူငယ္ေတြနဲ႔ကၽြန္ေတာ္ဘာေၾကာင့္ဆက္လက္ လက္တြဲေနသလဲဆိုတာကို ေတြ႔ျမင္ႏိုင္မွာပါ။ ေဘာလုံးဆိုတာက အခက္အခဲေတြကေနတစ္ဆင့္သာ သင္ယူႏိုင္မွာျဖစ္လို႔ လူငယ္ေတြကိုက်ြန္ေတာ္ စိတ္ရွည္သြားမွာပါ။ ထိပ္တန္းကစားသမားေတြျဖစ္မလာခင္မွာ ဘယ္သူ႔ကိုမဆို စိတ္ရွည္ရတာပါဘဲ” လို႔ေျပာသြားပါတယ္။