လူငယ်ခြေတက်တွေနဲ့ အနာဂတ်ကိုပုံဖော်မယ့် ယူနိုက်တက်

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

ယူနိုက်တက်အသင်းဟာ လူငယ်တွေကို အဓိကအသုံးပြုနေတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ နည်းပြ ဆိုးလ်ရှားကလည်း အသင်းကို အနာဂတ်အတွက်ရည်ရွယ်ပြီးရေရှည်စီမံကိန်းနဲ့ ခရီးဆက်နေကြောင်း မှတ်ချက်ပြုပြောထားပါတယ်။ အခုနည်းပြဆိုးလ်ရှားနဲ့ယူနိုက်တက်အတွက် ဂန္ဓာဝင်နည်းပြကြီး ဖာဂူဆန်ကလည်းတစ်ဖက်တစ်လမ်းကကူညီပေးတော့မှာဖြစ်ပါတယ်။

photo internet

ယူနိုက်တက် အသင်း ရဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ဟာ အိုးထရက်ဖိုဒ့် ကို နှစ်ပေါင်း ၂၆ နှစ်ကြာ ပဲ့ကိုင်ပြီး အောင်မြင်မှု များစွာ ရယူ ပေးခဲ့ ပါတယ် ။ ၂၀၁၃ ခုနှစ် မှာ ဘောလုံး လောက ကနေ အနားယူ ခဲ့ ပေမယ့် ယူနိုက်တက် အတွက် ဆိုရင်တော့ ဖာဂူဆန်ဟာ အမြဲ အသင့်ရှိနေပြီး အခုအချိန်အထိလည်း ယူနိုက်တက်နဲ့အဆက်အသွယ်ရှိနေပါ သေးတယ်။ အခုလည်း ယူနိုက်တက်အသင်းရဲ့ အပြောင်း အရွှေ့ လှုပ်ရှားမှု တွေ ထဲ မှာ ပါဝင် ကူညီပေး သွားဖို့ ပြင်ဆင် နေတယ် လို့သိရ ပါတယ် ။ ဆာအဲလက်စ် ဟာ ယူနိုက်တက် အသင်း က ခေါ်ယူ ဖို့ စိတ်ဝင်စား နေတဲ့ လူငယ် ကွင်းလယ် ကစား သမားလေး ဂျုဒ် ဘယ်လင်ဂမ် ကို အခြား ဥရောပ အသင်းကြီးတွေ နဲ့ အပြိုင် ခေါ်ယူရာ မှာ လက်ဦးမှု ရယူ နိုင်ဖို့ အတွက် ပါဝင် ကူညီပေး မှာ ဖြစ်တယ် လို့ သိရ ပါတယ် ။ ဘာမင်ဂမ် စီးတီး အသင်း မှာ ကစား နေတဲ့ လူငယ်လေး ဂျုဒ် ဘယ်လင်ဂမ် ဟာ ၁၆ နှစ် ကျော်ကျော် သာ ရှိသေး ပေမယ့် စီနီယာ အသင်းကြီး အတွက် ၂၅ ပွဲ ပါဝင် ကစား ထားပြီး ဖြစ်သလို တောက်ပမယ့် အနာဂတ်တွေ ပိုင်ဆိုင် ထားသူ လို့ သတ်မှတ် ခံထား ရ ပါတယ် ။

photo internet

ဂျုဒ် ဘယ်လင်ဂမ် ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ပစ်မှတ် အဖြစ် ဇန်နဝါရီ အပြောင်း အရွှေ့ ကာလ အတွင်း မှာ သတင်း ထွက်ပေါ် လာခဲ့ သူဖြစ် ပါတယ် ။ ယူနိုက်တက် လက်ထောက် နည်းပြ မိုက်ဖီလန် ကိုယ်တိုင် သွားရောက် အကဲခတ် ခဲ့တဲ့ ၁၆ နှစ်သားလေး ဟာ ဘာမင်ဂမ် စီးတီး အသင်းကြီး မှာ ပါဝင် ကစား နေရပြီလည်း ဖြစ် ပါတယ် ။ယူနိုက်တက် ဟာ ဘာလင်ဂမ် အတွက် ဒန်နီရယ် ဂျိမ်းစ် ကို ခေါ်ယူ စဉ်က အသုံးပြု ခဲ့တဲ့ ပမာဏ ထက် ပိုပေး ဖို့ စိတ်ကူးထား တယ်လို့ သိရ ပါတယ် ။ ဘယ်လင်ဂမ် ဟာ ဒီရာသီ မှာ ဘာမင်ဂမ် စီးတီး အသင်း အတွက် ၂၅ ပွဲ အထိ ပွဲထွက် ကစားခွင့် ရရှိ ထားပြီး လာမယ့်နှစ် မှာ စာချုပ် ကုန်ဆုံး တော့မှာ ဖြစ်ပါတယ် ။ ဘာလင်ဂမ် ဟာ မိဘတွေ နဲ့ အတူ မနေ့ က နံနက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေး ကွင်းကို ရောက်လာခဲ့ ပြီး ယူနိုက်တက် အမှုဆောင် ဝုဒ်ဝက် နဲ့ အကြီးအကဲ မတ်ဂျုဒ် တို့ ဟာလည်း ဘာလင်ဂမ် တို့ ရောက်ရှိ အပြီး တစ်နာရီ အတွင်းမှာ ကာရင်တန် ကို ရောက်လာခဲ့ ကြတယ်လို့ သိရ ပါတယ် ။

