လူငယ္ေျခတက္ေတြကို ေနရာေပးၿပီး 7ဂိုးသြင္းခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း

Photo internet

မေန႔ညက ကစားသြားခဲ့တဲ့ ကာရာေဘာင္ဖလား တတိယ အဆင့္ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းဟာ အဂၤလန္ လိဂ္ဝမ္းကလပ္ ဂရင္စဘီအသင္းကို 7 ဂိုး 1 ဂိုးရလဒ္နဲ႔အႏိုင္ယူခဲ့ပါတယ္။ အဲဒီပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ လူငယ္ကစားသမားေတြကိုသာအဓိက အားထားခဲ့တာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနည္းျပ ဖရန္႔လမ္းပတ္ကေတာ့ ဂိုးမိုးရြာခဲ့တဲ့ အဲဒီပထမဆံုး အိမ္ကြင္းႏိုင္ပြဲဟာ သူ႔အတြက္ ျပီးျပည့္စံုတဲ့ ညတစ္ည ျဖစ္ေစခဲ့တယ္လို႔ ေျပာဆိုပါတယ္။

Photo internet

“ဒီေန႔ပြဲမွာ ကြ်န္ေတာ္တို႔အေနနဲ႔ ဒီႏွစ္ေဘာလံုးရာသီမွာ အသင္းအတြက္ မိနစ္အမ်ားၾကီး ကစားခြင့္ မရေသးတဲ့ ကစားသမားေတြ ၊ အကယ္ဒမီက လူငယ္ကစားသမားေတြ ၊ စီနီယာအသင္း အတြက္ ပထမဆံုး ပြဲထြက္ခြင့္ ရမယ့္ လူငယ္ေလးေတြကိုအသုံးျပဳခဲ့တာျဖစ္ပါတယ္”လို႔ နည္းျပ လမ္းပတ္က ေျပာပါတယ္။ မေန႔ကပြဲမွာ အနာဂတ္ရဲ႕ေျခတက္ လူငယ္ေလးေတြကိုျမင္ေတြ႕ခဲ့ရၿပီး အဲဒီထဲမွာ လူေျပာသူေျပာမ်ားတာကေတာ့ အသက္ 18 ႏွစ္အရြယ္ ဘီလီေဂးလ္မား ပဲျဖစ္ပါတယ္။

Photo internet

“လူငယ္ေလးေတြက အသင္းအတြက္အေကာင္းဆုံးပုံစံကိုျပသႏိုင္ခဲ့ပါတယ္။ ေဂးလ္မားဆုိရင္လည္း ေျခစြမ္းရိွတဲ့ကေလးတစ္ေယာက္ပါ။ ကြင္းလယ္ကေန အေကာင္းဆုံးေျပးလႊားေဆာ့ႏိုင္တာကို ေတြ႕ရပါတယ္။ အသက္ငယ္တဲ့ကစားသမားေတြျဖစ္တာေၾကာင့္ သူတို႔အတြက္အခြင့္အေရးေတြအမ်ားႀကီးရိွပါေသးတယ္။ ေဘာလုံးကစားတာနဲ႔ပတ္သက္ၿပီး သက္ေသာင့္သက္သာျဖစ္ဖို႔သူတို႔အတြက္အေရးႀကီးသလို၊ အနာဂတ္အတြက္လည္း ေလ့က်င့္ခန္းေတြ၊ျပင္ဆင္သင့္တာေတြကို ျပင္းျပင္းထန္ထန္လုပ္ဖို႔လုိပါေသးတယ္။ ဒါမွသာ ထုိက္တန္တဲ့ရလဒ္ေတြ ကိုခံစား ရမွာပါ”လို႔ နည္းျပ လမ္းပတ္ကဆိုပါတယ္။

Photo internet

ခ်ယ္လ္ဆီးအေနနဲ႔ေနာက္ပြဲစဥ္ေတြမွာ မန္ယူနဲ႔ေတြ႕ဆုံဖုိ႔ရိွေနပါတယ္။ “အသင္းႀကီးႏွစ္သင္းေတြ႕ဆုံရမယ့္အ ေပၚေက်နပ္ပါတယ္။ မန္ယူအသင္းမွာရိွတဲ့ကစားသမားေတြအေပၚလည္းကၽြန္ေတာ့္အေနနဲ႔ေလးစားမႈထားပါ တယ္။ ေရွ႕ပုိင္းမွာတုန္းက မန္ယူအေနနဲ႔ကၽြန္ေတာ္တုိ႔အသင္းကို 4 ဂိုးေလာက္သြင္းခဲ့ပါတယ္။ အခုတစ္ႀကိမ္မွာေတာ့အဲလုိ မျဖစ္ေအာင္ကၽြန္ေတာ္တို႔ႀကိဳးစားပါမယ္။ ကၽြန္ေတာ္အေနနဲ႔ဒီတိုင္းထိုင္ေနမွာမဟုတ္ပါဘူး။ မန္ယူကိုေျပာခ်င္ပါတယ္။ ကၽြန္ေတာ္တို႔နဲ႔ေတြ႕ဆုံတဲ့ပြဲဟာခက္ခဲပါလိမ့္မယ္”လို႔နည္းျပလမ္းပတ္ကေတာ့ မန္ယူနည္းျပ ဆုိးလ္ရွားကိုသတိေပးေျပာ ဆုိထားပါတယ္။

