လူကာကူနဲ႔အလဲအထပ္အတြက္ ယူႏုိက္တက္နဲ႔ ေဆြးေႏြးဖို႔ လန္ဒန္ကို ဒီဘားလားရဲ႕ေအးဂ်င့္ျဖစ္သူ ေရာက္ရွိေန

Photo Credit

Photo Credit ; AP

စကုိင္းစပို႔တ္သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားရဲ႕ေအးဂ်င့္ျဖစ္သူဟာ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူနဲ႔ အလဲအထပ္လုပ္ႏိုင္ေရးအတြက္ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးဖုိ႔ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိေနေၾကာင္း သိရပါတယ္။ ဒီဘားလားရဲ႕အနာဂတ္က မေသမခ်ာျဖစ္ေနၿပီး ယူႏုိက္တက္ကလည္း တုိက္စစ္မွာ ေနရာစုံကစားႏိုင္စြမ္းရွိတဲ့ အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားကို ေခၚယူလိုေနကာ တုိက္စစ္မွဴး လူကာကူရဲ႕အေျပာင္းအေရႊ႕ကပါ ျဖစ္ေပၚလာဖို႔ တစ္ျဖည္းျဖည္းနီးစပ္လာပါတယ္။

Photo Credit ; Getty Images

ဂ်ဴဗင္တပ္စ္က ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူကို ေခၚယူဖို႔ စိတ္၀င္စားေနၿပီး သူ႕ရဲ႕အေျပာင္းအေရႊ႕မွာ ဒီဘားလားကို ထည့္သြင္းဖို႔ စီစဥ္ထားေပမယ့္ ကစားသမားျဖစ္သူကေတာ့ အေစာပိုင္းမွာ အသင္းကေန ထြက္ခြာဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ ဂ်ဴဗင္တပ္စ္အသင္းတာ၀န္ရွိသူေတြဟာ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြနဲ႔ ဒီဘားလားရဲ႕ကိုယ္စားလွယ္ေတြၾကား ေတြ႕ဆုံေဆြးေႏြးမႈကို ေစာင့္ၾကည့္ေနၿပီး တကယ္လုိ႔ သေဘာတူညီမႈရရွိသြားခဲ့ရင္ အသင္းဘက္ကလည္း အဲဒီအေျပာင္းအေရႊ႕ကို ခြင့္ျပဳခ်က္ေပးဖြယ္ရွိေနပါတယ္။

Photo Credit ; Getty Images

၂၀၁၅ ခုႏွစ္က ပါလာမိုအသင္းကေန ေရာက္ရိွလာၿပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္းအတြက္ စုစုေပါင္း ၁၈၂ပြဲမွာ ၇၈ဂိုးသြင္းယူေပးထားတဲ့ ဒီဘားလားဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ကုိပါအေမရိကဖလားၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ခဲ့လုိ႔ လက္ရွိအခ်ိန္မွာေတာ့ အားလပ္ရက္ရရွိေနၿပီး ၾကာသပေတးေန႔ေရာက္မွ ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းရမွာျဖစ္ပါတယ္။ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဒီဘားလားအေနနဲ႔ ယူႏုိက္တက္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၁၈၀၀၀၀ ၀န္းက်င္ရရွိရင္ အိုးလ္ထရက္ဖုိ႔ဒ္အေျခစိုက္အသင္းထံ ေျပာင္းေရႊ႕ဖုိ႔ လက္ခံဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

Unicode

လူကာကူနဲ့အလဲအထပ်အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးဖို့ လန်ဒန်ကို ဒီဘားလားရဲ့အေးဂျင့်ဖြစ်သူ ရောက်ရှိနေ

စကိုင်းစပို့တ်သတင်းဌာနရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားရဲ့အေးဂျင့်ဖြစ်သူဟာ ယူနိုက်တက်တိုက်စစ်မှူး လူကာကူနဲ့ အလဲအထပ်လုပ်နိုင်ရေးအတွက် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ လန်ဒန်မြို့ကို ရောက်ရှိနေကြောင်း သိရပါတယ်။ ဒီဘားလားရဲ့အနာဂတ်က မသေမချာဖြစ်နေပြီး ယူနိုက်တက်ကလည်း တိုက်စစ်မှာ နေရာစုံကစားနိုင်စွမ်းရှိတဲ့ အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားကို ခေါ်ယူလိုနေကာ တိုက်စစ်မှူး လူကာကူရဲ့အပြောင်းအရွှေ့ကပါ ဖြစ်ပေါ်လာဖို့ တစ်ဖြည်းဖြည်းနီးစပ်လာပါတယ်။
ဂျူဗင်တပ်စ်က ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့အပြောင်းအရွှေ့မှာ ဒီဘားလားကို ထည့်သွင်းဖို့ စီစဉ်ထားပေမယ့် ကစားသမားဖြစ်သူကတော့ အစောပိုင်းမှာ အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေဟာ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ ဒီဘားလားရဲ့ကိုယ်စားလှယ်တွေကြား တွေ့ဆုံဆွေးနွေးမှုကို စောင့်ကြည့်နေပြီး တကယ်လို့ သဘောတူညီမှုရရှိသွားခဲ့ရင် အသင်းဘက်ကလည်း အဲဒီအပြောင်းအရွှေ့ကို ခွင့်ပြုချက်ပေးဖွယ်ရှိနေပါတယ်။
၂၀၁၅ ခုနှစ်က ပါလာမိုအသင်းကနေ ရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ်အသင်းအတွက် စုစုပေါင်း ၁၈၂ပွဲမှာ ၇၈ဂိုးသွင်းယူပေးထားတဲ့ ဒီဘားလားဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့လို့ လက်ရှိအချိန်မှာတော့ အားလပ်ရက်ရရှိနေပြီး ကြာသပတေးနေ့ရောက်မှ ဂျူဗင်တပ်စ်အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းရမှာဖြစ်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဒီဘားလားအနေနဲ့ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ဝန်းကျင်ရရှိရင် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းထံ ပြောင်းရွှေ့ဖို့ လက်ခံဖွယ်ရှိနေကြောင်း သိရပါတယ်။