လူငယ်ကစားသမားဘဝက နောက်ခံလူအဖြစ်ကစားခဲ့ရသေးတယ်လို့ ဖာနန်ဒက်စ်ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့ဖန်တီးမှုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့ မန်ယူကိုဦးဆောင်နေပေမယ့် လူငယ်ကစားသမားဘဝတုန်းက နည်းပြက နောက်တန်းမှာကစားမှအဆင်ပြေမယ်ဆိုလို့ ခံစစ်မှူးအဖြစ် ကစားခဲ့ရသေးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဖိအားတွေရှိနေတဲ့ နည်းပြဆိုးလ်ရှားအတွက် လှိုဏ်ခေါင်းအဆုံးမှာတွေ့ရမယ့် အလင်းရောင်မျိုးအဖြစ်လည်း မီဒီယာတွေက တင်စားထားကြတာပါ။

ဖာနန်ဒက်စ်ဟာ မန်ယူမှာတိုက်စစ်မှူးနောက်ကနေ လိုက်ပါကစားရတဲ့နေရာမှာ ပါဝင်နေရပြီး သူ့ရဲ့ဖန်တီးနိုင်စွမ်း၊ ဂိုးသွင်းယူနိုင်စွမ်းနဲ့ ပါးနပ်မှုတွေကြောင့် မရှိမဖြစ်အရေးပါသူဖြစ်နေတာပါ။ လက်ရှိကစားရတဲ့နေရာကို သူအကြိုက်ဆုံးဖြစ်ပေမယ့် ငယ်ငယ်တုန်းက ညာနောက်ခံနေရာနဲ့ ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့ရသေးသူဖြစ်ပါတယ်။

ဖာနန်ဒက်စ်က” လူငယ်ကစားသမားဘဝတုန်းက နည်းပြက မင်းနောက်တန်းမှာ ကစားမှအဆင်ပြေမယ်ဆိုလို့ ဗဟိုခံစစ်မှာအချိန်အများစုကစားခဲ့ရတာပါ။ တစ်ခါတလေမှာ ညာနောက်ခံလူအဖြစ်လည်း ကစားရသေးတာပေါ့ဗျာ။ ငယ်တုန်းအချိန်ကတော့ ကစားတာ ကြမ်းပြီး အရာရာကိုဖျက်ထုတ်ဖို့ဘဲ ဆန္ဒရှိနေတာကြောင့် ညာနောက်ခံလူနေရာမှာအဆင်ပြေခဲ့သေးတာပေါ့။

ဗဟိုခံစစ်မှာ ကစားတော့လည်း လွတ်လပ်တာပါဘဲ။ တောင်ပံခံစစ်သမားတွေရှေ့တက်ရင် သူတို့နေရာကိုလိုက်ဖြည့် ပေးရတာပါ။ ခံစစ်ကစားတာကို ကျွန်တော် တကယ်သဘောကျခဲ့တာပါ။

နည်းပြကလည်း မင်းထိပ်တန်းကစားသမားဖြစ်ချင်ရင် ဗဟိုနောက်ခံလူအဖြစ်ကစားပါလို့ ပြောခဲ့သေးတာပေါ့။

သူမှားတယ်လို့ ထင်ခဲ့ပေမယ့် အခုချိန်မှာနောက်ခံလူဖြစ်နေရင် ကျွန်တော့်ကစားပုံပိုကောင်းနေမလားဘဲ။ လူတိုင်းကလည်း ကျွန်တော့်ကို နောက်ခံလူကောင်းလို့ ပြောကြတာပါ။ တစ်ခါမှာတော့ ကျွန်တော့်ထက်အသက်ပိုကြီးတဲ့ သူတွေနဲ့ကစားရတော့ နည်းပြဆီသွားပြီး နောက်တန်းမှာကစားရမယ်ဆိုရင် ကျွန်တော်ပြန်သွားလိုက်တော့မယ်။ ပြီးမှရွယ်တူတွေနဲ့အတူ ကွင်းလယ်မှာဘဲ ကစားတော့မယ်လို့ ပြောခဲ့ဘူးပါတယ်။

တစ်ခါမှာဆို တိုက်စစ်မှူးမပါလို့ နည်းပြကငြီးတွားနေတာပေါ့။ အဲဒီမှာကျွန်တော်သွားပြီး တိုက်စစ်မှူးအဖြစ်ကစားမယ်လို့ ပြောခဲ့ပါတယ်။ နည်းပြက ကျွန်တော့်ကို မင်းကနောက်ခံလူမဟုတ်ဘူးလားလို့ မေးပါတယ်။

ကျွန်တော်က အဲဒီနေရာမှာ မကစား တော့ဘူးလို့ ပြောလိုက်တော့ တိုက်စစ်မှူးအဖြစ်လေ့ကျင့်ခိုင်းခဲ့ပါတယ်။ လေ့ကျင့်ခန်းမှာ ၂ ဂိုးသွင်းနိုင်ပြီးတဲ့နောက် တိုက်စစ်မှူးနေရာမှ ာကစားခဲ့ရပါတယ်။

၂ ပွဲလောက်ကစားပြီးချိန်မှာတော့ ကျောနံပါတ် ၁၀ နဲ့ ၈ နေရာတွေက ကျွန်တော့်အတွက် ဖြစ်သွားခဲ့ပါတယ်”လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူငယ္ကစားသမားဘဝက ေနာက္ခံလူအျဖစ္ကစားခဲ့ရေသးတယ္လို႔ ဖာနန္ဒက္စ္ဖြင့္ဟ

