လူကြီးကိုစော်ကားတဲ့မက်ဆီဟာ ပညာမတတ်သူလို့ ဒေါသတကြီးပြစ်တင်လိုက်တဲ့သီယာဂိုဆေးလ်ဗား

photo-foxsportasia

photo-gettyimages

ပြီးခဲ့တဲ့သောကြာနေ့က ကစားခဲ့တဲ့ အာဂျင်တီးနားနဲ့ခြေစမ်းပွဲက မက်ဆီရဲ့အပြုအမူနဲ့ပတ်သက်ပြီး ဘရာဇီးအသင်းခေါင်းဆောင်သီယာဂိုဆေးလ်ဗားဟာ အတော်လေးဒေါသထွက်နေပြီး ပြင်းထန်တဲ့ပြစ်တင်ပြောကြားမှု ပြုလုပ်လိုက်ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲဟာ ဘရာဇီးအတွက်လုပ်ထားတာလို့ စွပ်စွဲခဲ့မှုကြောင့် နိုင်ငံတကာပွဲကစားခွင့် ၃ လပိတ်ပင်ခံရပြီးနောက် ပထမဆုံးပြန်ကစားတဲ့ပွဲက ဘရာဇီးနဲ့ပဲဖြစ်နေကာ ဆော်ဒီမှာကစားခဲ့တဲ့ အဲဒီပွဲရဲ့ပထမပိုင်းမှာ မက်ဆီဟာ ဘရာဇီးနည်းပြတစ်တီနဲ့အချင်းမာျးခဲ့တာပါ။

photo-the sun

အဲဒီအာဂျင်တီးနားသားတိုက်စစ်မှုးကို အဝါကတ်ပြဖို့အရေးကြိုးစားတဲ့အနေနဲ့ ဘရာဇီးနည်းပြတစ်တီက ကန့်ကွက်မှုတွေလုပ်ပြီးနောက်မှာ မက်ဆီက ၅၈ နှစ်အရွယ် တစ်တီကို ပါးစပ်ပိတ်နေဖို့ အမူအယာနဲ့ပြောခဲ့တာပါ။ အဲဒီအကြောင်းကိုလည်း တစ်တီက ပွဲအပြီးမှာ ဖွင့်ဟခဲ့ပြီး မက်ဆီရဲ့အပြုအမူနဲ့ပတ်သက်လို့ စိတ်ပျက်တဲ့သဘော ပြောခဲ့ပါတယ်။ ဒါကို နောက်ခံလူသီယာဂိုဆေးလ်ဗားကလည်း မကျေမနပ်ဖြစ်နေပြီး ပိုမိုပြင်းထန်တဲ့ ပြစ်တင်ပြောကြားမှု ပြုလုပ်လိုက်တာပါ။

photo-gettyimages

”သူက ပွဲနဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်ချင်တယ်။ အန္တရယ်ဧရိယာတွေမှာ ဖရီးကစ်ပေးအောင် ဒိုင်လူကြီးကို တွန်းအားပေးတယ်။ သူအမြဲတမ်း အဲဒီလိုပြုမူတာပါ။ ချန်ပီယံလိဂ်မှာဆို သူအဲလိုလုပ်လို့မရဘူးလေ။ ဟိုမှာက ဒိုင်လူကြီးတွေက ဆုံးဖြတ်ချက်ခိုင်မာပြီး ကိုင်တွယ်ပုံကြမ်းတမ်းပါတယ်။ ဒီမှာကျတော့ သူ့ကိုလေးစားတဲ့ဒိုင်တွေနဲ့ဆိုတော့ သူ့အသင်းဘက်ပါသလိုဖြစ်နေတယ်။ ကွင်းထဲမှာ လေးစားမှုဆိုတာ မရှိတော့ဘူး။ ကမ္ဘာပေါ်မှာ လေးစားအခံရဆုံးကစားသမားတွေထဲက တစ်ယောက်က အဲလိုလုပ်တယ်ဆိုတော့ နားလည်ရခက်ပါတယ်။ အသက်ကြီးတဲ့သူတစ်ယောက်ကိုလည်း သူအဲလိုမလုပ်သင့်ပါဘူး။ နည်းပြလည်း ဖြစ်နေတယ်ဗျာ။ ကျွန်တော်တို့ရဲ့ပြိုင်ဆိုင်မှုက အများကြီးပိုတယ်ဆိုပေမယ့် လေးစားမှုဆိုတဲ့ အသိပညာရှိမှုက အရေးကြီးဆုံးပါ”လို့ သီယာဂိုဆေးလ်ဗားက ပြောခဲ့တာပါ။

[Zawgyi]