photo internet

ယူနိုက်တက်နဲ့အခုအချိန်အထိအဆင်ပြေနေတဲ့လူငယ်ကစားသမားလေးကတော့ တာဟစ်ချောင်ဖြစ်ပါတယ်။ ယူနိုက်တက်တို့ဟာရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသင်းရဲ့လူငယ်ကစားသမားလေး တာဟစ်ချောင်ကို (၂၀၂၂)ခုနှစ်ဇွန်လအထိအသင်းမှာဆက်ရှိနေစေမယ့် စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပြီဖြစ် တယ်လို့ သိရပါတယ်။

photo internet

စာချုပ်သစ်အရ ယူနိုက်တက်တို့ဟာစာချုပ်သက်တမ်းပြည့်ရင် တစ်နှစ်သက်တမ်းထပ်မံပြီးတော့ တိုးခွင့်လည်းရှိနေတာဖြစ်ပါတယ်။ တောင်ပံကစားသမား တာဟစ်ချောင်ဟာတစ်ပတ်လစာပေါင် ၃၀၀၀၀ နဲ့ စာချုပ်သစ်ကိုလက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

photo internet

ယူနိုက်တက်အနာဂတ်ကို လူငယ်ခြေတက်တွေကတောက်ပအောင်လုပ်ဆောင်ပေးနိုင်မလားဆိုတာ အချိန်ကဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

