လူကာကူ မန်ချက်စတာကနေထွက်ခါနီး ရော်နယ်ဒိုဆီကနေ အကြံဉာဏ်ယူခဲ့

photo internet

ကစားသမားတွေဟာ အသင်းတစ်သင်းကနေ နောက်တစ်သင်းကို ပြောင်းဖို့အတွက် စဉ်းစားချင့်ချိန်ကြရသလို၊ အဖက်ဖက်ကနေအကြံဉာဏ်ရယူကြတာမျိုးလည်းရှိပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက မန်ချက်စတာကနေ ထွက်ခွာသွားတဲ့ လူကာကူဟာ အသင်းပြောင်းခါနီးတုန်းက စီရော်နယ်ဒိုရဲ့အကြံဉာဏ်ကို ရယူခဲ့ကြောင်း ပြောဆိုလာခဲ့ပါတယ်။ လူကာကူဟာ မန်ချက်စတာကနေ အင်တာမီလန်အသင်းဆီကို ပေါင် 75 သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

photo internet

လူကာကူဟာ မန်ချက်စတာအသင်းဆီကို နည်းပြဟောင်း မော်ရင်ဟိုလက်ထက်က ရောက်ရှိခဲ့တာဖြစ်ပေမယ့် နည်းပြဆိုလ်းရှားလက်ထက်မှာတော့ ဝိတ်တက်တဲ့ပြဿနာအပြင် ခြေစွမ်းအနေအထားတွေကြောင့် အသင်းနဲ့ပရိသတ်တွေရဲ့ ငြိုငြင်တာကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အီတလီဆီကိုပြောင်းရွှေ့ သွားခဲ့တာဖြစ်ပြီး၊ အသင်းပြောင်းပြီးနောက်မှာတော့ ခြေစွမ်းတွေပြနေတာကိုတွေ့ရပါတယ်။ လူကာကူဟာ 22 ပွဲကစားထားပြီး 12 ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။

photo internet

“ကျွန်တော်အသင်းမပြောင်းခင် ရော်နယ်ဒိုကို အကြံဉာဏ်တချို့တောင်းခဲ့ပါတယ်။ ရော်နယ်ဒိုက စီးရီးအေဟာခံစစ်ပိုင်း ကစားရအခက်ဆုံးလိဂ်လို့ပြောပါတယ်။ ပြီးတော့ သူက လိဂ်တိုင်းမှာဂိုးအများကြီးသွင်းနိုင်ပေမယ့် အဲဒီမှာတော့ သူ့အတွက်ခက်ကြောင်းဒိုလေးကပြောပါတယ်။ ရော်နယ်ဒိုလိုလူကတောင် ဒီလိုပြောမှတော့ အဲဒီလိဂ်ဟာခက်တာ သေချာတာပေါ့။ ကျွန်တော့်အတွက် ပရီးမီးယားလိဂ်ကကောင်းပေမယ့် ကျွန်တော်အသင်းပြောင်းဖို့လိုနေပါတယ်။ ဒါကြောင့်ဘယ်သွားရမလဲဆိုပြီးစဉ်းစားတော့ အီတလီကိုရောက်လာခဲ့တာပါ”လို့ လူကာကူကပြောပါတယ်။

photo internet

“ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက ကိုယ်ခန္ဓာကျန်းမာရေးအတွက် လေ့ကျင့်တာတွေပိုလုပ်ခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုဖို့အတွက်လည်း စကားသင်ယူတာကို လေးပတ်လောက် ကြိုးစားသင်ယူခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော့်ကို အင်္ဂလိပ်လိုမပြောကြတော့ပါဘူး”လို့ လူကာကူက ပြောပါတယ်။ စီရော်နယ်ဒိုဟာ ကစားသမားတွေအသင်းပြောင်းဖို့အတွက် မကြာခဏအကြံဉာဏ်ပေးတတ်သလို၊ လူငယ်ကစားသမားတွေကို ဘယ်အသင်းဆီပြောင်းသင့်တယ်ဆိုတာကိုလည်း တစ်ခါတလေအကြံပေးတတ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း ကစားသမားတွေခေါ်ယူတဲ့အခါမှာလည်း စီရော်နယ်ဒိုရဲ့အကြံဉာဏ်တွေတစ်ခါတလေပါဝင် တတ်ပါသေးတယ်။

photo internet

(Zawgyi Version)