လူႀကီးကိုေစာ္ကားတဲ့မက္ဆီဟာ ပညာမတတ္သူလို႔ ေဒါသတႀကီးျပစ္တင္လုိက္တဲ့သီယာဂိုေဆးလ္ဗား

ကစားခဲ့တဲ့ အာဂ်င္တီးနားနဲ႔ေျခစမ္းပြဲက မက္ဆီရဲ႕အျပဳအမူနဲ႔ပတ္သက္ၿပီး ဘရာဇီးအသင္းေခါင္းေဆာင္သီယာဂိုေဆးလ္ဗားဟာ အေတာ္ေလးေဒါသထြက္ေနၿပီး ျပင္းထန္တဲ့ျပစ္တင္ေျပာၾကားမႈ ျပဳလုပ္လုိက္ပါတယ္။ ကိုပါအေမရိကၿပိဳင္ပြဲဟာ ဘရာဇီးအတြက္လုပ္ထားတာလို႔ စြပ္စြဲခဲ့မႈေၾကာင့္ ႏိုင္ငံတကာပြဲကစားခြင့္ ၃ လပိတ္ပင္ခံရၿပီးေနာက္ ပထမဆုံးျပန္ကစားတဲ့ပြဲက ဘရာဇီးနဲ႔ပဲျဖစ္ေနကာ ေဆာ္ဒီမွာကစားခဲ့တဲ့ အဲဒီပြဲရဲ႕ပထမပိုင္းမွာ မက္ဆီဟာ ဘရာဇီးနည္းျပတစ္တီနဲ႔အခ်င္းမာ်းခဲ့တာပါ။

အဲဒီအာဂ်င္တီးနားသားတုိက္စစ္မႈးကို အ၀ါကတ္ျပဖို႔အေရးႀကိဳးစားတဲ့အေနန႔ဲ ဘရာဇီးနည္းျပတစ္တီက ကန္႔ကြက္မႈေတြလုပ္ၿပီးေနာက္မွာ မက္ဆီက ၅၈ ႏွစ္အရြယ္ တစ္တီကို ပါးစပ္ပိတ္ေနဖို႔ အမူအယာနဲ႔ေျပာခဲ့တာပါ။ အဲဒီအေၾကာင္းကိုလည္း တစ္တီက ပြဲအၿပီးမွာ ဖြင့္ဟခဲ့ၿပီး မက္ဆီရဲ႕အျပဳအမူနဲ႔ပတ္သက္လုိ႔ စိတ္ပ်က္တဲ့သေဘာ ေျပာခဲ့ပါတယ္။ ဒါကို ေနာက္ခံလူသီယာဂိုေဆးလ္ဗားကလည္း မေက်မနပ္ျဖစ္ေနၿပီး ပိုမိုျပင္းထန္တဲ့ ျပစ္တင္ေျပာၾကားမႈ ျပဳလုပ္လိုက္တာပါ။

”သူက ပြဲနဲ႔ ဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ေတြကို ထိန္းခ်ဳပ္ခ်င္တယ္။ အႏၱရယ္ဧရိယာေတြမွာ ဖရီးကစ္ေပးေအာင္ ဒိုင္လူႀကီးကို တြန္းအားေပးတယ္။ သူအၿမဲတမ္း အဲဒီလုိျပဳမူတာပါ။ ခ်န္ပီယံလိဂ္မွာဆုိ သူအဲလိုလုပ္လုိ႔မရဘူးေလ။ ဟုိမွာက ဒိုင္လူႀကီးေတြက ဆုံးျဖတ္ခ်က္ခိုင္မာၿပီး ကိုင္တြယ္ပုံၾကမး္တမ္းပါတယ္။ ဒီမွာက်ေတာ့ သူ႔ကိုေလးစားတဲ့ဒုိင္ေတြနဲ႔ဆုိေတာ့ သူ႔အသင္းဘက္ပါသလိုျဖစ္ေနတယ္။ ကြင္းထဲမွာ ေလးစားမႈဆိုတာ မရွိေတာ့ဘူး။ ကမာၻေပၚမွာ ေလးစားအခံရဆုံးကစားသမားေတြထဲက တစ္ေယာက္က အဲလိုလုပ္တယ္ဆိုေတာ့ နားလည္ရခက္ပါတယ္။ အသက္ႀကီးတဲ့သူတစ္ေယာက္ကိုလည္း သူအဲလိုမလုပ္သင့္ပါဘူး။ နည္းျပလည္း ျဖစ္ေနတယ္ဗ်ာ။ ကၽြန္ေတာ္တုိ႔ရဲ႕ၿပိဳင္ဆိုင္မႈက အမ်ားႀကီးပိုတယ္ဆိုေပမယ့္ ေလးစားမႈဆုိတဲ့ အသိပညာရွိမႈက အေရးႀကီးဆုံးပါ”လုိ႔ သီယာဂိုေဆးလ္ဗားက ေျပာခဲ့တာပါ။