လူငယ်ကစားသမားဘဝဖြတ်သန်းခဲ့တဲ့ ဖလူမင်နိစ်အသင်းဆီ လာမယ့်နှစ်ကျရင် သီယာဂိုဆေးလ်ဗားပြန်ဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးလ်ဝါရင့်နောက်ခံလူသီယာဂိုဆေးလ်ဗားဟာ လာမယ့်နှစ်၊နွေရာသီကျရင် သူ့ရဲ့လူငယ်ကစားသမားဘဝဖြတ်သန်းခဲ့တဲ့ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်အသင်းဆီပြန်လည်ပြောင်းရွှေ့ဖို့ရှိနေပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ သီယာဂိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့နှစ်၊နွေရာသီတုန်းက PSG အသင်းနဲ့လမ်းခွဲပြီးတော့ ချယ်လ်ဆီးအသင်းကိုအလွတ်နဲ့

ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ခံစစ်မှာခြေစွမ်းပြကစားနေသလို မနှစ်က အသင်းနဲ့အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း သီယာဂိုဆေးလ်ဗားအနေနဲ့ ဘောလုံးသမားဘဝကအနားမယူခင် သူငယ်ငယ်တုန်းက,ကစားခဲ့တဲ့ ဖလူမင်နိစ်အသင်းမှာ နောက်ဆုံးအကြိမ်ကစားသွားဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားဟာ အသက်(၁၄)နှစ်အရွယ်မှာ ဖလူမင်နိစ်လူငယ်အကယ်ဒမီကိုရောက်ရှိခဲ့ပြီး လူငယ်ကစားသမားအဖြစ် ၂၀၀၁-၂၀၀၂ တစ်ရာသီကြာဖြတ်သန်းခဲ့ပြီးတဲ့နောက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို RS Futebol အသင်းနဲ့အတူ စတင်ခဲ့တာပါ။

၂၀၀၆ ခုနှစ်မှာ ဖလူမင်နိစ်အသင်းဆီပြန်လည်ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ စီးရီးအေထိပ်သီးအေစီမီလန်အသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ သီယာဂိုဆေးလ်ဗားတို့ရဲ့စာချုပ်ကလည်း လာမယ့်နှစ်၊နွေရာသီကျရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး

အသင်းအတွက်ခြေစွမ်းပြနိုင်ပေမယ့် အသက်အရွယ်ရလာတဲ့ သီယာဂိုဆေးလ်ဗားကို ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေက စာချုပ်သက်တမ်းတိုးဖို့မသေချာပါဘူး။

ဘရာဇီးလ်မီဒီယာတွေကလည်း ဖလူမင်နိစ်အသင်းတာဝန်ရှိသူတွေက သီယာဂိုဆေးလ်ဗားကို ပြန်လည်ခေါ်ယူဖို့ပြင်ဆင်နေသလို မကြာခင်လတွေအတွင်း အပြောင်းအရွှေ့ကိစ္စအတွက်စတင်ဆွေးနွေးသွားဖို့ရှိတယ်လို့ ဖော်ပြနေကြပါတယ်။

အေစီမီလန်၊ PSG ၊ ချယ်လ်ဆီးအသင်းတို့နဲ့အတူ ဥရောပမြေမှာ (၁၂)နှစ်ကြာဘောလုံးသမားဘဝဖြတ်သန်းခဲ့တဲ့ သီယာဂိုဆေးလ်ဗားဟာ

စီးရီးအေ၊ ပြင်သစ်လီဂူး၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားအပါအဝင် အဓိကဆုဖလားတွေအများကြီးရယူနိုင်ခဲ့သူဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း သီယာဂိုဆေးလ်ဗားရဲ့နေရာမှာအစားထိုးဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီး လူငယ်တွေဖြစ်တဲ့ ချာလိုဘာ၊ မာလန်ဆားတို့ကို ပွဲထုတ်နေသလို ဆီဗီလာနောက်ခံလူခွန်ဒဲလ်ကိုခေါ်ယူနိုင်ဖို့ကြိုးစားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူငယ္ကစားသမားဘဝျဖတ္သန္းခဲ့တဲ့ ဖလူမင္နိစ္အသင္းဆီ လာမယ့္ႏွစ္က်ရင္ သီယာဂိုေဆးလ္ဗားျပန္ဖို႔ရွိ

