လူကာကူကို ေရာင္းထုတ္ခ်င္ရင္ သူ႕ကို တစ္ပတ္ေပါင္ သုံးသိန္းခြဲ ေပးရမယ္လုိ႔ ယူႏုိက္တက္ထံ ဒီဘားလား အေၾကာင္းၾကား

Photo Credit

Photo Credit ; Offside

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားက တူရင္ေျမကေန အုိးထရက္ဖုိ႔ဒ္ကို ေျပာင္းေရႊ႕ၿပီး အျပန္အလွန္အားျဖင့္ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူ အီတလီေျမကို ေရာက္ရွိလာေရးအတြက္ဆုိရင္ သူ႕ကို တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲေပးေခ်ရလိမ့္မယ္လုိ႔ ယူႏုိက္တက္အသင္းထံ အသိေပးခဲ့ေၾကာင္း သိရပါတယ္။ ယခုေႏြရာသီေစ်းကြက္ရဲ႕စိတ္လႈပ္ရွားစရာအေကာင္းဆုံးအေျပာင္းအေရႊ႕ပုံျပင္တစ္ပုဒ္ အဆုံးသတ္၊ မသတ္က ယူႏုိက္တက္နဲ႔ဒီဘားလားတုိ႔ၾကား ပုဂၢိဳလ္ေရးဆုိင္ရာသေဘာတူညီခ်က္သာက်န္ရွိေတာ့ၿပီး ဒီဘားလားရဲ႕ကိုယ္စားလွယ္ေတြက တူရင္မွာ အခြန္ေဆာင္ၿပီး တစ္ႏွစ္လုပ္ခ ေပါင္ ၆.၅သန္းရရွိေနတာထက္ ဒီဘားလား သိသိသာသာျမင့္မားတဲ့လုပ္ခလစာ အလုိရွိေနတာျဖစ္ပါတယ္။

Photo Credit

ဒီဘားလားက ယူႏိုက္တက္မွာ တစ္ႏွစ္လုပ္ခလစာ အခြန္ေဆာင္အၿပီး ေပါင္ ၉သန္းအလုိရွိေနတာျဖစ္ၿပီး အဲဒီလစာအတိုင္းဆုိရင္ သူဟာ အာဆင္နယ္ကြင္းလယ္လူ အိုေဇးလ္နဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ဒုတိယေျမာက္လုပ္ခလစာအမ်ားဆုံးရကစားသမားျဖစ္လာမွာပါ။ ဒီလစာက ယူႏုိက္တက္အသင္း ေပးေခ်ဖုိ႔ ေမွ်ာ္လင့္ထားတဲ့ပမာဏထက္ ပိုမ်ားေနၿပီး လက္ရွိအခ်ိန္အထိေတာ့ ပုဂၢိဳလ္ေရးဆုိင္ရာသေဘာတူညီမႈေတြရဖုိ႔ ေဆြးေႏြးေနဆဲျဖစ္ၿပီး လုပ္ခလစာက အေျပာင္းအေရႊ႕ကို တားဆီးႏုိင္ဖို႔ေတာ့ ရာခုိင္ႏႈန္းနည္းတယ္လုိ႔ ကၽြမ္းက်င္သူေတြက သုံးသပ္ေနၾကပါတယ္။

Photo Credit ; PA

လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ရဲ႕လုပ္ခလစာအမ်ားဆုံးရကစားသမားအျဖစ္ ယူႏုိက္တက္တုိက္စစ္မွဴး ဆန္းခ်က္ဇ္က ေပါင္ ၅၀၀၀၀၀ နဲ႔ ထိပ္ဆုံးမွာရပ္တည္ေနၿပီး အိုေဇးလ္က တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀၊ စတာလင္နဲ႔ ဟယ္ရီကိန္းတုိ႔က ေပါင္ ၃၀၀၀၀၀ စီရရွိေနပါတယ္။ ဒီဘားလားက ဂ်ဴဗင္တပ္စ္နည္းျပသစ္ ဆာရီနဲ႔ေတြ႕ဆုံၿပီး အသင္းမွာရွိတဲ့သူ႕ရဲ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ ေဆြးေႏြးလိုေနေပမယ့္ တူရင္အေျခစိုက္အသင္းကေတာ့ အသြင္သစ္အသင္းကို တည္ေဆာက္ေနရာမွာ ဒီဘားလားကို ထည့္သြင္းထားျခင္းမရွိေၾကာင္း သိရပါတယ္။