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ သူ႔ရဲ႕ဖန္တီးမႈေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ေတြနဲ႔ မန္ယူကိုဦးေဆာင္ေနေပမယ့္ လူငယ္ကစားသမားဘဝတုန္းက နည္းျပက ေနာက္တန္းမွာကစားမွအဆင္ေျပမယ္ဆိုလို႔ ခံစစ္မႉးအျဖစ္ ကစားခဲ့ရေသးေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ ဖိအားေတြရွိေနတဲ့ နည္းျပဆိုးလ္ရွားအတြက္ လႈိဏ္ေခါင္းအဆုံးမွာေတြ႕ရမယ့္ အလင္းေရာင္မ်ိဳးအျဖစ္လည္း မီဒီယာေတြက တင္စားထားၾကတာပါ။

ဖာနန္ဒက္စ္ဟာ မန္ယူမွာတိုက္စစ္မႉးေနာက္ကေန လိုက္ပါကစားရတဲ့ေနရာမွာ ပါဝင္ေနရၿပီး သူ႔ရဲ႕ဖန္တီးႏိုင္စြမ္း၊ ဂိုးသြင္းယူႏိုင္စြမ္းနဲ႔ ပါးနပ္မႈေတြေၾကာင့္ မရွိမျဖစ္အေရးပါသူျဖစ္ေနတာပါ။ လက္ရွိကစားရတဲ့ေနရာကို သူအႀကိဳက္ဆုံးျဖစ္ေပမယ့္ ငယ္ငယ္တုန္းက ညာေနာက္ခံေနရာနဲ႔ ဗဟိုေနာက္ခံလူအျဖစ္ ကစားခဲ့ရေသးသူျဖစ္ပါတယ္။

ဖာနန္ဒက္စ္က” လူငယ္ကစားသမားဘဝတုန္းက နည္းျပက မင္းေနာက္တန္းမွာ ကစားမွအဆင္ေျပမယ္ဆိုလို႔ ဗဟိုခံစစ္မွာအခ်ိန္အမ်ားစု ကစားခဲ့ရတာပါ။ တစ္ခါတေလမွာ ညာေနာက္ခံလူအျဖစ္လည္း ကစားရေသးတာေပါ့ဗ်ာ။ ငယ္တုန္းအခ်ိန္ကေတာ့ ကစားတာ ၾကမ္းၿပီး အရာရာကိုဖ်က္ထုတ္ဖို႔ဘဲ ဆႏၵရွိေနတာေၾကာင့္ ညာေနာက္ခံလူေနရာမွာအဆင္ေျပခဲ့ေသးတာေပါ့။

ဗဟိုခံစစ္မွာ ကစားေတာ့လည္း လြတ္လပ္တာပါဘဲ။ ေတာင္ပံခံစစ္သမားေတြေရွ႕တက္ရင္ သူတို႔ေနရာကိုလိုက္ျဖည့္ ေပးရတာပါ။ ခံစစ္ကစားတာကို ကြၽန္ေတာ္ တကယ္သေဘာက်ခဲ့တာပါ။ နည္းျပကလည္း မင္းထိပ္တန္းကစားသမားျဖစ္ခ်င္ရင္ ဗဟိုေနာက္ခံလူအျဖစ္ကစားပါလို႔ ေျပာခဲ့ေသးတာေပါ့။

သူမွားတယ္လို႔ ထင္ခဲ့ေပမယ့္ အခုခ်ိန္မွာေနာက္ခံလူျဖစ္ေနရင္ ကြၽန္ေတာ့္ကစားပုံပိုေကာင္းေနမလားဘဲ။ လူတိုင္းကလည္း ကြၽန္ေတာ့္ကို ေနာက္ခံလူေကာင္းလို႔ ေျပာၾကတာပါ။ တစ္ခါမွာေတာ့ ကြၽန္ေတာ့္ထက္အသက္ပိုႀကီးတဲ့ သူေတြနဲ႔ကစားရေတာ့ နည္းျပဆီသြားၿပီး ေနာက္တန္းမွာကစားရမယ္ဆိုရင္ ကြၽန္ေတာ္ျပန္သြားလိုက္ေတာ့မယ္။ ၿပီးမွ႐ြယ္တူေတြနဲ႔အတူ ကြင္းလယ္မွာဘဲ ကစားေတာ့မယ္လို႔ ေျပာခဲ့ဘူးပါတယ္။

တစ္ခါမွာဆို တိုက္စစ္မႉးမပါလို႔ နည္းျပကၿငီးတြားေနတာေပါ့။ အဲဒီမွာကြၽန္ေတာ္သြားၿပီး တိုက္စစ္မႉးအျဖစ္ကစားမယ္လို႔ ေျပာခဲ့ပါတယ္။ နည္းျပက ကြၽန္ေတာ့္ကို မင္းကေနာက္ခံလူမဟုတ္ဘူးလားလို႔ ေမးပါတယ္။ ကြၽန္ေတာ္က အဲဒီေနရာမွာ မကစား ေတာ့ဘူးလို႔ ေျပာလိုက္ေတာ့ တိုက္စစ္မႉးအျဖစ္ေလ့က်င့္ခိုင္းခဲ့ပါတယ္။ ေလ့က်င့္ခန္းမွာ ၂ ဂိုးသြင္းႏိုင္ၿပီးတဲ့ေနာက္ တိုက္စစ္မႉးေနရာမွ ာကစားခဲ့ရပါတယ္။ ၂ ပြဲေလာက္ကစားၿပီးခ်ိန္မွာေတာ့ ေက်ာနံပါတ္ ၁၀ နဲ႔ ၈ ေနရာေတြက ကြၽန္ေတာ့္အတြက္ ျဖစ္သြားခဲ့ပါတယ္”လို႔ေျပာသြားပါတယ္။