လူကာကူ အပေါ် အစာမကြေသေးတဲ့ အင်တာပရိသတ်တွေရဲ့ ဖျက်ဆီးရေးလုပ်ရပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်ပရိသတ်များဟာချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့တိုက်စစ်မှူးလူကာကူအပေါ်ယခုတိုင်အစာမကြေဖြစ်နေဆဲဖြစ်ပါတယ်။

အင်တာမီလန်ပရိသတ်များဟာချဲလ်ဆီးဆီကို လူကာကူပြောင်းရွှေ့သွားပြီးနောက်ဆန်စီရိုကွင်းအနီးတွင်ရေးဆွဲထားတဲ့လူကာကူရဲ့ဒုတိယမြောက်နံရံဆေးပန်းချီကိုလည်းဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။

ဒုတိယမြောက်ဖျက်ဆီးခံရတဲ့လူကာကူရဲ့နံရံဆေးပန်းချီမှာပြီးခဲ့တဲ့ရာသီတုန်းကမီလန်ဒါဘီပွဲတွင်လူကာကူနဲ့အီဘရာဟီမိုဗစ်တို့ခေါင်းချင်းဆိုင်ရန်ဖြစ်ပွားနေတဲ့ပုံကိုရေးဆွဲထားတာဖြစ်ပါတယ်။

အင်တာပရိသတ်တွေက လူကာကူရဲ့နံရံဆေးရေးပန်းချီမှာ သူ့မျက်နှာကို ဖျက်ဆီးလိုက်တာဖြစ်ပြီး အီတာလျံဘာသာစကားနဲ့ သစ္စာဖောက်ကို ရောင်းလိုက်ပြီဆိုတဲ့ စာသားပါ ရေးသားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ရဲ့ပုံကတော့ ဖျက်ဆီးခြင်း မခံခဲ့ရပါဘူး။

ချဲလ်ဆီးကို လူကာကူပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲ အောင်ပွဲခံနေတဲ့ လူကာကူရဲ့ နံရံဆေးရေးပန်းချီကို အင်တာပရိသတ်တွေ ဖျက်ဆီးခဲ့ကြပါသေးတယ်။

ချဲလ်ဆီးကို ပေါင် ၉၇.၅သန်းနဲ့ တိုက်စစ်မှူး လူကာကူ၊ပြီးခဲ့တဲ့ရာသီက ၁၁ နှစ်အတွင်း ပထမဆုံးစီးရီးအေချန်ပီယံဖြစ်ခဲ့ရာမှာ ပြိုင်ပွဲစုံဂိုး ၃၀ အထိ သွင်းယူခဲ့တဲ့ လူကာကူအပေါ် အင်တာပရိသတ်တွေဟာ အချစ်ကြီးသလို အမျက်လည်း ကြီးပြီး ဒေါသထွက်နေကြဆဲပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူကာကူ အ​ေပၚ အစာမ​ေၾက​ေသးတဲ့ အင္တာပရိသတ္​ေတြရဲ႕ ဖ်က္ဆီး​​ေရးလုပ္ရပ္

အင္တာမီလန္ပရိသတ္မ်ားဟာခ်ဲလ္ဆီးအသင္းဆီကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့တိုက္စစ္မႉးလူကာကူအေပၚယခုတိုင္အစာမေၾကျဖစ္ေနဆဲျဖစ္ပါတယ္။အင္တာမီလန္ပရိသတ္မ်ားဟာခ်ဲလ္ဆီးဆီကို လူကာကူေျပာင္းေ႐ႊ႕သြားၿပီးေနာက္ဆန္စီ႐ိုကြင္းအနီးတြင္ေရးဆြဲထားတဲ့လူကာကူရဲ႕ဒုတိယေျမာက္နံရံေဆးပန္းခ်ီကိုလည္းဖ်က္ဆီးမႈျပဳလုပ္ခဲ့ပါတယ္။

ဒုတိယေျမာက္ဖ်က္ဆီးခံရတဲ့လူကာကူရဲ႕နံရံေဆးပန္းခ်ီမွာၿပီးခဲ့တဲ့ရာသီတုန္းကမီလန္ဒါဘီပြဲတြင္လူကာကူနဲ႔အီဘရာဟီမိုဗစ္တို႔ေခါင္းခ်င္းဆိုင္ရန္ျဖစ္ပြားေနတဲ့ပုံကိုေရးဆြဲထားတာျဖစ္ပါတယ္။

အင္တာပရိသတ္ေတြက လူကာကူရဲ႕နံရံေဆးေရးပန္းခ်ီမွာ သူ႔မ်က္ႏွာကို ဖ်က္ဆီးလိုက္တာျဖစ္ၿပီး အီတာလ်ံဘာသာစကားနဲ႔ သစၥာေဖာက္ကို ေရာင္းလိုက္ၿပီဆိုတဲ့ စာသားပါ ေရးသားခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ရဲ႕ပုံကေတာ့ ဖ်က္ဆီးျခင္း မခံခဲ့ရပါဘူး။ခ်ဲလ္ဆီးကို လူကာကူေျပာင္းေ႐ႊ႕ၿပီးသိပ္မၾကာခင္မွာပဲ ေအာင္ပြဲခံေနတဲ့ လူကာကူရဲ႕ နံရံေဆးေရးပန္းခ်ီကို အင္တာပရိသတ္ေတြ ဖ်က္ဆီးခဲ့ၾကပါေသးတယ္။

ခ်ဲလ္ဆီးကို ေပါင္ ၉၇.၅သန္းနဲ႔ တိုက္စစ္မႉး လူကာကူ၊ၿပီးခဲ့တဲ့ရာသီက ၁၁ ႏွစ္အတြင္း ပထမဆုံးစီးရီးေအခ်န္ပီယံျဖစ္ခဲ့ရာမွာ ၿပိဳင္ပြဲစုံဂိုး ၃၀ အထိ သြင္းယူခဲ့တဲ့ လူကာကူအ​ေပၚ အင္တာပရိသတ္​ေတြဟာ အခ်စ္ႀကီးသလို အမ်က္လည္း ႀကီးၿပီး ​ေဒါသထြက္​ေနၾကဆဲပါ။