
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူးဟောင်းလူကာကူကို အင်တာမီလန်အသင်းဆီကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၉၇.၅)သန်းအထိပေးပြီး ပြန်ခေါ်ခဲ့ပေမယ့် အခုနွေရာသီကာလအတွင်း အသင်းရဲ့အပြောင်းအရွှေ့အသားတင်အသုံးစရိတ်က ပေါင်(၁.၅)သန်းသာရှိသေးတာဖြစ်ပါတယ်။
အခုလောလောဆယ် ချယ်လ်ဆီးအသင်းဟာ ကစားသမားနှစ်ဦးကိုသာ ခေါ်ယူထားပြီး လူကာကူအပြင် ဖူလ်ဟမ်ဂိုးသမားဘက်တင်နယ်လီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာပါ။
ချယ်လ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးအသုံးပြုခဲ့ရပေမယ့် အခုနွေရာသီကာလအတွင်း ကစားသမား(၉)ဦးအထိရောင်းချခဲ့တာကနေ ပြောင်းရွှေ့ကြေးပြန်ရထားတာကြောင့် သူတို့ရဲ့အသားတင်အသုံးစရိတ်က ပေါင်(၁.၅)သန်းသာရှိနေတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနောက်ခံလူတိုမိုရီဟာ အေစီမီလန်အသင်းဆီ ပေါင်(၂၅)သန်းနဲ့အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီး လူငယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ မာ့ခ်ဂွီဟီကိုလည်း ပဲလေ့စ်အသင်းက ပေါင်သန်း(၂၀)နဲ့ခေါ်ယူခဲ့သလို ၀ါရင့်တိုက်စစ်မှူးဂျရူးကလည်း အေစီမီလန်အသင်းဆီ ပေါင်(၁)သန်းနဲ့ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားကလပ်စပါးတပ်မော်စကိုအသင်းမှာ အငှားနဲ့သွားကစားနေတဲ့ ဗစ်တာမိုဆက်စ်ကို စပါးတပ်မော်စကိုအသင်းက ပေါင်(၄)သန်းနဲ့အပြီးသတ်ခေါ်ယူခဲ့တဲ့အပြင်
လစ်ဗရာမန်တို၊ ဒိုင်နယ်လ်ဆီမူ(ဆောက်သမ်တန်)၊ လူးဝစ်ဘိတ်(လိဒ်စ်)၊ အီကီယူဘို(ဂျန့်)တို့ရဲ့အပြောင်းအရွှေ့ကနေ စုစုပေါင်း ပေါင်(၁၂)သန်းအထိရရှိခဲ့ပါတယ်။
အခုနောက်ဆုံး အင်္ဂလန်လူငယ်တိုက်စစ်မှူးအေဘရာဟမ်က ချယ်လ်ဆီးနည်းပြဟောင်းမော်ရင်ဟိုကိုင်တွယ်နေတဲ့ ရိုးမားအသင်းကို တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပြီး အဲဒီအတွက် ချယ်လ်ဆီးအသင်း ပေါင်(၃၄)သန်းအထိရရှိမှာပါ။
ချယ်လ်ဆီးအသင်းရဲ့ အသားတင်အသုံးစရိတ်က ပေါင်(၁)သန်းကျော်သာရှိသေးတဲ့အပြင် အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် ကစားသမားသစ်တစ်ဦး ဆက်လက်ခေါ်ယူသွားဖို့ပြင်ဆင်နေပြီး ဆီဗီလာအသင်းက ပြင်သစ်လက်ရွေးစင်နောက်ခံလူခွန်ဒဲလ်ကို ခေါ်ယူနိုင်ဖို့ကြိုးပမ်းသွားမှာလည်းဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
လူကာကူအတြက္ ေပါင္(၉၇.၅)သန္းအထိကုန္က်ခဲ့ေပမယ့္ ခ်ယ္လ္ဆီးအသင္းရဲ႕ အသားတင္အသုံးအစရိတ္က ေပါင္(၁.၅)သန္းသာရွိေန
