လူငယ္ကစားသမားေတြကိုေ႐ွ႕ေဆာင္လမ္းျပအျဖစ္ရွိမေနတဲ့စီနီယာကစားသမား၃ဦးကို ေဝဖန္ေျပာဆိုလိုက္တဲ့ ေပါလ္စခိုးလ္

Photo Credit

Photo Credit ; Getty Images

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ဂႏၳဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ေပါလ္စခုိးလ္က အသင္းေဟာင္းယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဖလားကို စိန္ေခၚႏိုင္ႏိုင္ဖို႔ အနည္းဆံုး၂ႏွစ္ခန္႔လိုေသးတယ္လို႔ေျပာဆိုလိုက္ပါတယ္။

Photo Credit ; Getty Images

ယူႏိုက္တက္ဟာ ဆာအဲလက္စ္ဖာဂူဆန္ေနာက္ဆံုးကိုင္တြယ္ခဲ့တဲ့၂၀၁၂-၁၃ရာသီမွာသာ အမွတ္ေပးဖလားကို ကိုင္ေျမွာက္ႏိုင္ခဲ့တာျဖစ္ကာ အဲဒီေနာက္ပိုင္းကတည္းက စိတ္ပ်က္စရာရလဒ္ေတြသာ ရရွိခဲ့ကာ ၿပီးခဲ့တဲ့ရာသီကဆို အဆင့္ ၆ေနရာသာရရွိခဲ့ပါတယ္။

Photo Credit ; Getty Images

ကြင္းလယ္လူေဟာင္း ေပါလ္စခိုးလ္က ဒီရာသီမွာလည္း ယူႏိုက္တက္ရဲ႕အေျခအေနကတိုးတက္လာမယ္လို႔ယံုၾကည္ေနျခင္းမရွိဘဲ ၿပီးခဲ့တဲ့အပတ္က ေဆာက္သမ္တန္အသင္းကို၁-၁နဲ႔သေရက်ခဲ့တဲ့ပြဲစဥ္က သူ႔ကိုပိုၿပီးစိတ္ပ်က္ေစကာေမွ်ာ္လင့္ခ်က္မဲ့သြားေစပါတယ္။

Photo Credit ; Reuters

ေပါလ္စခိုးလ္က “ ကၽြန္ေတာ္စိတ္ပ်က္တယ္၊ ဒီအေျခအေနက မာတာသာမရွိေတာ့ရင္ ဘယ္လိုလုပ္မလဲ၊ ကၽြန္ေတာ္အံ့ၾသမိတယ္၊ ကစားသမားတိုင္းက မာတာလိုတစ္စံုတစ္ခု လုပ္ျပႏိုင္လိမ့္မယ္လို႔ ထင္ခဲ့တယ္၊ ဒါေပမဲ့ ကၽြန္ေတာ့္ကို စိတ္ပ်က္ေစတာက လူငယ္ကစားသမားေတြ မဟုတ္ဘဲ အေတြ႔အၾကံဳအမ်ားႀကီးရွိတဲ့ စီနီယာကစားသမားေတြျဖစ္ေနတယ္”လို႔ ေျပာပါတယ္။

Photo Credit ; Reuters

ၿပီးခဲ့တဲ့စေနေန႔က ယူႏိုက္တက္ဟာ ပြဲကစားခ်ိန္၁၀မိနစ္မွာ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ဦးေဆာင္ဂိုးနဲ႔ၿပိဳင္ပြဲကိုဦးေဆာင္ထားႏိုင္ခဲ့တာပါ၊ ဒါေပမဲ့ ဒုတိယပိုင္းမွာေတာ့ ဂ်န္းနစ္ခ္ဗက္စတာဂတ္ဒ္ရဲ႕ေခါင္းတိုက္ေခ်ပဂိုး သြင္းယူသြားတာကို ခြင့္ျပဳေပးခဲ့ရပါတယ္။

Photo Credit ; AP

ဒါ့အျပင္ ေဆာက္သမ္တန္အသင္းကစားသမား ကယ္ဗင္ဒန္ဆို ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ၁၀ေယာက္ ၁၁ ေယာက္ ယွဥ္ၿပိဳင္ကစားခဲ့တာေတာင္ ယူႏိုက္တက္က သေရ ၁ မွတ္သာ ရယူႏိုင္ခဲ့ပါတယ္။ အဆုိပါပြဲစဥ္မွာ ယူႏိုက္တက္ရဲ႕စီနီယာကစားသမားေတြျဖစ္တဲ့ နီမန္ဂ်ာမာတစ္၊ အက္ရွ္ေလယန္းနဲ႔ ေပါလ္ေပါ့ဂ္ဘာတို႔ရဲ႕ကစားပံုေတြကို ေပါလ္စခိုးလ္က ေဒါသထြက္ေနပါတယ္။

Photo Credit ; Reuters

ဆက္လက္ၿပီး ေပါလ္စခိုးလ္က ”မာတစ္ေျခထဲက ေဘာလံုးဘယ္ေလာက္ေတာင္အပ်က္မ်ားခဲ့လဲ။ အက္ရွ္ေလယန္းေရာဘာထူးလဲ၊ ေပါ့ဂ္ဘာဆီက ေဘာလံုးဆုံး႐ံႈးလိုက္ရတာလည္း ဘယ္ႏွႀကိမ္မွန္းေတာင္ကၽြန္ေတာ္မသိေတာ့ဘူး၊ သူတို႔ကလူငယ္ကစားသမားေတြကိုေရွ႕ေဆာင္လမ္းျပလုပ္ရမွာေလ”

