လူကာကူေၾကာင့္ ေဆာင္းေစ်းကြက္မွာ ေပါင္ ၇၅သန္းသုံးခြင့္ရေတာ့မယ့္ ယူႏိုက္တက္

Photo Credit ; Getty Images

Photo Credit ; Getty Images / AFP

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တိုက္စစ္မွဴး လူကာကူကို အင္တာမီလန္အသင္းဆီ ေရာင္းခ်လုိက္မႈေၾကာင့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားသစ္ေခၚယူမႈအတြက္ ေပါင္ ၇၅သန္းအထိ သုံးစြဲခြင့္ရရွိေတာ့မွာျဖစ္ေၾကာင္း သတင္းေတြက ေရးသားေဖာ္ျပလ်က္ရွိပါတယ္။

Photo Credit 

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အဆိုပါ ဘယ္လ္ဂ်ီယံသားကို ဒီလအေစာပိုင္းက အင္တာမီလန္အသင္းဆီ ေရာင္းခ်ခဲ့တာ ျဖစ္ၿပီး နည္းျပဆိုးလ္ရွားလည္း ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို ကစားသမားသစ္ ေခၚယူမႈေတြျပဳလုပ္ကာ ၿပင္ဆင္မႈေတြ ျပဳလုပ္ထားခဲ့တယ္လို႔ သိရပါတယ္။

Photo Credit ; Getty Images

နည္းျပဆိုးလ္ရွားဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အာရြန္ဝမ္ဘစ္ဆာကာ၊ ဒန္နီရယ္ဂ်ိမ္းစ္နဲ႔ ဟယ္ရီမက္ဂြိဳင္းယားတို႔ကို ေခၚယူဖုိ႔ ေပါင္ သန္း ၁၅၀ ခန္႔ အသံုးျပဳထားခဲ့ပါတယ္။ ဒီေႏြရာသီမွာစပို႔တင္းလစၥဘြန္းကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ရဲ႔ ပစ္မွတ္ျဖစ္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ပိတ္သိမ္းခ်ိန္ထိ အသင္းကိုေခၚယူႏိုင္ျခင္းမရွိခဲ့ပါဘူး။

Photo Credit

ဒါ့အျပင္ ေဒါ႔မြန္ လူငယ္ေတာင္ပံကစားသမားေဂ်ာ္ဒန္ဆန္ခ်ိဳကလည္း ယူႏိုက္တက္ရဲ႕ ကာလရွည္ ပစ္မွတ္အျဖစ္ ရွိေနပါတယ္။ ဥေရာပအေျပာင္းအေရႊ႕ ေစ်းကြက္ဟာ စက္တင္ဘာ ၂ ရက္မွာပိတ္သိမ္းမွာ ျဖစ္ၿပီး ယူႏိုက္တက္မွာေျခစြမ္းေပ်ာက္ဆံုးေနတဲ့ တုိက္စစ္မွဴးဆန္းခ်က္ဇ္ကလည္း အသင္းေဖာ္ေဟာင္းလူကာကူေျပာင္းေရႊ႕သြားခဲ့တဲ့ အင္တာမီလန္ကိုသြားေရာက္ပူးေပါင္းေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

Photo Credit ; Getty Images

ကြင္းလယ္လူေပါ့ဂ္ဘာကိုလည္း ရီးရဲလ္မက္ဒရစ္အသင္းက အသည္းအသန္ ခ်ိတ္ဆက္ေနၿပီး ယူႏိုက္တက္မွာ ျပင္သစ္သားရဲ႕အနာဂတ္ကလည္းမေရမရာ ျဖစ္ေနပါတယ္။

Photo Credit ; Getty Images

Unicode

လူကာကူကြောင့် ဆောင်းဈေးကွက်မှာ ပေါင် ၇၅သန်းသုံးခွင့်ရတော့မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းချလိုက်မှုကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင် ၇၅သန်းအထိ သုံးစွဲခွင့်ရရှိတော့မှာဖြစ်ကြောင်း သတင်းတွေက ရေးသားဖော်ပြလျက်ရှိပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြချက်အရ အဆိုပါ ဘယ်လ်ဂျီယံသားကို ဒီလအစောပိုင်းက အင်တာမီလန်အသင်းဆီ ရောင်းချခဲ့တာ ဖြစ်ပြီး နည်းပြဆိုးလ်ရှားလည်း ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို ကစားသမားသစ် ခေါ်ယူမှုတွေပြုလုပ်ကာ ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။
နည်းပြဆိုးလ်ရှားဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အာရွန်ဝမ်ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိမ်းစ်နဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ကို ခေါ်ယူဖို့ ပေါင် သန်း ၁၅၀ ခန့် အသုံးပြုထားခဲ့ပါတယ်။ ဒီနွေရာသီမှာစပို့တင်းလစ္စဘွန်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပိတ်သိမ်းချိန်ထိ အသင်းကိုခေါ်ယူနိုင်ခြင်းမရှိခဲ့ပါဘူး။
ဒါ့အပြင် ဒေါ့မွန် လူငယ်တောင်ပံကစားသမားဂျော်ဒန်ဆန်ချိုကလည်း ယူနိုက်တက်ရဲ့ ကာလရှည် ပစ်မှတ်အဖြစ် ရှိနေပါတယ်။ ဥရောပအပြောင်းအရွှေ့ ဈေးကွက်ဟာ စက်တင်ဘာ ၂ ရက်မှာပိတ်သိမ်းမှာ ဖြစ်ပြီး ယူနိုက်တက်မှာခြေစွမ်းပျောက်ဆုံးနေတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ကလည်း အသင်းဖော်ဟောင်းလူကာကူပြောင်းရွှေ့သွားခဲ့တဲ့ အင်တာမီလန်ကိုသွားရောက်ပူးပေါင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကွင်းလယ်လူပေါ့ဂ်ဘာကိုလည်း ရီးရဲလ်မက်ဒရစ်အသင်းက အသည်းအသန် ချိတ်ဆက်နေပြီး ယူနိုက်တက်မှာ ပြင်သစ်သားရဲ့အနာဂတ်ကလည်းမရေမရာ ဖြစ်နေပါတယ်။