လူကာကူအတြက္ ေပါင္ ၅၄ သန္းနဲ႔ကမ္းလွမ္းမႈကို မန္ယူပယ္ခ်

မန္ယူအသင္းဟာ တိုက္စစ္မွဴ း လူကာကူကိုေခၚယူဖို႔ အင္တာမီလန္ကေပါင္ ၅၄ သန္းနဲ႔ကမ္းလွမ္းမႈကိုပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ အင္တာမီလန္ဟာ လူကာကူကိုေခၚယူဖို႔ စိတ္၀င္စားေနေပမယ္႔ မန္ယူဘက္ကသတ္မွတ္ေစ်းႏႈန္းကို မလိုက္ႏိုင္ဘဲျဖစ္ေနပါတယ္။

မန္ယူဟာ လူကာကူအတြက္ကနဦးေျပာင္းေရႊ႕ေၾကးေပါင္ ၇၅ သန္းအျပင္စုစုေပါင္းတန္ေၾကးေပါင္သန္း ၉၀ အထိရရွိလိုေနတာပါ။ ဒါေၾကာင့္လည္း အင္တာဟာ ဒီေစ်းႏႈန္းအတိုင္းမကမ္းလွမ္းႏိုင္ဘဲျဖစ္ေနလို႔ နည္းျပ ကြန္တီကေတာင္ လူကာကူကိုေခၚယူေရး တိုးတက္မႈေတြမရွိဘူးလို႔ မၾကာေသးခင္ကဘဲ ေျပာၾကားထားပါတယ္။

 

ဒါေပမယ္႔ သူတို႔ႏွစ္သင္းစင္ကာပူမွာေတြ႔ဆုံယွဥ္ၿပိဳင္ခဲ့တဲ႔ ICC ဖိတ္ေခၚဖလားပြဲစဥ္မတိုင္ခင္မွာ အင္တာဘက္က အခုလိုကမ္းလွမ္းလိုက္တာျဖစ္ၿပီး မန္ယူကလည္းသူတို႔သတ္မွတ္ေစ်းႏႈန္းနဲ႔အမ်ားႀကီး ကြာဟေနတဲ႔အတြက္ပယ္ခ်လိုက္တာျဖစ္ပါတယ္။ ဒါေပမယ္႔လည္း လူကာကူ ဟာအင္တာနဲ႔ပြဲလူစာရင္းမွာမပါ၀င္ခဲ့တဲ႔အတြက္ သူဟာအသင္းေျပာင္းဖို႔ အခြင့္အေရးဆက္ရွိေနတုန္းဘဲလို႔ သုံးသပ္ၾကပါတယ္။

အင္တာဟာ လူကာကူကိုေခၚယူဖို႔အတြက္ ရွိထားတဲ႔သူေတြကိုအရင္ေရာင္းခ်ဖို႔လိုအပ္ေနတယ္လို႔လည္း အီတလီမီဒီယာေတြမွာေဖာ္ျပၾကပါတယ္။ အင္တာဟာ ႏိုင္ဂိုလန္နဲ႔ အိုင္ကာဒီတို႔ကိုေရာင္းခ်ဖို႔ စီစဥ္ထားၿပီးျဖစ္ေပမယ္႔ ဘာမွအေၾကာင္းမထူးေသးပါဘူး။

ဒါေၾကာင့္လည္း နည္းျပ ကြန္တီဟာ ကလပ္ပိုင္ရွင္ စတီဖင္ဇန္၊ အေထြေထြဒါရိုက္တာ ဘက္ပီမာေရာ႔တာ၊ အားကစားဒါရိုက္တာ ေအာ္စီလီယိုတို႔နဲ႔ တနလၤာေန႔က်ရင္ တရုတ္ႏိုင္ငံ နန္က်င္းၿမိဳ႕မွာေတြ႔ဆုံေဆြးေႏြးဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။

Unicode

လူကာကူအတွက် ပေါင် ၅၄ သန်းနဲ့ကမ်းလှမ်းမှုကို မန်ယူပယ်ချ
မန်ယူအသင်းဟာ တိုက်စစ်မှူ း လူကာကူကိုခေါ်ယူဖို့ အင်တာမီလန်ကပေါင် ၅၄ သန်းနဲ့ကမ်းလှမ်းမှုကိုပယ်ချလိုက်တယ်လို့ သိရပါတယ်။ အင်တာဟာ လူကာကူကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် မန်ယူဘက်ကသတ်မှတ်ဈေးနှုန်းကို မလိုက်နိုင်ဘဲဖြစ်နေပါတယ်။

မန်ယူဟာ လူကာကူအတွက်ကနဦးပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းအပြင်စုစုပေါင်းတန်ကြေးပေါင်သန်း ၉၀ အထိရရှိလိုနေတာပါ။ ဒါကြောင့်လည်း အင်တာဟာ ဒီဈေးနှုန်းအတိုင်းမကမ်းလှမ်းနိုင်ဘဲဖြစ်နေလို့ နည်းပြ ကွန်တီကတောင် လူကာကူကိုခေါ်ယူရေး တိုးတက်မှုတွေမရှိဘူးလို့ မကြာသေးခင်ကဘဲ ပြောကြားထားပါတယ်။

ဒါပေမယ့် သူတို့နှစ်သင်းစင်ကာပူမှာတွေ့ဆုံယှဉ်ပြိုင်ခဲ့တဲ့ ICC ဖိတ်ခေါ်ဖလားပွဲစဉ်မတိုင်ခင်မှာ အင်တာဘက်က အခုလိုကမ်းလှမ်းလိုက်တာဖြစ်ပြီး မန်ယူကလည်းသူတို့သတ်မှတ်ဈေးနှုန်းနဲ့အများကြီး ကွာဟနေတဲ့အတွက်ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူကာကူ ဟာအင်တာနဲ့ပွဲလူစာရင်းမှာမပါဝင်ခဲ့တဲ့အတွက် သူဟာအသင်းပြောင်းဖို့ အခွင့်အရေးဆက်ရှိနေတုန်းဘဲလို့ သုံးသပ်ကြပါတယ်။

အင်တာဟာ လူကာကူကိုခေါ်ယူဖို့အတွက် ရှိထားတဲ့သူတွေကိုအရင်ရောင်းချဖို့လိုအပ်နေတယ်လို့လည်း အီတလီမီဒီယာတွေမှာဖော်ပြကြပါတယ်။ အင်တာဟာ နိုင်ဂိုလန်နဲ့ အိုင်ကာဒီတို့ကိုရောင်းချဖို့ စီစဉ်ထားပြီးဖြစ်ပေမယ့် ဘာမှအကြောင်းမထူးသေးပါဘူး။

ဒါကြောင့်လည်း နည်းပြ ကွန်တီဟာ ကလပ်ပိုင်ရှင် စတီဖင်ဇန်၊ အထွေထွေဒါရိုက်တာ ဘက်ပီမာရော့တာ၊ အားကစားဒါရိုက်တာ အော်စီလီယိုတို့နဲ့ တနင်္လာနေ့ကျရင် တရုတ်နိုင်ငံ နန်ကျင်းမြို့မှာတွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။