လူကောင်ကြီးလာအောင် စီရော်နယ်ဒိုဘယ်လိုစားခဲ့တယ်ဆိုတဲ့အကြောင်း ရွန်နီဖွင့်ဟ

photo-daily mail

photo-gettyimages

ဒီကနေ့အချိန်ခါမှာတော့ စီရော်နယ်ဒိုဟာ ခန္ဓာကိုယ်ထိန်းဖို့နဲ့ ထိပ်တန်းအဆင့်က သူ့ကစားသမားဘဝကို ဆွဲဆန့်နိုင်ရေးအတွက် တစ်နေ့ကို နည်းနည်းနဲ့ ၆ ကြိမ်စားပြီး အိပ်ရေး၀၀လင်လင်နဲ့ လန်းလန်းဆန်းဖြစ်အောင် တစ်ရက် အိပ်စက်မှု ၅ ကြိမ်ပြုလုပ်နေပါတယ်။ ဒါပေမဲ့ အသင်းဖော်ဟောင်းဝိန်းရွန်နီကတော့ မန်ယူကို စီရော်နယ်ဒိုစရောက်လာတုန်းက လူကောင်ကြီးလာအောင် ဘယ်လိုစားခဲ့တယ်ဆိုတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောပြလိုက်ပါတယ်။

photo-gettyimages

စပို့တင်းကနေ မန်ယူကို စီရော်နယ်ဒို စရောက်တုန်းက အခုလိုမဟုတ်ဘဲ အရမ်းကိုပိန်လှပြီး ပိန်ရှည်လေးဖြစ်နေတာပါ။ အဲဒီတုန်းက ရွန်နီဟာ လေ့ကျင့်ရေးနဲ့ ပွဲတွေမှာ သူ့ကားနဲ့အတူ စီရော်နယ်ဒိုကို ခေါ်သွားလေ့ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ မန်ယူရဲ့အောင်မြင်တဲ့ကာလတစ်ခုမှာ အတွဲညီခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက ပွဲတွေမတိုင်ခင် ဟမ်ဘာဂါလို အမြန်ပြင်အစားအစာတွေရောင်းတဲ့ McDonald’s ဆိုင်မှာ လူကောင်ကြီးလာအောင် စီရော်နယ်ဒိုဘယ်လိုစားခဲ့တယ်ဆိုတာ ရွန်နီက အခုလို ပြောပြပါတယ်။

photo-credit

”စီရော်နယ်ဒိုနဲ့ ကျွန်တော်ဟာ အဲဒီတုန်းက ပွဲတွေ၊ လေ့ကျင့်ခန်းအစီအစဉ်တွေကို အတူသွားလေ့ရှိပါတယ်။ ပွဲတစ်ပွဲမတိုင်ခင် McDonald’s ဆိုင်ရှေ့ရပ်ခဲ့တဲ့တစ်ညကို ကျွန်တော် မှတ်မိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ သူက Big Mac တစ်ခုစားချင်နေတာမို့ပါ။ အရမ်းပိန်နေတဲ့အတွက် သူက ဝိတ်တက်ဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော်လည်း သူ Big Mac စားရအောင် ကားမောင်းပို့ခဲ့ပါတယ်”လို့ ရွန်နီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ Big Mac ဆိုတာ McDonald’s ဆိုင်ရဲ့ နာမည်ကြီးဘာဂါဖြစ်ပြီး ပေါင်မုန့် ၃ ဆင့်နဲ့ဖြစ်ကာ တစ်ခုချင်းစီတိုင်းမှာ ကယ်လိုရီ ၅၄၀ ပါဝင်ပါတယ်။

[Zawgyi]

လူေကာင္ႀကီးလာေအာင္ စီေရာ္နယ္ဒိုဘယ္လုိစားခဲ့တယ္ဆုိတဲ့အေၾကာင္း ရြန္နီဖြင့္ဟ

ဒီကေန႔အခ်ိန္ခါမွာေတာ့ စီေရာ္နယ္ဒိုဟာ ခႏၶာကိုယ္ထိန္းဖုိ႔နဲ႔ ထိပ္တန္းအဆင့္က သူ႔ကစားသမားဘ၀ကို ဆြဲဆန္႔ႏိုင္ေရးအတြက္ တစ္ေန႔ကို နည္း္နည္းနဲ႔ ၆ ႀကိမ္စားၿပီး အိပ္ေရး၀၀လင္လင္နဲ႔ လန္းလန္းဆန္းျဖစ္ေအာင္ တစ္ရက္ အိပ္စက္မႈ ၅ ႀကိမ္ျပဳလုပ္ေနပါတယ္။ ဒါေပမဲ့ အသင္းေဖာ္ေဟာင္း၀ိန္းရြန္နီကေတာ့ မန္ယူကို စီေရာ္နယ္ဒိုစေရာက္လာတုန္းက လူေကာင္ႀကီးလာေအာင္ ဘယ္လိုစားခဲ့တယ္ဆိုတဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟေျပာျပလိုက္ပါတယ္။

စပို႔တင္းကေန မန္ယူကို စီေရာ္နယ္ဒို စေရာက္တုန္းက အခုလိုမဟုတ္ဘဲ အရမ္းကိုပိန္လွၿပီး ပိန္ရွည္ေလးျဖစ္ေနတာပါ။ အဲဒီတုန္းက ရြန္နီဟာ ေလ့က်င့္ေရးနဲ႔ ပြဲေတြမွာ သူ႔ကားနဲ႔အတူ စီေရာ္နယ္ဒိုကို ေခၚသြားေလ့ရွိပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ မန္ယူရဲ႕ေအာင္ျမင္တဲ့ကာလတစ္ခုမွာ အတြဲညီခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ အဲဒီတုန္းက ပြဲေတြမတိုင္ခင္ ဟမ္ဘာဂါလို အျမန္ျပင္အစားအစာေတြေရာင္းတဲ့ McDonald’s ဆိုင္မွာ လူေကာင္ႀကီးလာေအာင္ စီေရာ္နယ္ဒိုဘယ္လိုစားခဲ့တယ္ဆိုတာ ရြန္နီက အခုလို ေျပာျပပါတယ္။

”စီေရာ္နယ္ဒိုနဲ႔ ကၽြန္ေတာ္ဟာ အဲဒီတုန္းက ပြဲေတြ၊ ေလ့က်င့္ခန္းအစီအစဥ္ေတြကို အတူသြားေလ့ရွိပါတယ္။ ပြဲတစ္ပြဲမတိုင္ခင္ McDonald’s ဆိုင္ေရွ႕ရပ္ခဲ့တဲ့တစ္ညကို ကၽြန္ေတာ္ မွတ္မိပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက Big Mac တစ္ခုစားခ်င္ေနတာမို႔ပါ။ အရမ္းပိန္ေနတဲ့အတြက္ သူက ၀ိတ္တက္ဖို႔ ႀကိဳးစားခဲ့တာပါ။ ကၽြန္ေတာ္လည္း သူ Big Mac စားရေအာင္ ကားေမာင္းပို႔ခဲ့ပါတယ္”လုိ႔ ရြန္နီက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။ Big Mac ဆိုတာ McDonald’s ဆုိင္ရဲ႕ နာမည္ႀကီးဘာဂါျဖစ္ၿပီး ေပါင္မုန္႔ ၃ ဆင့္နဲ႔ျဖစ္ကာ တစ္ခုခ်င္းစီတိုင္းမွာ ကယ္လိုရီ ၅၄၀ ပါ၀င္ပါတယ္။