Photo internet

(Unicode Version)

လူငယ်ခြေတက်တွေကို နေရာပေးပြီး 7ဂိုးသွင်းခဲ့တဲ့ ချယ်လ်ဆီး အသင်း

မနေ့ညက ကစားသွားခဲ့တဲ့ ကာရာဘောင်ဖလား တတိယ အဆင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အင်္ဂလန် လိဂ်ဝမ်းကလပ် ဂရင်စဘီအသင်းကို 7 ဂိုး 1 ဂိုးရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားတွေကိုသာအဓိက အားထားခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ ဂိုးမိုးရွာခဲ့တဲ့ အဲဒီပထမဆုံး အိမ်ကွင်းနိုင်ပွဲဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ ညတစ်ည ဖြစ်စေခဲ့တယ်လို့ ပြောဆိုပါတယ်။

“ဒီနေ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် မိနစ်အများကြီး ကစားခွင့် မရသေးတဲ့ ကစားသမားတွေ ၊ အကယ်ဒမီက လူငယ်ကစားသမားတွေ ၊ စီနီယာအသင်း အတွက် ပထမဆုံး ပွဲထွက်ခွင့် ရမယ့် လူငယ်လေးတွေကိုအသုံးပြုခဲ့တာဖြစ်ပါတယ်”လို့ နည်းပြ လမ်းပတ်က ပြောပါတယ်။ မနေ့ကပွဲမှာ အနာဂတ်ရဲ့ခြေတက်လူငယ်လေးတွေကိုမြင်တွေ့ခဲ့ရပြီး အဲဒီထဲမှာ လူပြောသူပြောများတာကတော့ အသက် 18 နှစ်အရွယ် ဘီလီဂေးလ်မားပဲဖြစ်ပါတယ်။

“လူငယ်လေးတွေက အသင်းအတွက်အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ပါတယ်။ ဂေးလ်မားဆိုရင်လည်း ခြေစွမ်းရှိတဲ့ကလေးတစ်ယောက်ပါ။ ကွင်းလယ်ကနေ အကောင်းဆုံးပြေးလွှားဆော့နိုင်တာကို တွေ့ရပါတယ်။ အသက်ငယ်တဲ့ကစားသမားတွေဖြစ်တာကြောင့် သူတို့အတွက်အခွင့်အရေးတွေအများကြီးရှိပါသေးတယ်။ ဘောလုံးကစားတာနဲ့ပတ်သက်ပြီး သက်သောင့်သက်သာဖြစ်ဖို့သူတို့အတွက်အရေးကြီးသလို၊ အနာဂတ်အတွက်လည်း လေ့ကျင့်ခန်းတွေ၊ပြင်ဆင်သင့်တာတွေကို ပြင်းပြင်းထန်ထန်လုပ်ဖို့လိုပါသေးတယ်။ ဒါမှသာ ထိုက်တန်တဲ့ရလဒ်တွေကိုခံစားရမှာပါ”လို့ နည်းပြ လမ်းပတ်ကဆိုပါတယ်။

ချယ်လ်ဆီးအနေနဲ့နောက်ပွဲစဉ်တွေမှာ မန်ယူနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။ “အသင်းကြီးနှစ်သင်းတွေ့ဆုံရမယ့်အ ပေါ်ကျေနပ်ပါတယ်။ မန်ယူအသင်းမှာရှိတဲ့ကစားသမားတွေအပေါ်လည်းကျွန်တော့်အနေနဲ့လေးစားမှုထားပါ တယ်။ ရှေ့ပိုင်းမှာတုန်းက မန်ယူအနေနဲ့ကျွန်တော်တို့အသင်းကို 4 ဂိုးလောက်သွင်းခဲ့ပါတယ်။ အခုတစ်ကြိမ်မှာတော့အဲလိုမဖြစ်အောင်ကျွန်တော်တို့ကြိုးစားပါမယ်။ ကျွန်တော်အနေနဲ့ဒီတိုင်းထိုင်နေမှာမဟုတ်ပါဘူး။ မန်ယူကိုပြောချင်ပါတယ်။ ကျွန်တော်တို့နဲ့တွေ့ဆုံတဲ့ပွဲဟာခက်ခဲပါလိမ့်မယ်”လို့နည်းပြလမ်းပတ်ကတော့ မန်ယူနည်းပြ ဆိုးလ်ရှားကိုသတိပေးပြောဆိုထားပါတယ်။