ခ်ယ္လ္ဆီးအသင္းဟာ သူတို႔ရဲ႕တိုက္စစ္မႉးေဟာင္းလူကာကူကို အင္တာမီလန္အသင္းဆီကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္(၉၇.၅)သန္းအထိေပးၿပီး ျပန္ေခၚခဲ့ေပမယ့္ အခုေႏြရာသီကာလအတြင္း အသင္းရဲ႕အေျပာင္းအေ႐ႊ႕အသားတင္အသုံးစရိတ္က ေပါင္(၁.၅)သန္းသာရွိေသးတာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းဟာ ကစားသမားႏွစ္ဦးကိုသာ ေခၚယူထားၿပီး လူကာကူအျပင္ ဖူလ္ဟမ္ဂိုးသမားဘက္တင္နယ္လီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားတာပါ။
ခ်ယ္လ္ဆီးအသင္းအေနနဲ႔ လူကာကူအတြက္ ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးအသုံးျပဳခဲ့ရေပမယ့္ အခုေႏြရာသီကာလအတြင္း ကစားသမား(၉)ဦးအထိေရာင္းခ်ခဲ့တာကေန ေျပာင္းေ႐ႊ႕ေၾကးျပန္ရထားတာေၾကာင့္ သူတို႔ရဲ႕အသားတင္အသုံးစရိတ္က ေပါင္(၁.၅)သန္းသာရွိေနတာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းေနာက္ခံလူတိုမိုရီဟာ ေအစီမီလန္အသင္းဆီ ေပါင္(၂၅)သန္းနဲ႔အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့ၿပီး လူငယ္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ မာ့ခ္ဂြီဟီကိုလည္း ပဲေလ့စ္အသင္းက ေပါင္သန္း(၂၀)နဲ႔ေခၚယူခဲ့သလို ၀ါရင့္တိုက္စစ္မႉးဂ်႐ူးကလည္း ေအစီမီလန္အသင္းဆီ ေပါင္(၁)သန္းနဲ႔ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ပါတယ္။
ဒါ့အျပင္ ႐ုရွားကလပ္စပါးတပ္ေမာ္စကိုအသင္းမွာ အငွားနဲ႔သြားကစားေနတဲ့ ဗစ္တာမိုဆက္စ္ကို စပါးတပ္ေမာ္စကိုအသင္းက ေပါင္(၄)သန္းနဲ႔အၿပီးသတ္ေခၚယူခဲ့တဲ့အျပင္ လစ္ဗရာမန္တို၊ ဒိုင္နယ္လ္ဆီမူ(ေဆာက္သမ္တန္)၊ လူးဝစ္ဘိတ္(လိဒ္စ္)၊ အီကီယူဘို(ဂ်န႔္)တို႔ရဲ႕အေျပာင္းအေ႐ႊ႕ကေန စုစုေပါင္း ေပါင္(၁၂)သန္းအထိရရွိခဲ့ပါတယ္။ အခုေနာက္ဆုံး အဂၤလန္လူငယ္တိုက္စစ္မႉးေအဘရာဟမ္က ခ်ယ္လ္ဆီးနည္းျပေဟာင္းေမာ္ရင္ဟိုကိုင္တြယ္ေနတဲ့ ႐ိုးမားအသင္းကို တရားဝင္ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ၿပီး အဲဒီအတြက္ ခ်ယ္လ္ဆီးအသင္း ေပါင္(၃၄)သန္းအထိရရွိမွာပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ အသားတင္အသုံးစရိတ္က ေပါင္(၁)သန္းေက်ာ္သာရွိေသးတဲ့အျပင္ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ ကစားသမားသစ္တစ္ဦး ဆက္လက္ေခၚယူသြားဖို႔ျပင္ဆင္ေနၿပီး ဆီဗီလာအသင္းက ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူခြန္ဒဲလ္ကို ေခၚယူႏိုင္ဖို႔ႀကိဳးပမ္းသြားမွာလည္းျဖစ္ပါတယ္။