လူငယ္ေတြရဲ႕အားနဲ႔ တည္ေဆာက္ေနတ့ဲ ခ်ဲလ္ဆီးကို ေအဂ်က္စ္လက္သစ္အျဖစ္ မဲလ္ေခ်ာ့ တင္စား

Photo Credit

Photo Credit ; Getty Images

ခ်ဲလ္ဆီးအသင္းေနာက္ခံလူေဟာင္း မာရီယိုမဲလ္ေခ်ာ့က စတမ္းဖို႔ဒ္ဘရစ္ခ်္အေျခစိုက္အသင္းဟာ စိတ္ဓာတ္ပိုင္းအရ ေအဂ်က္စ္အသင္းလုိပဲ တုိးတက္လာၿပီလုိ႔ ယုံၾကည္ေၾကာင္း ေျပာၾကားသြားၿပီး ခ်ဲလ္ဆီးအေနနဲ႔ ယခုရာသီမွာ ဟက္ဆန္အိုဒြိဳင္းလ္၊ ပူလီဆစ္၊ ေမဆင္ေမာင့္နဲ႔ ေအဘရာဟမ္တု႔ိလုိ လူငယ္ကစားသမားေတြကို အဓိကအားကိုးရဖြယ္ရွိေနပါတယ္။

 

Photo Credit ; Sky Sports

မဲလ္ေခ်ာ့ဟာ ေအဂ်က္စ္ကေန ခ်ဲလ္ဆီးကို ေရာက္လာၿပီးေနာက္ အသင္းအတြက္ ပြဲေပါင္း ၁၅၀ ေက်ာ္ကစားေပးခဲ့ၿပီး အသင္းနဲ႔အတူ အက္ဖ္ေအဖလားရယူႏိုင္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ခ်ဲလ္ဆီးကို လက္ရွိအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ မပိုင္ဆုိင္ေသးေပမယ့္ အသင္း ၀က္စ္ဟမ္းကြင္းလယ္လူ လမ္းပတ္ကို ေပါင္ ၁၁သန္းနဲ႔ ေခၚယူထားၿပီးခ်ိန္လည္းျဖစ္ပါတယ္။

 

Photo Credit

နယ္သာလန္လက္ေရြးစင္ေဟာင္း မဲလ္ေခ်ာ့ အသင္းအတြက္ ကစားသမားဘ၀မွာ ၂၁၁ဂိုးအထိသြင္းယူေပးခဲ့တဲ့ လမ္းပတ္ကို နည္းျပအျဖစ္ ျပန္လည္ျမင္ေတြ႕ရတာက ေပ်ာ္စရာေကာင္းတယ္လုိ႔ ဆုိေပမယ့္ နည္းျပဘ၀မွာ ခ်န္ပီယံရွစ္နည္းျပအျဖစ္ တစ္ႏွစ္သာအေတြ႕အႀကံဳရွိခ်ိန္မွာ ခ်ဲလ္ဆီးအသင္းနည္းျပအျဖစ္ တာ၀န္ယူခြင့္ရခဲ့လုိ႔ အနည္းငယ္အံ့အားသင့္မိေၾကာင္း ၀န္ခံပါတယ္။

Photo Credit ; Getty Images

”ခ်ဲလ္ဆီးဟာ လူငယ္ေတြကို ေမြးထုတ္ေပးခ်င္တဲ့ကစားသမားေဟာင္းေတြကို ျပန္ေခၚေနပါတယ္။ တကယ္လုိ႔ ကၽြန္ေတာ္သာ လက္ရွိအခ်ိန္ ခ်ဲလ္ဆီးရဲ႕လူငယ္ကစားသမားျဖစ္ေနရင္ အရမ္းကိုစိတ္လႈပ္ရွားေနမွာပါ။ ကုိယ့္မွာ လူငယ္ေတြကို ေနရာေပးလုိတ့ဲနည္းျပ ရွိေနလုိ႔ေလ။ လမ္းပတ္ဟာ အနည္းဆုံးတစ္ႏွစ္ေတာ့ ကစားသမားသစ္ေတြ ေခၚယူခြင့္မရလုိ႔ လမ္းပတ္လည္း အသင္းမွာရွိတဲ့ကစားသမားေတြကို အသုံးျပဳေနရပါတယ္”

Photo Credit ; Sky Sports

”ဒါက ကုိယ့္အတြက္ အခြင့္အေရးပါပဲ။ ခ်ဲလ္ဆီးဟာ လူငယ္အဆင့္ေတြမွာ ေအာင္ျမင္မႈေတြရရွိေနလုိ႔ လူငယ္ကစားသမားေတြကို အသုံးျပဳသင့္တယ္လုိ႔ ကၽြန္ေတာ္လည္း ခဏခဏေျပာျဖစ္ပါတယ္။ အခုလည္း လူငယ္ေတြကို စကားလက္ေဆာင္ပါးခ်င္ပါတယ္။ အခုလုိအခ်ိန္မွာ ရရွိလာတဲ့အခြင့္အေရးကို အရမယူႏိုင္ရင္ အေၾကာင္းျပခ်က္ေပးလုိ႔မရေတာ့ပါဘူး။ လမ္းပတ္တစ္ေယာက္ ယူ-၂၃ပြဲေတြ လုိက္ၾကည့္ေနတာလည္း ေတြ႕ရပါတယ္”