Photo Credit ; Getty Images

ဆာရီက တိုက္စစ္မွာ ေရာ္နယ္ဒိုအတြက္ ေနရာလြတ္ေတြပိုမိုရရွိေအာင္ ယူႏုိက္တက္တုိက္စစ္မွဴး လူကာကူကို ေခၚယူလုိေနၿပီး ဘယ္လ္ဂ်ီယံလက္ေရြးစင္ လူကာကူက အခုမွ အသက္ ၂၆ႏွစ္ပဲရွိေသးကာ ထိပ္တန္းအဆင့္မွာ ဆယ္စုႏွစ္တစ္ခုနီးပါးၾကာ ဂိုးေတြသြင္းယူေနပါတယ္။ ယူႏုိက္တက္ကလည္း ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၅သန္းနဲ႔ ကမ္းလွမ္းမႈ လက္ခံရရွိရင္ လူကာကူကို ေရာင္းခ်မွာျဖစ္ၿပီး အင္တာမီလန္က လူကာကူကို ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၄၆သန္း၊ အပိုဆုေၾကး ေပါင္ ၄.၅သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ျငင္းဆန္ခံထားရကာ ဂ်ဴဗင္တပ္စ္က ဒီဘားလားရဲ႕ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း ၈၀ သတ္မွတ္ထားပါတယ္။

Photo Credit ; PA

ပရီးမီးယားလိဂ္ရဲ႕လုပ္ခလစာအမ်ားဆုံးရသူမ်ား
ဆန္းခ်က္(ယူႏုိက္တက္) – ေပါင္ ၅၀၀၀၀၀
အိုေဇးလ္(အာဆင္နယ္) – ေပါင္ ၃၅၀၀၀၀
ဟယ္ရီကိန္း(စပါး) – ေပါင္ ၃၀၀၀၀၀
စတာလင္း(စီးတီး) – ေပါင္ ၃၀၀၀၀၀
ေပါ့ဂ္ဘာ(ယူႏုိက္တက္) – ေပါင္ ၂၉၀၀၀၀
ကန္တီ(ခ်ဲလ္ဆီး) – ေပါင္ ၂၉၀၀၀၀
ဒီဘ႐ိုင္း(စီးတီး) – ေပါင္ ၂၈၀၀၀၀
လူကာကူ(ယူႏုိက္တက္) – ေပါင္ ၂၂၀၀၀၀
အဂြဲ႐ိုး(စီးတီး) – ေပါင္ ၂၂၀၀၀၀
ဆာလာ(လီဗာပူး) – ေပါင္ ၂၀၀၀၀၀
မာရက္ဇ္(စီးတီး) – ေပါင္ ၂၀၀၀၀၀

Photo Credit

Unicode

လူကာကူကို ရောင်းထုတ်ချင်ရင် သူ့ကို တစ်ပတ်ပေါင် သုံးသိန်းခွဲ ပေးရမယ်လို့ ယူနိုက်တက်ထံ ဒီဘားလား အကြောင်းကြား

