
Photo Credit
Photo Credit
ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားအနေနဲ့ အခုလိုအဓိကတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဒဏ်ရာရရှိနေချိန်မှာ ပြီးခဲ့တဲ့နွေရာသီအတွင်း ရောင်းချခဲ့တဲ့ တိုက်စစ်မှူး လူကာကူရဲ့နေရာမှာ အစားမထိုးနိုင်မှုအပေါ် နောင်တအကြီးအကျယ်ရနေပြီဖြစ်ကြောင်း ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်အင့်စ်က ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
Photo Credit
”တကယ်လို့ လူကာကူကို ရောင်းလိုက်လို့ အိုလီ နောင်တမရခဲ့ဘူးဆိုရင်တောင် အခုတော့ နောင်တတရားတွေနဲ့ လောင်ကျွမ်းနေလောက်ပါပြီ။ ကျွန်တော်ကိုယ်တိုင် လူကာကူရဲ့ဘောလုံးအထိန်းအသိမ်းကို သဘောမကျသူဖြစ်ပေမယ့် သူ့ဆီကနေ တစ်ရာသီ ဂိုး ၂၀၊ ၂၅ဂိုးလောက်တော့ အသာလေးမျှော်လို့ရပါတယ်။ ယူနိုက်တက်ဟာ သူ့နေရာမှာ အစားမထိုးဘဲ ရောင်းချလိုက်တာပါ”
Photo Credit
”အခုတော့ အဲဒီအတွက် သူတို့ ပြန်ပေးဆပ်နေရပါပြီ။ လွန်ပြီးမှ သိတာက ကောင်းတော့မကောင်းပေမယ့် အိုလီအနေနဲ့ လူကာကူကို ထွက်သွားဖို့ ခွင့်မပြုခဲ့သင့်ပါဘူး”လို့ ပေါလ်အင့်စ်က ပြောပါတယ်။
Photo Credit
ဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်ရဲ့နေရာမှာ အစားထိုးဖို့ ယခုလအတွင်း တိုက်စစ်မှူးတစ်ဦးခေါ်ယူဖွယ်ရှိနေတယ်လို့ အရိပ်အမြွက်ဖွင့်ဟခဲ့ပြီး အရင်တုန်းက ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီဆဲလ်ဘတ်တိုက်စစ်မှူးက ဒေါ့မွန်ကို ပြောင်းရွှေ့သွားကာ ပေါလ်အင့်စ်က အဲဒီအဖြစ်ဟာ ယူနိုက်တက်အတွက် ရှက်စရာကောင်းကြောင်း ဆိုပါတယ်။
Photo Credit
”ဇန်နဝါရီမှာ ကစားသမားသစ် မဖြစ်မနေခေါ်ယူရမှာပါ။ ဟာလန်းရဲ့ဖြစ်ရပ်က ပိုပြီးရှက်စရာကောင်းသလို နဂိုကတည်းက နာကျင်နေမှုကို ပိုဆိုးစေခဲ့တာပါ။ အထူးသဖြင့် ဟိုကောင်လေးက ပွဲဦးထွက်မှာ လူစားဝင်လာပြီး ဟက်ထရစ်သွင်းသွားတယ်လေ”
Photo Credit
”လီဗာပူးနဲ့ပွဲမှာ မာရှယ်ရဲ့လွဲချော်မှုကို ခင်ဗျားတို့လည်း တွေ့လိုက်တာပဲ။ ဒီလိုပုံစံနဲ့ ယူနိုက်တက်တိုက်စစ်ကို ဦးဆောင်ဖို့ မလုံလောက်ဘူးလေ။ ဂရင်းဝုဒ်က အလားအလာအများကြီးရှိပေမယ့် ငယ်သေးတယ်။ ဒီလိုကစားသမားမျိုးကို ဖိအားတွေအများကြီးသွားပေးလို့မရဘူး”လို့ ပေါလ်အင့်စ်က ပြောပါတယ်။
