
M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
တွမ်ဇီဘီက လူငယ်ကစားသမားတွေ အနေနဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်ရာ မှာ အကောင်းဆုံး အရာ က ဘာဖြစ် နိုင်မလဲ ဆိုတာ ကို အသေအချာ စဉ်းစား ဆုံးဖြတ် သွားဖို့ ပြောကြားလာတာဖြစ်ပါတယ်။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် အသင်း ရဲ့ အလားအလာ ကောင်းတဲ့ လူငယ် ကစားသမား အချို့ ဟာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ဖို့ ရှိနေ ကြတဲ့ အတွက် သူတို့ တွေကို ခေါ်ယူ နိုင်ဖို့ ဥရောပ ထိပ်သီး ကလပ် တွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ဂျူဗင်တပ် နဲ့ အင်တာ မီလန် အသင်း တွေက စိတ်ဝင်စား နေ ကြတာဖြစ်ပါတယ်။

“လူတိုင်း လူတိုင်း မှာ ကိုယ်ပိုင် လမ်းကြောင်း တစ်ခု ရွေးချယ် နိုင်ခွင့် ရှိနေ ပါတယ် ။ အဲ့ဒါက သူတို့ တစ်ဦး ချင်းစီ ဟာ ဘယ်လောက် အထိ လိုချင် တပ်မက်စိတ် ရှိကြ သလဲ ၊ ဘယ်လောက် ကြိုးကြိုးစားစား လေ့ကျင့် မှုတွေ လုပ်ဆောင် ကြ သလဲ ဆိုတဲ့ အပေါ် လည်း မူတည် နေပါတယ် ။ ကျွန်တော့် အတွက် ကတော့ ကစားသမား တွေ အနေ နဲ့ အသင်း ရဲ့ ရိုးရာ ၊ ဓလေ့ စရိုက် ၊ ခံယူချက် နဲ့ ခွန်အား တွေကို သိရှိ နားလည် လိုက်နာ နိုင်ဖို့ ဆိုတာ အရမ်း အရေးကြီ ပါတယ် ။ အဲ့ဒါ မှ အကယ်ဒမီက ကစားသမား တစ်ယောက် အသင်းကြီး ဆီကို ရောက်ရှိ နိုင်ခွင့် ရှိ သလား ဆိုတာ ကို ခွဲခြမ်း စိတ်ဖြာ ဖို့ လွယ်ကူ ပါ လိမ့်မယ် ။

လူငယ် ကစားသမား လေးတွေ အနေ နဲ့ လူတိုင်း က စီနီယာ အသင်း မှာ အလွယ်တကူ နေရာ ရရှိ နိုင်တယ် လို့ တွေးတော နေလို့ မရ ပါဘူး ။သူတို့ အနေ နဲ့ အခြား အသင်း ကို သွားရောက် ပြီး အငှား ကစားရင်း အကောင်းဆုံး ကြိုးစား လို့ ရပါ သေးတယ်”ဆိုပြီး တွမ်ဇီဘီ က ပြောကြားပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။
(Zawgyi Version)
လူငယ်ကစားသမားတွေအတွက် တွမ်ဇီဘီရဲ့အကြံပေးစကား……..