Photo Credit ; Reuters

”ေဆာက္သမ္တန္နဲ႔ပြဲမွာအေတြ႔အႀကံဳ အမ်ားႀကီးရွိတဲ့စီနီယာကစားသမားေတြကပဲ အမွားေတြအမ်ားႀကီးလုပ္ခဲ့တာကို ကၽြန္ေတာ္တို႔ ေတြ႔ခဲ့ရတယ္၊ ဒီလိုျဖစ္ေနတဲ့အသင္းရဲ႕စုဖြဲ႔မႈက လူငယ္ေတြအတြက္ ခက္ခဲေစမွာ အမွန္ပါပဲ”လို႔ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။

Photo Credit ; Reuters

Unicode

လူငယ်ကစားသမားတွေကိုရှေ့ဆောင်လမ်းပြအဖြစ်ရှိမနေတဲ့စီနီယာကစားသမား၃ဦးကို ဝေဖန်ပြောဆိုလိုက်တဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်က အသင်းဟောင်းယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို စိန်ခေါ်နိုင်နိုင်ဖို့ အနည်းဆုံး၂နှစ်ခန့်လိုသေးတယ်လို့ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန်နောက်ဆုံးကိုင်တွယ်ခဲ့တဲ့၂၀၁၂-၁၃ရာသီမှာသာ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ကာ အဲဒီနောက်ပိုင်းကတည်းက စိတ်ပျက်စရာရလဒ်တွေသာ ရရှိခဲ့ကာ ပြီးခဲ့တဲ့ရာသီကဆို အဆင့် ၆နေရာသာရရှိခဲ့ပါတယ်။
ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဒီရာသီမှာလည်း ယူနိုက်တက်ရဲ့အခြေအနေကတိုးတက်လာမယ်လို့ယုံကြည်နေခြင်းမရှိဘဲ ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်အသင်းကို၁-၁နဲ့သရေကျခဲ့တဲ့ပွဲစဉ်က သူ့ကိုပိုပြီးစိတ်ပျက်စေကာမျှော်လင့်ချက်မဲ့သွားစေပါတယ်။
ပေါလ်စခိုးလ်က “ ကျွန်တော်စိတ်ပျက်တယ်၊ ဒီအခြေအနေက မာတာသာမရှိတော့ရင် ဘယ်လိုလုပ်မလဲ၊ ကျွန်တော်အံ့သြမိတယ်၊ ကစားသမားတိုင်းက မာတာလိုတစ်စုံတစ်ခု လုပ်ပြနိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော့်ကို စိတ်ပျက်စေတာက လူငယ်ကစားသမားတွေ မဟုတ်ဘဲ အတွေ့အကြုံအများကြီးရှိတဲ့ စီနီယာကစားသမားတွေဖြစ်နေတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ယူနိုက်တက်ဟာ ပွဲကစားချိန်၁၀မိနစ်မှာ ဒန်နီရယ်ဂျိမ်းစ်ရဲ့ဦးဆောင်ဂိုးနဲ့ပြိုင်ပွဲကိုဦးဆောင်ထားနိုင်ခဲ့တာပါ၊ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ဂျန်းနစ်ခ်ဗက်စတာဂတ်ဒ်ရဲ့ခေါင်းတိုက်ချေပဂိုး သွင်းယူသွားတာကို ခွင့်ပြုပေးခဲ့ရပါတယ်။
ဒါ့အပြင် ဆောက်သမ်တန်အသင်းကစားသမား ကယ်ဗင်ဒန်ဆို ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ၁၀ယောက် ၁၁ ယောက် ယှဉ်ပြိုင်ကစားခဲ့တာတောင် ယူနိုက်တက်က သရေ ၁ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ရဲ့စီနီယာကစားသမားတွေဖြစ်တဲ့ နီမန်ဂျာမာတစ်၊ အက်ရှ်လေယန်းနဲ့ ပေါလ်ပေါ့ဂ်ဘာတို့ရဲ့ကစားပုံတွေကို ပေါလ်စခိုးလ်က ဒေါသထွက်နေပါတယ်။
ဆက်လက်ပြီး ပေါလ်စခိုးလ်က ”မာတစ်ခြေထဲက ဘောလုံးဘယ်လောက်တောင်အပျက်များခဲ့လဲ။ အက်ရှ်လေယန်းရောဘာထူးလဲ၊ ပေါ့ဂ်ဘာဆီက ဘောလုံးဆုံးရှုံးလိုက်ရတာလည်း ဘယ်နှကြိမ်မှန်းတောင်ကျွန်တော်မသိတော့ဘူး၊ သူတို့ကလူငယ်ကစားသမားတွေကိုရှေ့ဆောင်လမ်းပြလုပ်ရမှာလေ”
”ဆောက်သမ်တန်နဲ့ပွဲမှာအတွေ့အကြုံ အများကြီးရှိတဲ့စီနီယာကစားသမားတွေကပဲ အမှားတွေအများကြီးလုပ်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်၊ ဒီလိုဖြစ်နေတဲ့အသင်းရဲ့စုဖွဲ့မှုက လူငယ်တွေအတွက် ခက်ခဲစေမှာ အမှန်ပါပဲ”လို့ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။