လူကျွံနေပေမယ့် မန်စီးတီး ဂိုးရတာ ရှင်းပြကြပါဦး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပွဲမှာ VAR တွေ ဘာတွေခဏထား၊ အရေးကြီးတာ ဒိုင်ဆုံးဖြတ်ချက်ပါ။ လုံးလုံးမှားတဲ့ ကိစ္စတွေ၊ မဖြစ်နိုင်တဲ့ ကိစ္စတွေကလွဲလို့ နှစ်ဖက်တွေးနိုင်တဲ့(သို့) တစ်ဖက်ဖက်က လှည့်တွေးရင် မှန်နိုင်တဲ့ ကိစ္စတွေမှာတော့ ဒိုင်က အခရာပါ။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို မကျေမနပ် စောဒက တက်လို့ရပါတယ်။ ဒါပေမယ့် ဒိုင်ကအပြစ်ဒဏ်ပေးရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ခံကြရပါအုံးမယ်။

မန်စီးတီးအသင်း ဟာ မနေ့ ည တုန်းက ပရီးမီးယားလိဂ် ပွဲစဉ် ပွဲကျန် အဖြစ် အက်စတွန် ဗီလာ အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး ၂ – ၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။မန်စီးတီး အသင်းအတွက် ဘာနာဒို ဆေးဗား က မိနစ် ၈၀ မှာ အဖွင့်ဂိုးကို စသွင်း ခဲ့ ပါတယ် ။ အဲဒီ နောက်မှာတော့မန်စီးတီး တို့ ပင်နယ်တီ ရခဲ့ပြီး ဂန်ဒိုဝမ် က ဂိုးသွင်းယူ နိုင်ခဲ့ ပါ တယ်။

အဲဒီပွဲစဉ်က မန်စီးတီးရဲ့ အဖွင့်ဂိုးဟာအငြင်းပွားစရာ များစွာ ဖြစ်ခဲ့ပါတယ်။ ဘာနာဒို ဆေးဗားရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့်အဲ ဒီကန်ချက် ဖြစ်လာဖို့ အစပြုခဲ့မှုမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီဟာ သိသိသာသာ လူကျွံနေခဲ့ပါတယ်။ရိုဒရီဟာ ဗီလာ ဂိုးဘက်မှာ ကိုက် ၂၀ လောက် လူကျွံ ကျန် နေခဲ့ပြီး ဗီလာ နောက်ခံလူ တိုင်ရွန်မင်းစ်ဆီက ဘောလုံးကို လုယူကာ ဘာနာဒို ဆေးဗားကို ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ်။

မင်းစ်ဟာ ဘောလုံးကို ရှင်းထုတ်ရမယ့်အစား ထိန်းထားပြီး ဘောလုံးပြန်ဖြန့်ဖို့ ကြိုးစားခဲ့တာပါ။ အဲဒီအခြေအနေမှာ လူကျွံနေတဲ့ ရိုဒရီက နောက်ပြန်လှည့်လာပြီး ဘောလုံးကို လုယူသွားကာ အသင်းဖော် ဘာနာဒိုကို ပေးပို့မှု လုပ်ခဲ့ရာကနေ ဘာနာဒိုက အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်က ဘာကြောင့် ရိုဒရီရဲ့ အခြေအနေကို လူကျွံ အဖြစ် မသတ်မှတ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ၊ ဝေဖန်ပြောဆိုချက်တွေထွက်လာခဲ့ပါတယ်။ ရိုဒရီ ဟာအစောပိုင်း မန်စီးတီးအသင်း ဘောလုံးပေးပို့လိုက်စဉ်မှာ လူကျွံ နေခဲ့ ပေမယ့် ပြိုင်ဘက်ကစားသမား တိုင်ရွန်မင်းစ် တစ်ယောက် ဘောလုံးကို လက်ခံ ရယူလိုက်ချိန်ကစပြီး လူကျွံမှုပြီးဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အဲဒါကြောင့် ဘာနာဒို ဆေးဗား ရဲ့ ဂိုးကို မပယ်ဖျက်ဘဲ အသိအမှတ်ပြုလိုက်တာပါ။ ထုံးစံအတိုင်း ပွဲပြီးပေမယ့် ပရိသတ်တွေ၊ ဝေဖန်သုံးသပ်သူတွေကတော့ မပြီးသေးပါဘူး။ ဂိုးဖြစ်မြောက်တယ်၊ ဂိုးအဖြစ် မသတ်မှတ်သင့်ဘူးဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ပြောဆိုနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူကြၽံ​ေန​ေပမယ့္ မန္စီးတီး ဂိုးရတာ ရွင္းျပၾကပါအုံး

​ေဘာလုံးပြဲမွာ VAR ​ေတြ ဘာ​ေတြခဏထား၊ အ​ေရးႀကီးတာ ဒိုင္ဆုံးျဖတ္ခ်က္ပါ။ လုံးလုံးမွားတဲ့ ကိစၥ​ေတြ၊ မျဖစ္ႏိုင္တဲ့ ကိစၥ​ေတြကလြဲလို႔ ႏွစ္ဖက္​ေတြးႏိုင္တဲ့(သို႔) တစ္ဖက္ဖက္က လွည့္​ေတြးရင္ မွန္ႏိုင္တဲ့ ကိစၥ​ေတြမွာ​ေတာ့ ဒိုင္က အခရာပါ။ ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္​ေတြကို မ​ေက်မနပ္ ​ေစာဒက တက္လို႔ရပါတယ္။ ဒါ​ေပမယ့္ ဒိုင္ကအျပစ္ဒဏ္​ေပးရင္​ေတာ့ ကိုယ့္​ေဒါသနဲ႔ ကိုယ္ခံၾကရပါအုံးမယ္။

