လူငယ္ေတြကို အေရာင္တင္ေပးႏိုုင္လို႔ ယြန္းဘတ္ကို အမ္မရီခ်ီးက်ဴး

ဂ်ာမန္ခ်န္ပီယံဘိုင္ယန္ျမဴးနစ္ကုိ အႏိုင္ရခဲ့တဲ့ ရာသီႀကိဳ ICC ပြဲစဥ္မွာ အသင္းရဲ႕လူငယ္ကစားသမားေတြ ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ အဲဒီအတြက္ အာဆင္နယ္နည္းျပအမ္မရီဟာ သူ႔နည္းျပအဖြဲ႕ထဲက ယြန္းဘတ္ကို ခ်ီးက်ဴးလိုက္ပါတယ္။ ယြန္းဘတ္ဟာ ၁၉၉၈ ကေန ၂၀၀၇ အထိ အာဆင္နယ္အတြက္ ကစားေပးခဲ့တဲ့ အသင္းဂႏၳ၀င္ကစားသမားေဟာင္းတစ္ဦးျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့လကမွ အာဆင္နယ္ယူ-၂၃ နည္းျပအျဖစ္ကေန အမ္မရီရဲ႕နည္းျပအဖြဲ႕၀င္အျဖစ္ ရာထူးတိုးျခင္းခံခဲ့ရတာပါ။

photo-gettyimages

အမ္မရီရဲ႕နည္းျပအဖြဲ႕ထဲမွာ ယြန္းဘတ္အဓိကလုပ္ေဆာင္ရတာက အသင္းရဲ႕အလားအလာအေကာင္းဆုံးလူငယ္ေတြကို ျပဳစုပ်ိဳးေထာင္ေပးရတာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ သူတုိ႔ရဲ႕အကယ္ဒမီကေန ၾကယ္ပြင့္ကစားသမားေတြပိုေမြးထုတ္ႏိုင္ေရးအတြက္ အားသြန္ခြန္စိုက္လုပ္ေဆာင္ေနၿပီး ယြန္းဘတ္ေရာက္လာလို႔ အရင္ပထမအသင္းနည္းျပစတိဘိုးလ္ဟာ လူငယ္အသင္းေတြဆီျပန္ေရာက္သြားပါတယ္။ ဘိုင္ယန္နဲ႔ ICC ပြဲမွာ တိုက္စစ္ေနရာက ပါ၀င္ခဲ့ၾကတဲ့ နယ္လ္ဆင္၊အန္ကီတီအာ၊ဆာကာနဲ႔ ဂၽြန္ဂ်ဴးလက္စ္တို႔ဟာ အာဆင္နယ္အကယ္ဒမီထြက္ကစားသမားေတြပါ။ အဲဒီထဲမွာ အန္ကီတီအာက ေနာက္က်အႏိုင္ဂိုးသြင္းေပးခဲ့ၿပီး ဂၽြန္ဂ်ဴးလက္စ္က အဲဒီအႏိုင္ဂိုးကို ဖန္တီးေပးခဲ့ပါတယ္။

photo-Arsenal

”ၿပီးခဲ့တဲ့ႏွစ္တုန္းက စတိဗ္ဘုိးလ္နဲ႔ ကၽြန္ေတာ္တို႔အလုပ္လုပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ယြန္းဘတ္က ယူ-၂၃ အသင္းကို ကိုင္တြယ္ေနတာပါ။ ေကာင္းမယ္ထင္လုိ႔ ကၽြန္ေတာ္တို႔ သူတို႔ႏွစ္ေယာက္ကို ေနရာခ်ိန္းလုိက္ပါတယ္။ အခုေတာ့ ယြန္းဘတ္နဲ႔ေပါ့။ လူငယ္ေတြနဲ႔ပတ္သက္လို႔ သူက ကၽြန္ေတာ္တို႔ကို အမ်ားႀကီးအကူအညီျဖစ္ေစပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘယ္လူငယ္ကစားသမားကိုပဲျဖစ္ျဖစ္ သူက ကၽြန္ေတာ္တုိ႔ထက္ ပိုသိလို႔ပါ”လို႔ အမ္မရီက ယြန္းဘတ္ကို ခ်ီးက်ဴးခဲ့ပါတယ္။

[Unicode]

ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်ကို အနိုင်ရခဲ့တဲ့ ရာသီကြို ICC ပွဲစဉ်မှာ အသင်းရဲ့လူငယ်ကစားသမားတွေ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အဲဒီအတွက် အာဆင်နယ်နည်းပြအမ်မရီဟာ သူ့နည်းပြအဖွဲ့ထဲက ယွန်းဘတ်ကို ချီးကျူးလိုက်ပါတယ်။ ယွန်းဘတ်ဟာ ၁၉၉၈ ကနေ ၂၀၀၇ အထိ အာဆင်နယ်အတွက် ကစားပေးခဲ့တဲ့ အသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့လကမှ အာဆင်နယ်ယူ-၂၃ နည်းပြအဖြစ်ကနေ အမ်မရီရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ရာထူးတိုးခြင်းခံခဲ့ရတာပါ။

အမ်မရီရဲ့နည်းပြအဖွဲ့ထဲမှာ ယွန်းဘတ်အဓိကလုပ်ဆောင်ရတာက အသင်းရဲ့အလားအလာအကောင်းဆုံးလူငယ်တွေကို ပြုစုပျိုးထောင်ပေးရတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ သူတို့ရဲ့အကယ်ဒမီကနေ ကြယ်ပွင့်ကစားသမားတွေပိုမွေးထုတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်နေပြီး ယွန်းဘတ်ရောက်လာလို့ အရင်ပထမအသင်းနည်းပြစတိဘိုးလ်ဟာ လူငယ်အသင်းတွေဆီပြန်ရောက်သွားပါတယ်။ ဘိုင်ယန်နဲ့ ICC ပွဲမှာ တိုက်စစ်နေရာက ပါဝင်ခဲ့ကြတဲ့ နယ်လ်ဆင်၊အန်ကီတီအာ၊ဆာကာနဲ့ ဂျွန်ဂျူးလက်စ်တို့ဟာ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားတွေပါ။ အဲဒီထဲမှာ အန်ကီတီအာက နောက်ကျအနိုင်ဂိုးသွင်းပေးခဲ့ပြီး ဂျွန်ဂျူးလက်စ်က အဲဒီအနိုင်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

”ပြီးခဲ့တဲ့နှစ်တုန်းက စတိဗ်ဘိုးလ်နဲ့ ကျွန်တော်တို့အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ယွန်းဘတ်က ယူ-၂၃ အသင်းကို ကိုင်တွယ်နေတာပါ။ ကောင်းမယ်ထင်လို့ ကျွန်တော်တို့ သူတို့နှစ်ယောက်ကို နေရာချိန်းလိုက်ပါတယ်။ အခုတော့ ယွန်းဘတ်နဲ့ပေါ့။ လူငယ်တွေနဲ့ပတ်သက်လို့ သူက ကျွန်တော်တို့ကို အများကြီးအကူအညီဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်လူငယ်ကစားသမားကိုပဲဖြစ်ဖြစ် သူက ကျွန်တော်တို့ထက် ပိုသိလို့ပါ”လို့ အမ်မရီက ယွန်းဘတ်ကို ချီးကျူးခဲ့ပါတယ်။