လူငယ္ေျခတက္ေတြနဲ႔ အနာဂတ္ကိုပုံေဖာ္မယ့္ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ လူငယ္ေတြကို အဓိကအသုံးျပဳေနတဲ့အသင္းတစ္သင္းျဖစ္ၿပီးေတာ့ နည္းျပ ဆိုးလ္ရွားကလည္း အသင္းကို အနာဂတ္အတြက္ရည္ရြယ္ၿပီးေရရွည္စီမံကိန္းနဲ႔ ခရီးဆက္ေနေၾကာင္း မွတ္ခ်က္ျပဳေျပာထားပါတယ္။ အခုနည္းျပဆိုးလ္ရွားနဲ႔ယူႏိုက္တက္အတြက္ ဂႏၶာ၀င္နည္းျပႀကီး ဖာဂူဆန္ကလည္းတစ္ဖက္တစ္လမ္းကကူညီေပးေတာ့မွာျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္း ရဲ႕ ဂႏၴဝင္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ ဟာ အိုးထရက္ဖိုဒ့္ ကို ႏွစ္ေပါင္း ၂၆ ႏွစ္ၾကာ ပဲ့ကိုင္ၿပီး ေအာင္ျမင္မႈ မ်ားစြာ ရယူ ေပးခဲ့ ပါတယ္ ။ ၂၀၁၃ ခုႏွစ္ မွာ ေဘာလုံး ေလာက ကေန အနားယူ ခဲ့ ေပမယ့္ ယူႏိုက္တက္ အတြက္ ဆိုရင္ေတာ့ ဖာဂူဆန္ဟာ အၿမဲ အသင့္ရိွေနၿပီး အခုအခ်ိန္အထိလည္း ယူႏိုက္တက္နဲ႔အဆက္အသြယ္ရိွေနပါ ေသးတယ္။ အခုလည္း ယူႏိုက္တက္အသင္းရဲ႕ အေျပာင္း အေ႐ႊ႕ လႈပ္ရွားမႈ ေတြ ထဲ မွာ ပါဝင္ ကူညီေပး သြားဖို႔ ျပင္ဆင္ ေနတယ္ လို႔သိရ ပါတယ္ ။ ဆာအဲလက္စ္ ဟာ ယူႏိုက္တက္ အသင္း က ေခၚယူ ဖို႔ စိတ္ဝင္စား ေနတဲ့ လူငယ္ ကြင္းလယ္ ကစား သမားေလး ဂ်ဳဒ္ ဘယ္လင္ဂမ္ ကို အျခား ဥေရာပ အသင္းႀကီးေတြ နဲ႔ အၿပိဳင္ ေခၚယူရာ မွာ လက္ဦးမႈ ရယူ ႏိုင္ဖို႔ အတြက္ ပါဝင္ ကူညီေပး မွာ ျဖစ္တယ္ လို႔ သိရ ပါတယ္ ။ ဘာမင္ဂမ္ စီးတီး အသင္း မွာ ကစား ေနတဲ့ လူငယ္ေလး ဂ်ဳဒ္ ဘယ္လင္ဂမ္ ဟာ ၁၆ ႏွစ္ ေက်ာ္ေက်ာ္ သာ ရွိေသး ေပမယ့္ စီနီယာ အသင္းႀကီး အတြက္ ၂၅ ပြဲ ပါဝင္ ကစား ထားၿပီး ျဖစ္သလို ေတာက္ပမယ့္ အနာဂတ္ေတြ ပိုင္ဆိုင္ ထားသူ လို႔ သတ္မွတ္ ခံထား ရ ပါတယ္ ။ ဂ်ဳဒ္ ဘယ္လင္ဂမ္ ဟာ မန္ခ်က္စတာ ယူႏိုက္တက္ ရဲ႕ ပစ္မွတ္ အျဖစ္ ဇန္နဝါရီ အေျပာင္း အေ႐ႊ႕ ကာလ အတြင္း မွာ သတင္း ထြက္ေပၚ လာခဲ့ သူျဖစ္ ပါတယ္ ။ ယူႏိုက္တက္ လက္ေထာက္ နည္းျပ မိုက္ဖီလန္ ကိုယ္တိုင္ သြားေရာက္ အကဲခတ္ ခဲ့တဲ့ ၁၆ ႏွစ္သားေလး ဟာ ဘာမင္ဂမ္ စီးတီး အသင္းႀကီး မွာ ပါဝင္ ကစား ေနရၿပီလည္း ျဖစ္ ပါတယ္ ။ယူႏိုက္တက္ ဟာ ဘာလင္ဂမ္ အတြက္ ဒန္နီရယ္ ဂ်ိမ္းစ္ ကို ေခၚယူ စဥ္က အသုံးျပဳ ခဲ့တဲ့ ပမာဏ ထက္ ပိုေပး ဖို႔ စိတ္ကူးထား တယ္လို႔ သိရ ပါတယ္ ။ ဘယ္လင္ဂမ္ ဟာ ဒီရာသီ မွာ ဘာမင္ဂမ္ စီးတီး အသင္း အတြက္ ၂၅ ပြဲ အထိ ပြဲထြက္ ကစားခြင့္ ရရွိ ထားၿပီး လာမယ့္ႏွစ္ မွာ စာခ်ဳပ္ ကုန္ဆုံး ေတာ့မွာ ျဖစ္ပါတယ္ ။ ဘာလင္ဂမ္ ဟာ မိဘေတြ နဲ႔ အတူ မေန႔ က နံနက္ပိုင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ ကာရင္တန္ ေလ့က်င့္ေရး ကြင္းကို ေရာက္လာခဲ့ ၿပီး ယူႏိုက္တက္ အမႈေဆာင္ ဝုဒ္ဝက္ နဲ႔ အႀကီးအကဲ မတ္ဂ်ဳဒ္ တို႔ ဟာလည္း ဘာလင္ဂမ္ တို႔ ေရာက္ရွိ အၿပီး တစ္နာရီ အတြင္းမွာ ကာရင္တန္ ကို ေရာက္လာခဲ့ ၾကတယ္လို႔ သိရ ပါတယ္ ။
ယူႏိုက္တက္နဲ႔အခုအခ်ိန္အထိအဆင္ေျပေနတဲ့လူငယ္ကစားသမားေလးကေတာ့ တာဟစ္ေခ်ာင္ျဖစ္ပါတယ္။ ယူႏုိက္တက္တို႔ဟာရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မယ့္ အသင္းရဲ႕လူငယ္ကစားသမားေလး တာဟစ္ေခ်ာင္ကုိ (၂၀၂၂)ခုႏွစ္ဇြန္လအထိအသင္းမွာဆက္ရွိေနေစမယ့္ စာခ်ဳပ္သစ္တစ္ရပ္ကိုခ်ဳပ္ဆိုခ့ဲျပီျဖစ္ တယ္လို႔ သိရပါတယ္။ စာခ်ဳပ္သစ္အရ ယူႏုိက္တက္တို႔ဟာစာခ်ဳပ္သက္တမ္းျပည့္ရင္ တစ္ႏွစ္သက္တမ္းထပ္မံျပီးေတာ့ တိုးခြင့္လည္းရွိေနတာျဖစ္ပါတယ္။ ေတာင္ပံကစားသမား တာဟစ္ေခ်ာင္ဟာတစ္ပတ္လစာေပါင္ ၃၀၀၀၀ နဲ႔ စာခ်ဳပ္သစ္ကိုလက္မွတ္ေရးထိုးလိုက္တာျဖစ္ပါတယ္။
ယူႏိုက္တက္အနာဂတ္ကို လူငယ္ေျခတက္ေတြကေတာက္ပေအာင္လုပ္ေဆာင္ေပးႏိုင္မလားဆိုတာ အခ်ိန္ကဆုံးျဖတ္ေပးသြားမွာျဖစ္ပါတယ္။