Photo Credit ; Getty Images / AFP

”သူ႕အေနနဲ႔ အဲဒီကစားသမားေတြကို လုိအပ္ေကာင္းလိုအပ္လိမ့္မယ္လုိ႔လည္း ထင္ေနပုံရပါတယ္။ ေအဂ်က္စ္ရဲ႕ပုံစံအတုိင္း လုိက္လုပ္သင့္ပါတယ္။ ဒီရာသီမွာ ခ်ဲလ္ဆီးက ေအဂ်က္စ္လုိျဖစ္လာပါလိမ့္မယ္။ ခ်ဲလ္ဆီးဟာ ကစားသမားသစ္ေတြ ေခၚယူခြင့္မရွိေပမယ့္ လူငယ္ေတြကိုေတာ့ အဆင့္ျမႇင့္ေနရာေပးေနပါတယ္”

Photo Credit

”တကယ္လုိ႔ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ထပ္ရမယ္ဆုိရင္ ခ်ဲလ္ဆီးအတြက္ ႀကီးမားတဲ့ေအာင္ျမင္မႈလုိ႔ဆုိႏိုင္ပါတယ္။ ေနာက္ဆုံး ယူ႐ိုပါလိဂ္၀င္ခြင့္ရရင္ေတာင္ ေအာင္ျမင္တယ္ေျပာရမယ္။ အမွတ္ေပးခ်န္ပီယံျဖစ္မလားလုိ႔ ေမးလာရင္ေတာ့ ႐ူးေနတာလုိ႔ပဲ ျပန္ေျဖခ်င္တယ္။ ငယ္ေမြးၿခံေပါက္ကစားသမားေတြကို ေနရာေပးတာက အသင္းကို ေအာင္ျမင္ေအာင္ တည္ေဆာက္တာနဲ႔အတူတူပါပဲ”လုိ႔ မဲလ္ေခ်ာ့က ေျပာပါတယ္။

Photo Credit ; Getty Images / AFP

ဒါ့အျပင္ မဲလ္ေခ်ာ့က ဒဏ္ရာေၾကာင့္ အနားယူေနရတ့ဲေတာင္ပံကစားသမား ဟက္ဆန္အိုဒြိဳင္းလ္အေနနဲ႔ အသင္းရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို အသင္းေဖာ္ပူလီဆစ္နဲ႔အတူ ခြဲေ၀ရယူလိမ့္မယ္လုိ႔ ထင္မွတ္ေနၿပီး အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖြယ္ရိွေနလုိ႔လည္း ေပ်ာ္ရႊင္မိတယ္လုိ႔ ဆုိပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ ယခုေႏြရာသီအတြင္း ရီးရဲလ္ကို ေပါင္ ၈၈သန္းနဲ႔ ေရာက္ရွိသြားတ့ဲ ဟာဇက္ရဲ႕ေနရာမွာ အစား၀င္ရဖြယ္ရွိေနပါတယ္။

