လူကာကူရလို့ အေဘရာဟမ်ကို ရောင်းလိုက်တဲ့ ချယ်လ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းကတော့ လူကာကူကိုခေါ်ယူနိုင်ခဲ့ပြီးနောက် အေဘရာဟမ်ကို ရိုးမားအသင်းထံပေါင် ၃၄ သန်းနဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

ရိုးမားအသင်းဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဒီဇီကိုရဲ့ နေရာ အတွက် အစားထိုးမှု အဖြစ် ချယ်လ်ဆီးအသင်းက အရောင်းစာရင်း တင်ထားတဲ့ အေဘရာဟမ်ကို ခေါ်ယူဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်၊ ဝက်စ်ဟမ်း၊ အတ္တလန္တာတို့က အေဘရာဟမ်ကိုချိတ်ဆက်ခဲ့ပေမယ့် မော်ရင်ဟိုရဲ့ရိုးမားက လက်ဦးမှုရယူနိုင်ခဲ့တာလို့ သိရပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူး အေဘရာဟမ်ဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး

ပင်ကိုယ် အရည်အသွေး ကောင်းမွန်သူ တစ်ဦး ဖြစ်ကာ ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

အင်္ဂလန်သားဟာ ချယ်လ်ဆီးအသင်းမှာ စီနီယာအသင်းအတွက် ၈၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုးမားအသင်းဟာ အေဘရာဟမ်ကို ခေါ်ယူဖို့ အတွက် လိုအပ်တဲ့ တရားဝင် စာရွက်စာတမ်း ကိစ္စတွေကို လုပ်ဆောင်နေပြီ ဖြစ်သလို အေဘရာဟမ်ကလည်း ရိုးမားအသင်း အခြေစိုက်ရာ ရောမမြို့ဆီ လာရောက်ကာ ဆေးစစ်မှု ခံယူဖို့ ပြင်ဆင်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူကာကူရလို႕ ေအဘရာဟမ္ကို ေရာင္းလိုက္တဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းကေတာ့ လူကာကူကိုေခၚယူနိုင္ခဲ့ၿပီးေနာက္ ေအဘရာဟမ္ကို ရိုးမားအသင္းထံေပါင္ ၃၄ သန္းနဲ႕ ေရာင္းခ်ဖိဳ႕ သေဘာတူလိုက္ၿပီျဖစ္ပါတယ္။

ရိုးမားအသင္းဟာ အင္တာမီလန္အသင္းထံ ေျပာင္းေရႊ႕ဖို့ သေဘာတူညီမွု ရထားတဲ့ အသင္းရဲ့ အဓိက တိုက္စစ္မွူး ဒီဇီကိုရဲ့ ေနရာ အတြက္ အစားထိုးမွု အျဖစ္ ခ်ယ္လ္ဆီးအသင္းက အေရာင္းစာရင္း တင္ထားတဲ့ ေအဘရာဟမ္ကို ေခၚယူဖို့ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္၊ ဝက္စ္ဟမ္း၊ အတၱလႏၲာတို႔က ေအဘရာဟမ္ကိုခ်ိတ္ဆက္ခဲ့ေပမယ့္ ေမာ္ရင္ဟိုရဲ႕ရိုးမားက လက္ဦးမႈရယူနိုင္ခဲ့တာလို႔ သိရပါတယ္။

အသက္ ၂၃ႏွစ္ အရြယ္သာ ရွိေသးတဲ့ တိုက္စစ္မွူး ေအဘရာဟမ္ဟာ ခ်ယ္လ္ဆီးအသင္းရဲ့ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ တိုက္စစ္မွူး တစ္ဦး ျဖစ္ၿပီး ပင္ကိုယ္ အရည္အေသြး ေကာင္းမြန္သူ တစ္ဦး ျဖစ္ကာ ခ်ယ္လ္ဆီးအသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ ရဖို့ မေသခ်ာတာေၾကာင့္ အသင္းေျပာင္းဖို့ ဆုံးျဖတ္ခဲ့တာပါ။

အဂၤလန္သားဟာ ခ်ယ္လ္ဆီးအသင္းမွာ စီနီယာအသင္းအတြက္ ၈၂ ပြဲအထိ ပါဝင္ကစားေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာ ၁၅ ဂိုးအထိသြင္းယူေပးနိုင္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရိုးမားအသင္းဟာ ေအဘရာဟမ္ကို ေခၚယူဖို့ အတြက္ လိုအပ္တဲ့ တရားဝင္ စာရြက္စာတမ္း ကိစၥေတြကို လုပ္ေဆာင္ေနၿပီ ျဖစ္သလို ေအဘရာဟမ္ကလည္း ရိုးမားအသင္း အေျခစိုက္ရာ ေရာမၿမိဳ့ဆီ လာေရာက္ကာ ေဆးစစ္မွု ခံယူဖို့ ျပင္ဆင္ေနပါၿပီ။