လူကာကူအတြက္ ဒိုင္ဘာလာအျပင္ မန္ဇူကစ္ကိုပါ အလိုက္ေပးဖို႔ ဂ်ဴ ဗင္တပ္စီစဥ္ထား

ဂ်ဴ ဗင္တပ္အသင္းဟာ မန္ယူတိုက္စစ္မွဴ း လူကာကူကိုရဖို႔အတြက္ဒိုင္ဘာလာကိုအလိုက္ေပးဖို႔ ကမ္းလွမ္းထားတဲ႔အျပင္ ေငြေၾကးထပ္မေပးရဖို႔အတြက္ မန္ဇူကစ္ကိုပါေပးဖို႔ စီစဥ္ထားတယ္လို႔ အီတလီသတင္းေတြမွာ ေဖာ္ျပသြားခဲ့ပါတယ္

လူကာကူကိုအင္တာမီလန္ကေခၚယူဖို႔က စိတ္၀င္စားၿပီးကမ္းလွမ္းမႈေတြလုပ္ခဲ့ေပမယ္႔ မန္ယူအလိုရွိတဲ႔ေစ်းႏႈန္းမ်ဳိးမေပးႏိုင္တဲ႔ အတြက္ေဆြးေႏြးမႈေတြကရပ္တန္႔လုနီးပါးျဖစ္ခဲ့ရတာပါ။ ဒါေၾကာင့္ ဂ်ဴ ဗင္တပ္က ဒိုင္ဘာလာနဲ႔လဲမယ္ဆိုၿပီး ကမ္းလွမ္းထားတဲ႔အျပင္ မန္ယူကိုေျပာင္းေရႊ႕ေရးေဆြးေႏြးဖို႔ ကစားသမားရဲ႕ေအးဂ်င့္ကလည္း အဂၤလန္ကိုေရာက္ေနတာပါ။

မန္ယူဟာ ဂ်ဴ ဗင္တပ္ဘက္ကကမ္းလွမ္းမႈကိုလက္ခံဖို႔ရွိေနေပမယ္႔ ေငြေၾကးအလိုက္ထပ္ေတာင္းဖို႔ရွိေနလို႔ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ႔ မန္ဇူကစ္ ကိုပါအလိုက္ေပးဖို႔ စီစဥ္ေနတာျဖစ္တယ္လို႔  Tuttomercatoweb and Gazzetta dello Sport သတင္းစာေတြကေဖာ္ျပသြားၾကပါတယ္။

၂၀၁၅ ကအက္သလက္တီကိုကေနေျပာင္းေရႊ႕လာတဲ႔ မန္ဇူကစ္ဟာ ဂ်ဴ ဗင္တပ္ရဲ႕အဓိက ကစားသမားျဖစ္ခဲ့ေပမယ္႔ နည္းျပဆာရီေရာက္လာမႈနဲ႔အတူ လူကာကူပါထပ္ေရာက္လာမယ္ဆိုရင္သူ႔ရဲ႕ကစားခြင့္က အရမး္ကိုနည္းပါးသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဂ်ဴ ဗင္တပ္ကလည္း မန္ဇူကစ္အတြက္ေျပာင္းေရႊ႕ေၾကးကိုတြက္မေနေတာ႔ဘဲ မန္ယူကလက္ခံမယ္ဆိုရင္ အလိုက္ေပးဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

ဆာရီဟာ ေႏြရာသီေျခစမ္းပြဲေတြမွာ မန္ဇူကစ္ထက္ ဟီဂူအင္ကိုသာအဓိက အသုံးျပဳခဲ့လို႔ ရာသီသစ္မွာဘယ္သူက ပိုၿပီးေနရာရႏိုင္မလဲဆိုတာလည္း ထင္ရွားသြားလို႔ အဲဒီခရိုေအးရွားလက္ေရြးစင္ကိုယ္တိုင္ကလည္း အသင္းေျပာင္းဖို႔စိတ္ကူးရွိေနတယ္လို႔ သိရပါတယ္။

Unicode

လူကာကူအတွက် ဒိုင်ဘာလာအပြင် မန်ဇူကစ်ကိုပါ အလိုက်ပေးဖို့ ဂျူ ဗင်တပ်စီစဉ်ထား
ဂျူ ဗင်တပ်အသင်းဟာ မန်ယူတိုက်စစ်မှူ း လူကာကူကိုရဖို့အတွက်ဒိုင်ဘာလာကိုအလိုက်ပေးဖို့ ကမ်းလှမ်းထားတဲ့အပြင် ငွေကြေးထပ်မပေးရဖို့အတွက် မန်ဇူကစ်ကိုပါပေးဖို့ စီစဉ်ထားတယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြသွားခဲ့ပါတယ်

လူကာကူကိုအင်တာမီလန်ကခေါ်ယူဖို့က စိတ်ဝင်စားပြီးကမ်းလှမ်းမှုတွေလုပ်ခဲ့ပေမယ့် မန်ယူအလိုရှိတဲ့ဈေးနှုန်းမျိုးမပေးနိုင်တဲ့ အတွက်ဆွေးနွေးမှုတွေကရပ်တန့်လုနီးပါးဖြစ်ခဲ့ရတာပါ။ ဒါကြောင့် ဂျူ ဗင်တပ်က ဒိုင်ဘာလာနဲ့လဲမယ်ဆိုပြီး ကမ်းလှမ်းထားတဲ့အပြင် မန်ယူကိုပြောင်းရွှေ့ရေးဆွေးနွေးဖို့ ကစားသမားရဲ့အေးဂျင့်ကလည်း အင်္ဂလန်ကိုရောက်နေတာပါ။

မန်ယူဟာ ဂျူ ဗင်တပ်ဘက်ကကမ်းလှမ်းမှုကိုလက်ခံဖို့ရှိနေပေမယ့် ငွေကြေးအလိုက်ထပ်တောင်းဖို့ရှိနေလို့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မန်ဇူကစ် ကိုပါအလိုက်ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့  Tuttomercatoweb and Gazzetta dello Sport သတင်းစာတွေကဖော်ပြသွားကြပါတယ်။
၂၀၁၅ ကအက်သလက်တီကိုကနေပြောင်းရွှေ့လာတဲ့ မန်ဇူကစ်ဟာ ဂျူ ဗင်တပ်ရဲ့အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် နည်းပြဆာရီရောက်လာမှုနဲ့အတူ လူကာကူပါထပ်ရောက်လာမယ်ဆိုရင်သူ့ရဲ့ကစားခွင့်က အရမ်းကိုနည်းပါးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဂျူ ဗင်တပ်ကလည်း မန်ဇူကစ်အတွက်ပြောင်းရွှေ့ကြေးကိုတွက်မနေတော့ဘဲ မန်ယူကလက်ခံမယ်ဆိုရင် အလိုက်ပေးဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဆာရီဟာ နွေရာသီခြေစမ်းပွဲတွေမှာ မန်ဇူကစ်ထက် ဟီဂူအင်ကိုသာအဓိက အသုံးပြုခဲ့လို့ ရာသီသစ်မှာဘယ်သူက ပိုပြီးနေရာရနိုင်မလဲဆိုတာလည်း ထင်ရှားသွားလို့ အဲဒီခရိုအေးရှားလက်ရွေးစင်ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့စိတ်ကူးရှိနေတယ်လို့ သိရပါတယ်။