လူကာကူ မန္ခ်က္စတာကေနထြက္ခါနီး ေရာ္နယ္ဒိုဆီကေန အႀကံဥာဏ္ယူခဲ့

ကစားသမားေတြဟာ အသင္းတစ္သင္းကေန ေနာက္တစ္သင္းကို ေျပာင္းဖုိ႔အတြက္ စဥ္းစားခ်င့္ခ်ိန္ၾကရသလုိ၊ အဖက္ဖက္ကေနအႀကံဥာဏ္ရယူၾကတာမ်ဳိးလည္းရိွပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက မန္ခ်က္စတာကေန ထြက္ခြာသြားတဲ့ လူကာကူဟာ အသင္းေျပာင္းခါနီးတုန္းက စီေရာ္နယ္ဒိုရဲ႕အႀကံဥာဏ္ကို ရယူခဲ့ေၾကာင္း ေျပာဆိုလာခဲ့ပါတယ္။ လူကာကူဟာ မန္ခ်က္စတာကေန အင္တာမီလန္အသင္းဆီကို ေပါင္ 75 သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

လူကာကူဟာ မန္ခ်က္စတာအသင္းဆီကို နည္းျပေဟာင္း ေမာ္ရင္ဟိုလက္ထက္က ေရာက္ရွိခဲ့တာျဖစ္ေပမယ့္ နည္းျပဆိုလ္းရွားလက္ထက္မွာေတာ့ ဝိတ္တက္တဲ့ျပႆနာအျပင္ ေျခစြမ္းအေနအထားေတြေၾကာင့္ အသင္းနဲ႔ပရိသတ္ေတြရဲ႕ ၿငိဳျငင္တာကို ခံခဲ့ရတာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ အီတလီဆီကိုေျပာင္းေရႊ႕ သြားခဲ့တာျဖစ္ၿပီး၊ အသင္းေျပာင္းၿပီးေနာက္မွာေတာ့ ေျခစြမ္းေတြျပေနတာကိုေတြ႕ရပါတယ္။ လူကာကူဟာ 22 ပြဲကစားထားၿပီး 12 ဂိုးအထိသြင္းယူေပးထားႏိုင္ပါတယ္။

“ကၽြန္ေတာ္အသင္းမေျပာင္းခင္ ေရာ္နယ္ဒိုကို အႀကံဥာဏ္တခ်ဳိ႕ေတာင္းခဲ့ပါတယ္။ ေရာ္နယ္ဒိုက စီးရီးေအဟာခံစစ္ပိုင္းကစားရအခက္ဆုံးလိဂ္လို႔ေျပာပါတယ္။ ၿပီးေတာ့ သူက လိဂ္တုိင္းမွာဂိုးအမ်ားႀကီးသြင္းႏိုင္ေပမယ့္ အဲဒီမွာေတာ့ သူ႔အတြက္ခက္ေၾကာင္းဒိုေလးကေျပာပါတယ္။ ေရာ္နယ္ဒိုလုိလူကေတာင္ ဒီလုိေျပာမွေတာ့ အဲဒီလိဂ္ဟာခက္တာေသခ်ာတာေပါ့။ ကၽြန္ေတာ့္အတြက္ ပရီးမီးယားလိဂ္ကေကာင္းေပမယ့္ ကၽြန္ေတာ္အသင္းေျပာင္းဖို႔လိုေနပါတယ္။ ဒါေၾကာင့္ဘယ္သြားရမလဲဆိုၿပီးစဥ္းစားေတာ့ အီတလီကိုေရာက္လာခဲ့တာပါ”လို႔ လူကာကူကေျပာပါတယ္။

“ၿပီးခဲ့တဲ့ မတ္လေလာက္ကတည္းက ကိုယ္ခႏၶာက်န္းမာေရးအတြက္ ေလ့က်င့္တာေတြပိုလုပ္ခဲ့ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ဆက္သြယ္ေျပာဆိုဖို႔အတြက္လည္း စကားသင္ယူတာကို ေလးပတ္ေလာက္ ႀကိဳးစားသင္ယူခဲ့ပါတယ္။ အခုခ်ိန္မွာ ကၽြန္ေတာ့္ကို အဂၤလိပ္လိုမေျပာၾကေတာ့ပါဘူး”လို႔ လူကာကူက ေျပာပါတယ္။ စီေရာ္နယ္ဒိုဟာ ကစားသမားေတြအသင္းေျပာင္းဖို႔အတြက္ မၾကာခဏအႀကံဥာဏ္ေပးတတ္သလုိ၊ လူငယ္ကစားသမားေတြကို ဘယ္အသင္းဆီေျပာင္းသင့္တယ္ဆိုတာကိုလည္း တစ္ခါတေလအႀကံေပးတတ္ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္း ကစားသမားေတြေခၚယူတဲ့အခါမွာလည္း စီေရာ္နယ္ဒိုရဲ႕အႀကံဥာဏ္ေတြတစ္ခါတေလပါ၀င္တတ္ပါေသးတယ္။