လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ကို မန်ယူ ၄နှစ်စာချုပ်သက်တမ်းတိုး

PC ; Getty

မန်ယူအသင်းဟာ သူတို့ရဲ့ အသက် ၁၈နှစ်အရွယ် လူငယ်တိုက်စစ်မှူးလေးဂရင်းဝုဒ်ကို ၄နှစ်စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။သရဲနီတိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ မေလတုန်းက ကစားခဲ့တဲ့ ကာဒစ်ဖ်နဲ့ပွဲစဉ်မှာ ပထမဆုံးပွဲထွက်ခွင့်ရပြီး မန်ယူအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရတဲ့ ကစားသမားအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ရာသီကြိုခြေစမ်းပွဲကာလတုန်းက လိဒ်နဲ့အင်တာမီလန်ကို ဂိုးတွေသွင်းနိုင်ခဲ့တာကြောင့်လည်း အခုလိုဆိုးလ်ရှားရဲ့ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ရနေတာဖြစ်ပါတယ်။

PC ; Getty

ဒါ့အပြင် အက်စ်တာနာနဲ့ယူရိုပါလိဂ်ပွဲစဉ်၊ရော့ချ်ဒေးနဲ့လိဂ်ဖလားပွဲစဉ်တွေမှာလည်း မန်ယူအတွက်ဂိုးတွေသွင်းပေးနိုင်ခဲ့ပါတယ်။“ ကျွန်တော်ဟာ မန်ယူပရိသတ်တစ်ယောက်အဖြစ် ကြီးပြင်းခဲ့သူပါ။ပြီးတော့ စီနီယာအသင်းမှာ ကစားခွင့်ရခဲ့တယ်။ဒါ အိပ်မက်တွေ တကယ်ဖြစ်လာတာပါပဲ။နည်းပြအပါအဝင် အဖွဲ့သားတွေအားလုံးဆီက သင်ယူမှုတွေလုပ်ခဲ့ရသလို ပြန်လည်ပေးဆပ်နိုင်ဖို့လည်း ကြိုးစားသွားမှာပါ ” လို့ ဂရင်းဝုဒ်ကဆိုပါတယ်။

PC ; Internet

သူဟာ မန်ယူလူငယ်အကယ်ဒမီကို အသက် ၇နှစ်အရွယ်တည်းက စတင်ရောက်ရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန် ယူ-၂၁အသင်းမှာပါဝင်ခွင့်ရနေပြီဖြစ်ပါတယ်။ဆိုးလ်ရှားကိုယ်တိုင်ကလည်း ဂရင်းဝုဒ်ရဲ့ သင်ယူလိုစိတ်နဲ့အဆုံးသတ်ပိုင်းတွေကို ချီးကျူးလိုက်ပြီး စိတ်လှုပ်ရှားစရာအနာဂတ်တစ်ခု ပိုင်ဆိုင်ထားသူလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

(zawgyi)

မန္ယူအသင္းဟာ သူတုိ႔ရဲ႕ အသက္ ၁၈ႏွစ္အရြယ္ လူငယ္တိုက္စစ္မွဴးေလးဂရင္း၀ုဒ္ကို ၄ႏွစ္စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုႏိုင္ခဲ့တယ္လို႔ သိရပါတယ္။သရဲနီတိုက္စစ္မွဴးေလးဟာ ၿပီးခဲ့တဲ့ ေမလတုန္းက ကစားခဲ့တဲ့ ကာဒစ္ဖ္နဲ႔ပြဲစဥ္မွာ ပထမဆံုးပြဲထြက္ခြင့္ရၿပီး မန္ယူအသင္းသမိုင္းတစ္ေလွ်ာက္ အသက္အငယ္ဆံုးပရီးမီးယားလိဂ္ပြဲထြက္ခြင့္ရတဲ့ ကစားသမားအျဖစ္မွတ္တမ္း၀င္ထားပါတယ္။ရာသီႀကိဳေျခစမ္းပြဲကာလတုန္းက လိဒ္နဲ႔အင္တာမီလန္ကို ဂိုးေတြသြင္းႏိုင္ခဲ့တာေၾကာင့္လည္း အခုလိုဆိုးလ္ရွားရဲ႕ပြဲထြက္စာရင္းမွာ ပါ၀င္ခြင့္ရေနတာျဖစ္ပါတယ္။ဒါ့အျပင္ အက္စ္တာနာနဲ႔ယူရိုပါလိဂ္ပဲြစဥ္၊ေရာ့ခ်္ေဒးနဲ႔လိဂ္ဖလားပြဲစဥ္ေတြမွာလည္း မန္ယူအတြက္ဂိုးေတြသြင္းေပးႏိုင္ခဲ့ပါတယ္။“ ကၽြန္ေတာ္ဟာ မန္ယူပရိသတ္တစ္ေယာက္အျဖစ္ ႀကီးျပင္းခဲ့သူပါ။ၿပီးေတာ့ စီနီယာအသင္းမွာ ကစားခြင့္ရခဲ့တယ္။ဒါ အိပ္မက္ေတြ တကယ္ျဖစ္လာတာပါပဲ။နည္းျပအပါအ၀င္ အဖြဲ႔သားေတြအားလံုးဆီက သင္ယူမႈေတြလုပ္ခဲ့ရသလို ျပန္လည္ေပးဆပ္ႏိုင္ဖို႔လည္း ႀကိဳးစားသြားမွာပါ ” လို႔ ဂရင္း၀ုဒ္ကဆိုပါတယ္။သူဟာ မန္ယူလူငယ္အကယ္ဒမီကို အသက္ ၇ႏွစ္အရြယ္တည္းက စတင္ေရာက္ရွိခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အဂၤလန္ ယူ-၂၁အသင္းမွာပါ၀င္ခြင့္ရေနၿပီျဖစ္ပါတယ္။ဆိုးလ္ရွားကိုယ္တိုင္ကလည္း ဂရင္း၀ုဒ္ရဲ႕ သင္ယူလိုစိတ္နဲ႔အဆံုးသတ္ပိုင္းေတြကို ခ်ီးက်ဴးလိုက္ၿပီး စိတ္လႈပ္ရွားစရာအနာဂတ္တစ္ခု ပိုင္ဆိုင္ထားသူလို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။