မန္စီးတီးအသင္း ဟာ မေန႔ ည တုန္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ပြဲက်န္ အျဖစ္ အက္စတြန္ ဗီလာ အသင္း နဲ႔ ယွဥ္ၿပိဳင္ ကစားခဲ့ၿပီး ၂ – ၀ နဲ႔ အႏိုင္ ရခဲ့ ပါတယ္ ။မန္စီးတီး အသင္းအတြက္ ဘာနာဒို ေဆးဗား က မိနစ္ ၈၀ မွာ အဖြင့္ဂိုးကို စသြင္း ခဲ့ ပါတယ္ ။ အဲဒီ ေနာက္မွာေတာ့မန္စီးတီး တို႔ ပင္နယ္တီ ရခဲ့ၿပီး ဂန္ဒိုဝမ္ က ဂိုးသြင္းယူ ႏိုင္ခဲ့ ပါ တယ္။ အဲဒီပြဲစဥ္က မန္စီးတီးရဲ႕ အဖြင့္ဂိုး ဟာအျငင္းပြား စရာ မ်ားစြာ ျဖစ္ခဲ့ ပါတယ္။ ဘာနာဒို ေဆးဗားရဲ႕ ကန္ခ်က္ ​ေကာင္း ခဲ့ေပမယ့္အဲ ဒီကန္ခ်က္ ျဖစ္လာဖို႔ အစျပဳခဲ့ မႈမွာ မန္စီးတီး ကြင္းလယ္လူ ႐ိုဒရီ ဟာ သိသိသာသာ လူကြၽံ ေနခဲ့ပါတယ္။႐ိုဒရီ ဟာ ဗီလာ ဂိုးဘက္မွာ ကိုက္ ၂၀ ေလာက္ လူကြၽံက်န္ ေနခဲ့ၿပီး ဗီလာ ေနာက္ခံလူ တိုင္႐ြန္မင္းစ္ ဆီက ေဘာလုံးကို လုယူကာ ဘာနာဒို ေဆးဗားကို ဖန္တီး ေပးခဲ့တာပဲ ျဖစ္ပါတယ္ ။

မင္းစ္ဟာ ေဘာလုံးကို ရွင္းထုတ္ရမယ့္အစား ထိန္းထားၿပီး ေဘာလုံးျပန္ျဖန႔္ဖို႔ ႀကိဳးစားခဲ့တာပါ။ အဲဒီအေျခအေနမွာ လူကြၽံေနတဲ့ ႐ိုဒရီက ေနာက္ျပန္လွည့္လာၿပီး ေဘာလုံးကို လုယူသြားကာ အသင္းေဖာ္ ဘာနာဒိုကို ေပးပို႔မႈ လုပ္ခဲ့ရာကေန ဘာနာဒိုက အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ပြဲ အၿပီး မွာေတာ့ ပရီးမီးယားလိဂ္ က ဘာေၾကာင့္ ႐ိုဒရီ ရဲ႕ အေျခအေနကို လူကြၽံအျဖစ္ မသတ္မွတ္ခဲ့သလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး ရွင္းလင္းခ်က္​ေတြ၊ ​ေ၀ဖန္​ေျပာဆိုခ်က္​ေတြထြက္လာခဲ့ပါတယ္။ ႐ိုဒရီ ဟာအ​ေစာပိုင္း မန္စီးတီးအသင္း ေဘာလုံး ေပးပို႔ လိုက္စဥ္မွာ လူကြၽံ ေနခဲ့ ေပမယ့္ ၿပိဳင္ဘက္ ကစားသမား တိုင္႐ြန္မင္းစ္ တစ္​ေယာက္ ေဘာလုံးကို လက္ခံရယူလိုက္ခ်ိန္ကစၿပီး လူကြၽံမႈ ၿပီးဆုံးခဲ့တာျဖစ္ ေၾကာင္း သိရပါတယ္။

အဲဒါ​ေၾကာင့္ ဘာနာဒို ေဆးဗား ရဲ႕ ဂိုးကို မပယ္ဖ်က္ဘဲ အသိအမွတ္ျပဳလိုက္တာပါ။ ထုံးစံအတိုင္း ပြဲၿပီး​ေပမယ့္ ပရိသတ္​ေတြ၊ ​ေ၀ဖန္သုံးသပ္သူ​ေတြက​ေတာ့ မၿပီး​ေသးပါဘူး။ ဂိုးျဖစ္​ေျမာက္တယ္၊ ဂိုးအျဖစ္ မသတ္မွတ္သင့္ဘူးဆိုၿပီး လူမႈကြန္ရက္​ေပၚမွာ ​ေ၀ဖန္​ေျပာဆို​ေနၾကပါတယ္။