လူကာကူနဲ့အလုပ်တွဲလုပ်ရတာက နေမာ၊ ဘာပေတို့ထက် ပိုအဆင်ပြေတယ်လို့ တူချယ်လ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်က လူကာကူနဲ့လက်တွဲအလုပ်,လုပ်ရတာက PSG အသင်းမှာတုန်းက နေမာ၊ ဘာပေတို့နဲ့လက်တွဲခဲ့ရတာထက် ပိုပြီးအဆင်ပြေတယ်လို့ပြောကြားခဲ့ပါတယ်။

အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျာမန်လူမျိုးနည်းပြတူချယ်လ်ဟာ PSG အသင်းနည်းပြအဖြစ် ၂၀၁၈ ခုနှစ်ကနေ ၂၀၂ဝခုနှစ်အထိ (၂)နှစ်ကြာဆောင်ရွက်ခဲ့ဖူးပြီး

၂၀၁၉ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင်စွမ်းဆောင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဒုတိယနေရာနဲ့ပဲကျေနပ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက PSG အသင်းနည်းပြရာထူးကနေထုတ်ပယ်ခံခဲ့ရပြီးတဲ့နောက် တူချယ်လ်ဟာ မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီး

အသင်းနဲ့အတူချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ထားတာဖြစ်ပါတယ်။

အီတလီနာမည်ကျော်သတင်းစာ La Gazzetta dello Sport နဲ့အင်တာဗျူးမှာ တူချယ်လ်က PSG အသင်းနာမည်ကျော်ကစားသမားတွေနဲ့ ချယ်လ်ဆီးနာမည်ကျော်ကစားသမားတွေကို ကိုင်တွယ်ရတာနဲ့ပတ်သက်ပြီးကွာခြားချက်ကို အခုလိုပြောဆိုခဲ့ပါတယ်။

“လူကာကူကို နည်းပြရတာက နေမာ၊ ဘာပေတို့ကို နည်းပြအဖြစ်ကိုင်တွယ်ရတာထက် ပိုအဆင်ပြေပါတယ်။

PSG နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဖွဲ့စည်းပုံချင်း၊ အသင်းရဲ့ပုံစံတွေက ကွဲပြားခြားနားပါတယ်။

PSG အသင်းမှာတုန်းက ကျွန်တော်ဟာ အားကစားဝန်ကြီးတစ်ယောက်လိုခံစားမိပြီး အသင်းကဝန်ထမ်းတွေကို မိသားစုလိုဆက်ဆံခဲ့ရသလို နာမည်ကျော်ကစားသမားတွေနဲ့လည်း ရင်းနှီးမှုရရှိခဲ့ပါတယ်။

ချယ်လ်ဆီးမှာတော့ ကျွန်တော့်အတွက် PSG မှာထက် ပိုပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့အလုပ်လုပ်ခွင့်ရှိနေတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနေ့က နောဝစ်ချ်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ(၇-၀)ဂိုးပြတ်အနိုင်ရခဲ့ပြီး (၉)ပွဲကစား၊ (၂၂)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူကာကူနဲ႔အလုပ္တြဲလုပ္ရတာက ေနမာ၊ ဘာေပတို႔ထက္ ပိုအဆင္ေျပတယ္လို႔ တူခ်ယ္လ္ဆို

ခ်ယ္လ္ဆီးအသင္းနည္းျပတူခ်ယ္လ္က လူကာကူနဲ႔လက္တြဲအလုပ္,လုပ္ရတာက PSG အသင္းမွာတုန္းက ေနမာ၊ ဘာေပတို႔နဲ႔လက္တြဲခဲ့ရတာထက္ ပိုၿပီးအဆင္ေျပတယ္လို႔ေျပာၾကားခဲ့ပါတယ္။ အသက္(၄၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ဂ်ာမန္လူမ်ိဳးနည္းျပတူခ်ယ္လ္ဟာ PSG အသင္းနည္းျပအျဖစ္ ၂၀၁၈ ခုႏွစ္ကေန ၂၀၂ဝခုႏွစ္အထိ (၂)ႏွစ္ၾကာေဆာင္႐ြက္ခဲ့ဖူးၿပီး ၂၀၁၉ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေအာင္စြမ္းေဆာင္ခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့အတြက္ ဒုတိယေနရာနဲ႔ပဲေက်နပ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္၊ ဒီဇင္ဘာလတုန္းက PSG အသင္းနည္းျပရာထူးကေနထုတ္ပယ္ခံခဲ့ရၿပီးတဲ့ေနာက္ တူခ်ယ္လ္ဟာ မၾကာခင္မွာပဲ ခ်ယ္လ္ဆီးအသင္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရၿပီး အသင္းနဲ႔အတူခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့သလို ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚမွာ ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ထားတာျဖစ္ပါတယ္။

အီတလီနာမည္ေက်ာ္သတင္းစာ La Gazzetta dello Sport နဲ႔အင္တာဗ်ဴးမွာ တူခ်ယ္လ္က PSG အသင္းနာမည္ေက်ာ္ကစားသမားေတြနဲ႔ ခ်ယ္လ္ဆီးနာမည္ေက်ာ္ကစားသမားေတြကို ကိုင္တြယ္ရတာနဲ႔ပတ္သက္ၿပီးကြာျခားခ်က္ကို အခုလိုေျပာဆိုခဲ့ပါတယ္။ “လူကာကူကို နည္းျပရတာက ေနမာ၊ ဘာေပတို႔ကို နည္းျပအျဖစ္ကိုင္တြယ္ရတာထက္ ပိုအဆင္ေျပပါတယ္။ PSG နဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ဖြဲ႕စည္းပုံခ်င္း၊ အသင္းရဲ႕ပုံစံေတြက ကြဲျပားျခားနားပါတယ္။ PSG အသင္းမွာတုန္းက ကြၽန္ေတာ္ဟာ အားကစားဝန္ႀကီးတစ္ေယာက္လိုခံစားမိၿပီး အသင္းကဝန္ထမ္းေတြကို မိသားစုလိုဆက္ဆံခဲ့ရသလို နာမည္ေက်ာ္ကစားသမားေတြနဲ႔လည္း ရင္းႏွီးမႈရရွိခဲ့ပါတယ္။ ခ်ယ္လ္ဆီးမွာေတာ့ ကြၽန္ေတာ့္အတြက္ PSG မွာထက္ ပိုၿပီးေတာ့တည္တည္ၿငိမ္ၿငိမ္နဲ႔အလုပ္လုပ္ခြင့္ရွိေနတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ မေန႔က ေနာဝစ္ခ်္အသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ(၇-၀)ဂိုးျပတ္အႏိုင္ရခဲ့ၿပီး (၉)ပြဲကစား၊ (၂၂)မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာဆက္လက္ဦးေဆာင္ေနဆဲျဖစ္ပါတယ္။