Photo Credit
Zawgyi
လူကာကူကို ေရာင္းလုိက္လုိ႔ အိုလီ ေနာင္တအႀကီးအက်ယ္ရေနေလာက္ၿပီလုိ႔ ေပါလ္အင့္စ္ ေျပာၾကား
ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားအေနနဲ႔ အခုလိုအဓိကတုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ ဒဏ္ရာရရွိေနခ်ိန္မွာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ေရာင္းခ်ခဲ့တဲ့ တုိက္စစ္မွဴး လူကာကူရဲ႕ေနရာမွာ အစားမထုိးႏိုင္မႈအေပၚ ေနာင္တအႀကီးအက်ယ္ရေနၿပီျဖစ္ေၾကာင္း ယူႏုိက္တက္ကြင္းလယ္လူေဟာင္း ေပါလ္အင့္စ္က ေ၀ဖန္တိုက္ခိုက္လိုက္ပါတယ္။
”တကယ္လုိ႔ လူကာကူကို ေရာင္းလုိက္လုိ႔ အုိလီ ေနာင္တမရခဲ့ဘူးဆိုရင္ေတာင္ အခုေတာ့ ေနာင္တတရားေတြနဲ႔ ေလာင္ကၽြမ္းေနေလာက္ပါၿပီ။ ကၽြန္ေတာ္ကုိယ္တိုင္ လူကာကူရဲ႕ေဘာလုံးအထိန္းအသိမ္းကို သေဘာမက်သူျဖစ္ေပမယ့္ သူ႕ဆီကေန တစ္ရာသီ ဂိုး ၂၀၊ ၂၅ဂိုးေလာက္ေတာ့ အသာေလးေမွ်ာ္လို႔ရပါတယ္။ ယူႏုိက္တက္ဟာ သူ႕ေနရာမွာ အစားမထုိးဘဲ ေရာင္းခ်လုိက္တာပါ”
”အခုေတာ့ အဲဒီအတြက္ သူတုိ႔ ျပန္ေပးဆပ္ေနရပါၿပီ။ လြန္ၿပီးမွ သိတာက ေကာင္းေတာ့မေကာင္းေပမယ့္ အိုလီအေနနဲ႔ လူကာကူကို ထြက္သြားဖို႔ ခြင့္မျပဳခ့ဲသင့္ပါဘူး”လုိ႔ ေပါလ္အင့္စ္က ေျပာပါတယ္။
ဆုိးလ္ရွားက ရက္ရွ္ဖို႔ဒ္ရဲ႕ေနရာမွာ အစားထိုးဖို႔ ယခုလအတြင္း တုိက္စစ္မွဴးတစ္ဦးေခၚယူဖြယ္ရွိေနတယ္လုိ႔ အရိပ္အျမြက္ဖြင့္ဟခဲ့ၿပီး အရင္တုန္းက ဟာလန္းကို ေခၚယူဖုိ႔ ႀကိဳးစားခ့ဲေပမယ့္ အဲဒီဆဲလ္ဘတ္တုိက္စစ္မွဴးက ေဒါ့မြန္ကို ေျပာင္းေရႊ႕သြားကာ ေပါလ္အင့္စ္က အဲဒီအျဖစ္ဟာ ယူႏိုက္တက္အတြက္ ရွက္စရာေကာင္းေၾကာင္း ဆုိပါတယ္။
”ဇန္န၀ါရီမွာ ကစားသမားသစ္ မျဖစ္မေနေခၚယူရမွာပါ။ ဟာလန္းရဲ႕ျဖစ္ရပ္က ပိုၿပီးရွက္စရာေကာင္းသလုိ နဂုိကတည္းက နာက်င္ေနမႈကို ပိုဆုိးေစခဲ့တာပါ။ အထူးသျဖင့္ ဟိုေကာင္ေလးက ပဲြဦးထြက္မွာ လူစား၀င္လာၿပီး ဟက္ထရစ္သြင္းသြားတယ္ေလ”
”လီဗာပူးနဲ႔ပြဲမွာ မာရွယ္ရဲ႕လြဲေခ်ာ္မႈကို ခင္ဗ်ားတုိ႔လည္း ေတြ႕လုိက္တာပဲ။ ဒီလုိပုံစံနဲ႔ ယူႏုိက္တက္တုိက္စစ္ကို ဦးေဆာင္ဖို႔ မလုံေလာက္ဘူးေလ။ ဂရင္း၀ုဒ္က အလားအလာအမ်ားႀကီးရွိေပမယ့္ ငယ္ေသးတယ္။ ဒီလုိကစားသမားမ်ိဳးကို ဖိအားေတြအမ်ားႀကီးသြားေပးလုိ႔မရဘူး”လုိ႔ ေပါလ္အင့္စ္က ေျပာပါတယ္။