ခ်ယ္လ္ဆီးအသင္းရဲ႕ ဘရာဇီးလ္ဝါရင့္ေနာက္ခံလူသီယာဂိုေဆးလ္ဗားဟာ လာမယ့္ႏွစ္၊ေႏြရာသီက်ရင္ သူ႔ရဲ႕လူငယ္ကစားသမားဘဝျဖတ္သန္းခဲ့တဲ့ ဘရာဇီးလ္ကလပ္ ဖလူမင္နိစ္အသင္းဆီျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ရွိေနပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ သီယာဂိုေဆးလ္ဗားဟာ ၿပီးခဲ့တဲ့ႏွစ္၊ေႏြရာသီတုန္းက PSG အသင္းနဲ႔လမ္းခြဲၿပီးေတာ့ ခ်ယ္လ္ဆီးအသင္းကိုအလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းရဲ႕ခံစစ္မွာေျခစြမ္းျပကစားေနသလို မႏွစ္က အသင္းနဲ႔အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း သီယာဂိုေဆးလ္ဗားအေနနဲ႔ ေဘာလုံးသမားဘဝကအနားမယူခင္ သူငယ္ငယ္တုန္းက,ကစားခဲ့တဲ့ ဖလူမင္နိစ္အသင္းမွာ ေနာက္ဆုံးအႀကိမ္ကစားသြားဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားဟာ အသက္(၁၄)ႏွစ္အ႐ြယ္မွာ ဖလူမင္နိစ္လူငယ္အကယ္ဒမီကိုေရာက္ရွိခဲ့ၿပီး လူငယ္ကစားသမားအျဖစ္ ၂၀၀၁-၂၀၀၂ တစ္ရာသီၾကာျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝကို RS Futebol အသင္းနဲ႔အတူ စတင္ခဲ့တာပါ။ ၂၀၀၆ ခုႏွစ္မွာ ဖလူမင္နိစ္အသင္းဆီျပန္လည္ေရာက္ရွိခဲ့ၿပီး ၂၀၀၉ ခုႏွစ္မွာေတာ့ စီးရီးေအထိပ္သီးေအစီမီလန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းနဲ႔ သီယာဂိုေဆးလ္ဗားတို႔ရဲ႕စာခ်ဳပ္ကလည္း လာမယ့္ႏွစ္၊ေႏြရာသီက်ရင္ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းအတြက္ေျခစြမ္းျပႏိုင္ေပမယ့္ အသက္အ႐ြယ္ရလာတဲ့ သီယာဂိုေဆးလ္ဗားကို ခ်ယ္လ္ဆီးအသင္းတာဝန္ရွိသူေတြက စာခ်ဳပ္သက္တမ္းတိုးဖို႔မေသခ်ာပါဘူး။ ဘရာဇီးလ္မီဒီယာေတြကလည္း ဖလူမင္နိစ္အသင္းတာဝန္ရွိသူေတြက သီယာဂိုေဆးလ္ဗားကို ျပန္လည္ေခၚယူဖို႔ျပင္ဆင္ေနသလို မၾကာခင္လေတြအတြင္း အေျပာင္းအေ႐ႊ႕ကိစၥအတြက္စတင္ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

ေအစီမီလန္၊ PSG ၊ ခ်ယ္လ္ဆီးအသင္းတို႔နဲ႔အတူ ဥေရာပေျမမွာ (၁၂)ႏွစ္ၾကာေဘာလုံးသမားဘဝျဖတ္သန္းခဲ့တဲ့ သီယာဂိုေဆးလ္ဗားဟာ စီးရီးေအ၊ ျပင္သစ္လီဂူး၊ ခ်န္ပီယံလိဂ္၊ ဥေရာပစူပါဖလားအပါအဝင္ အဓိကဆုဖလားေတြအမ်ားႀကီးရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းကလည္း သီယာဂိုေဆးလ္ဗားရဲ႕ေနရာမွာအစားထိုးဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြလုပ္ေနၿပီး လူငယ္ေတြျဖစ္တဲ့ ခ်ာလိုဘာ၊ မာလန္ဆားတို႔ကို ပြဲထုတ္ေနသလို ဆီဗီလာေနာက္ခံလူခြန္ဒဲလ္ကိုေခၚယူႏိုင္ဖို႔ႀကိဳးစားေနပါတယ္။