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားက တူရင်မြေကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ပြီး အပြန်အလှန်အားဖြင့် ယူနိုက်တက်တိုက်စစ်မှူး လူကာကူ အီတလီမြေကို ရောက်ရှိလာရေးအတွက်ဆိုရင် သူ့ကို တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲပေးချေရလိမ့်မယ်လို့ ယူနိုက်တက်အသင်းထံ အသိပေးခဲ့ကြောင်း သိရပါတယ်။ ယခုနွေရာသီဈေးကွက်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပြောင်းအရွှေ့ပုံပြင်တစ်ပုဒ် အဆုံးသတ်၊ မသတ်က ယူနိုက်တက်နဲ့ဒီဘားလားတို့ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်သာကျန်ရှိတော့ပြီး ဒီဘားလားရဲ့ကိုယ်စားလှယ်တွေက တူရင်မှာ အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ပေါင် ၆.၅သန်းရရှိနေတာထက် ဒီဘားလား သိသိသာသာမြင့်မားတဲ့လုပ်ခလစာ အလိုရှိနေတာဖြစ်ပါတယ်။
ဒီဘားလားက ယူနိုက်တက်မှာ တစ်နှစ်လုပ်ခလစာ အခွန်ဆောင်အပြီး ပေါင် ၉သန်းအလိုရှိနေတာဖြစ်ပြီး အဲဒီလစာအတိုင်းဆိုရင် သူဟာ အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ဒုတိယမြောက်လုပ်ခလစာအများဆုံးရကစားသမားဖြစ်လာမှာပါ။ ဒီလစာက ယူနိုက်တက်အသင်း ပေးချေဖို့ မျှော်လင့်ထားတဲ့ပမာဏထက် ပိုများနေပြီး လက်ရှိအချိန်အထိတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေရဖို့ ဆွေးနွေးနေဆဲဖြစ်ပြီး လုပ်ခလစာက အပြောင်းအရွှေ့ကို တားဆီးနိုင်ဖို့တော့ ရာခိုင်နှုန်းနည်းတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာအများဆုံးရကစားသမားအဖြစ် ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်ဇ်က ပေါင် ၅၀၀၀၀၀ နဲ့ ထိပ်ဆုံးမှာရပ်တည်နေပြီး အိုဇေးလ်က တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀၊ စတာလင်နဲ့ ဟယ်ရီကိန်းတို့က ပေါင် ၃၀၀၀၀၀ စီရရှိနေပါတယ်။ ဒီဘားလားက ဂျူဗင်တပ်စ်နည်းပြသစ် ဆာရီနဲ့တွေ့ဆုံပြီး အသင်းမှာရှိတဲ့သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးလိုနေပေမယ့် တူရင်အခြေစိုက်အသင်းကတော့ အသွင်သစ်အသင်းကို တည်ဆောက်နေရာမှာ ဒီဘားလားကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရပါတယ်။
ဆာရီက တိုက်စစ်မှာ ရော်နယ်ဒိုအတွက် နေရာလွတ်တွေပိုမိုရရှိအောင် ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုနေပြီး ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူက အခုမှ အသက် ၂၆နှစ်ပဲရှိသေးကာ ထိပ်တန်းအဆင့်မှာ ဆယ်စုနှစ်တစ်ခုနီးပါးကြာ ဂိုးတွေသွင်းယူနေပါတယ်။ ယူနိုက်တက်ကလည်း ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ ကမ်းလှမ်းမှု လက်ခံရရှိရင် လူကာကူကို ရောင်းချမှာဖြစ်ပြီး အင်တာမီလန်က လူကာကူကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၆သန်း၊ အပိုဆုကြေး ပေါင် ၄.၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခံထားရကာ ဂျူဗင်တပ်စ်က ဒီဘားလားရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ သတ်မှတ်ထားပါတယ်။
ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာအများဆုံးရသူများ
ဆန်းချက်(ယူနိုက်တက်) – ပေါင် ၅၀၀၀၀၀
အိုဇေးလ်(အာဆင်နယ်) – ပေါင် ၃၅၀၀၀၀
ဟယ်ရီကိန်း(စပါး) – ပေါင် ၃၀၀၀၀၀
စတာလင်း(စီးတီး) – ပေါင် ၃၀၀၀၀၀
ပေါ့ဂ်ဘာ(ယူနိုက်တက်) – ပေါင် ၂၉၀၀၀၀
ကန်တီ(ချဲလ်ဆီး) – ပေါင် ၂၉၀၀၀၀
ဒီဘရိုင်း(စီးတီး) – ပေါင် ၂၈၀၀၀၀
လူကာကူ(ယူနိုက်တက်) – ပေါင် ၂၂၀၀၀၀
အဂွဲရိုး(စီးတီး) – ပေါင် ၂၂၀၀၀၀
ဆာလာ(လီဗာပူး) – ပေါင် ၂၀၀၀၀၀
မာရက်ဇ်(စီးတီး) – ပေါင် ၂၀၀၀၀၀