Photo Credit ; Getty Images / AFP

Unicode

လူငယ်တွေရဲ့အားနဲ့ တည်ဆောက်နေတဲ့ ချဲလ်ဆီးကို အေဂျက်စ်လက်သစ်အဖြစ် မဲလ်ချော့ တင်စား

ချဲလ်ဆီးအသင်းနောက်ခံလူဟောင်း မာရီယိုမဲလ်ချော့က စတမ်းဖို့ဒ်ဘရစ်ချ်အခြေစိုက်အသင်းဟာ စိတ်ဓာတ်ပိုင်းအရ အေဂျက်စ်အသင်းလိုပဲ တိုးတက်လာပြီလို့ ယုံကြည်ကြောင်း ပြောကြားသွားပြီး ချဲလ်ဆီးအနေနဲ့ ယခုရာသီမှာ ဟက်ဆန်အိုဒွိုင်းလ်၊ ပူလီဆစ်၊ မေဆင်မောင့်နဲ့ အေဘရာဟမ်တု့ိလို လူငယ်ကစားသမားတွေကို အဓိကအားကိုးရဖွယ်ရှိနေပါတယ်။
မဲလ်ချော့ဟာ အေဂျက်စ်ကနေ ချဲလ်ဆီးကို ရောက်လာပြီးနောက် အသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော်ကစားပေးခဲ့ပြီး အသင်းနဲ့အတူ အက်ဖ်အေဖလားရယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ချဲလ်ဆီးကို လက်ရှိအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် မပိုင်ဆိုင်သေးပေမယ့် အသင်း ဝက်စ်ဟမ်းကွင်းလယ်လူ လမ်းပတ်ကို ပေါင် ၁၁သန်းနဲ့ ခေါ်ယူထားပြီးချိန်လည်းဖြစ်ပါတယ်။
နယ်သာလန်လက်ရွေးစင်ဟောင်း မဲလ်ချော့ အသင်းအတွက် ကစားသမားဘဝမှာ ၂၁၁ဂိုးအထိသွင်းယူပေးခဲ့တဲ့ လမ်းပတ်ကို နည်းပြအဖြစ် ပြန်လည်မြင်တွေ့ရတာက ပျော်စရာကောင်းတယ်လို့ ဆိုပေမယ့် နည်းပြဘဝမှာ ချန်ပီယံရှစ်နည်းပြအဖြစ် တစ်နှစ်သာအတွေ့အကြုံရှိချိန်မှာ ချဲလ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခွင့်ရခဲ့လို့ အနည်းငယ်အံ့အားသင့်မိကြောင်း ဝန်ခံပါတယ်။
”ချဲလ်ဆီးဟာ လူငယ်တွေကို မွေးထုတ်ပေးချင်တဲ့ကစားသမားဟောင်းတွေကို ပြန်ခေါ်နေပါတယ်။ တကယ်လို့ ကျွန်တော်သာ လက်ရှိအချိန် ချဲလ်ဆီးရဲ့လူငယ်ကစားသမားဖြစ်နေရင် အရမ်းကိုစိတ်လှုပ်ရှားနေမှာပါ။ ကိုယ့်မှာ လူငယ်တွေကို နေရာပေးလိုတဲ့နည်းပြ ရှိနေလို့လေ။ လမ်းပတ်ဟာ အနည်းဆုံးတစ်နှစ်တော့ ကစားသမားသစ်တွေ ခေါ်ယူခွင့်မရလို့ လမ်းပတ်လည်း အသင်းမှာရှိတဲ့ကစားသမားတွေကို အသုံးပြုနေရပါတယ်”
”ဒါက ကိုယ့်အတွက် အခွင့်အရေးပါပဲ။ ချဲလ်ဆီးဟာ လူငယ်အဆင့်တွေမှာ အောင်မြင်မှုတွေရရှိနေလို့ လူငယ်ကစားသမားတွေကို အသုံးပြုသင့်တယ်လို့ ကျွန်တော်လည်း ခဏခဏပြောဖြစ်ပါတယ်။ အခုလည်း လူငယ်တွေကို စကားလက်ဆောင်ပါးချင်ပါတယ်။ အခုလိုအချိန်မှာ ရရှိလာတဲ့အခွင့်အရေးကို အရမယူနိုင်ရင် အကြောင်းပြချက်ပေးလို့မရတော့ပါဘူး။ လမ်းပတ်တစ်ယောက် ယူ-၂၃ပွဲတွေ လိုက်ကြည့်နေတာလည်း တွေ့ရပါတယ်”
”သူ့အနေနဲ့ အဲဒီကစားသမားတွေကို လိုအပ်ကောင်းလိုအပ်လိမ့်မယ်လို့လည်း ထင်နေပုံရပါတယ်။ အေဂျက်စ်ရဲ့ပုံစံအတိုင်း လိုက်လုပ်သင့်ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီးက အေဂျက်စ်လိုဖြစ်လာပါလိမ့်မယ်။ ချဲလ်ဆီးဟာ ကစားသမားသစ်တွေ ခေါ်ယူခွင့်မရှိပေမယ့် လူငယ်တွေကိုတော့ အဆင့်မြှင့်နေရာပေးနေပါတယ်”
”တကယ်လို့ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ထပ်ရမယ်ဆိုရင် ချဲလ်ဆီးအတွက် ကြီးမားတဲ့အောင်မြင်မှုလို့ဆိုနိုင်ပါတယ်။ နောက်ဆုံး ယူရိုပါလိဂ်ဝင်ခွင့်ရရင်တောင် အောင်မြင်တယ်ပြောရမယ်။ အမှတ်ပေးချန်ပီယံဖြစ်မလားလို့ မေးလာရင်တော့ ရူးနေတာလို့ပဲ ပြန်ဖြေချင်တယ်။ ငယ်မွေးခြံပေါက်ကစားသမားတွေကို နေရာပေးတာက အသင်းကို အောင်မြင်အောင် တည်ဆောက်တာနဲ့အတူတူပါပဲ”လို့ မဲလ်ချော့က ပြောပါတယ်။
ဒါ့အပြင် မဲလ်ချော့က ဒဏ်ရာကြောင့် အနားယူနေရတဲ့တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းလ်အနေနဲ့ အသင်းရဲ့မျှော်လင့်ချက်တွေကို အသင်းဖော်ပူလီဆစ်နဲ့အတူ ခွဲဝေရယူလိမ့်မယ်လို့ ထင်မှတ်နေပြီး အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေလို့လည်း ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ယခုနွေရာသီအတွင်း ရီးရဲလ်ကို ပေါင် ၈၈သန်းနဲ့ ရောက်ရှိသွားတဲ့ ဟာဇက်ရဲ့နေရာမှာ အစားဝင်ရဖွယ်ရှိနေပါတယ်။