လူကာကူကို ခေါ်ယူလိုတဲ့အသင်းတွေ ပေါင်သန်း(၁၀၀)ပေးရမယ်လို့ အင်တာ ဈေးသတ်မှတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်အသင်းဟာ ချယ်လ်ဆီး၊ ဘာစီလိုနာအသင်းတို့က ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့အဓိကတိုက်စစ်မှူးလူကာကူကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ ပေါင်သန်း(၁၀၀)ပေးရမယ်လို့ ဈေးသတ်မှတ်လိုက်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

Daily Star သတင်းဌာနက အင်တာမီလန်အသင်းဟာ အသင်းအတွက်ခြေစွမ်းပြနေတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဆန္ဒပြင်းပြနေပေမယ့် ကိုဗစ်ရောဂါဆိုးကြောင့် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် ထိခိုက်မှုရှိလာတဲ့အတွက် အဓိက ကစားသမားတချို့ကို မဖြစ်မနေရောင်းချရမယ့်အနေအထားနဲ့ ရင်ဆိုင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

၂၀၁၉၊ နွေရာသီတုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ခဲ့သူ လူကာကူဟာ နည်းပြကွန်တီရဲ့လက်အောက်မှာ ပုံမှန်ခြေစွမ်းပြကစားနေပြီး အသင်းတိုက်စစ်ကို အဓိက ဦးဆောင်နေသူလည်းဖြစ်ပါတယ်။

အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၈၅)ပွဲကစား၊ (၅၉)ဂိုးသွင်းယူထားသူ လူကာကူဟာ ယူနိုက်တက်အသင်းမှာ အဝလွန်နေလို့ ဝေဖန်ခံခဲ့ရပေမယ့် အခုအချိန်မှာတော့ ဥရောပအကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာတစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံနေရပါပြီ။

လူကာကူကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းအနေနဲ့ ဆွာရက်ဇ်မရှိတော့တဲ့တိုက်စစ်ပိုင်းအတွက် လူကာကူနဲ့ အစားထိုးဖို့ဆန္ဒရှိနေသလို ဂိုးရဖို့ မက်ဆီတစ်ဦးတည်းအပေါ် မှီခိုနေတာကိုလည်း လျော့ကျသွားအောင် လူကာကူကို ခေါ်ယူလိုနေတာပါ။

ဒါ့အပြင် လူကာကူရဲ့အသင်းဟောင်း ချယ်လ်ဆီးကလည်း တိုက်စစ်ပိုင်းမှာအားနည်းချက်တွေရှိနေတဲ့အတွက် သူတို့ကစားသမားကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ လူကာကူဟာ ကစားသမားဘဝအစပိုင်းတုန်းက ချယ်လ်ဆီးအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၄ခုနှစ်အထိ ကစားခဲ့ပြီး ပုံမှန်ကစားခွင့်မရခဲ့လို့ ၂၀၁၄ ခုနှစ်မှာ ဝက်စ်ဘရွန်းအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အခုလောလောဆယ် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှာ ဗာနာ၊ အီဘရာဟင်တို့က ပုံမှန်ခြေစွမ်းမရှိသလို ဝါရင့်တိုက်စစ်မှူးဂျရူးကလည်း ပုံမှန်ပွဲထွက်ခွင့်မရလို့ အသင်းကနေထွက်ချင်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာကြောင့် ချယ်လ်ဆီးအသင်းဟာ လူကာကူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဒေ့ါမွန်လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် ဟာလန်းအတွက် ဒေ့ါမွန်အသင်းသတ်မှတ်ထားတဲ့ ဈေးနှုန်းက ပေါင်သန်း(၁၀၀)ကျော်အထိရှိနေတာကြောင့် ဟာလန်းထက် အတွေ့အကြုံပိုများပြီး ပြောင်းရွှေ့ကြေးလည်းနည်းပါးတဲ့ လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လူကာကူကို ေခၚယူလိုတဲ့အသင္းေတြ ေပါင္သန္း(၁၀၀)ေပးရမယ္လို႔ အင္တာ ေဈးသတ္မွတ္

အင္တာမီလန္အသင္းဟာ ခ်ယ္လ္ဆီး၊ ဘာစီလိုနာအသင္းတို႔က ပစ္မွတ္ထားေနတဲ့ သူတို႔ရဲ႕အဓိကတိုက္စစ္မႉးလူကာကူကို ေခၚယူလိုတဲ့အသင္းေတြအေနနဲ႔ ေပါင္သန္း(၁၀၀)ေပးရမယ္လို႔ ေဈးသတ္မွတ္လိုက္ေၾကာင္းသတင္းေတြထြက္ေပၚေနပါတယ္။ Daily Star သတင္းဌာနက အင္တာမီလန္အသင္းဟာ အသင္းအတြက္ေျခစြမ္းျပေနတဲ့ ဘယ္လ္ဂ်ီယံတိုက္စစ္မႉးလူကာကူကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ဆႏၵျပင္းျပေနေပမယ့္ ကိုဗစ္ေရာဂါဆိုးေၾကာင့္ အသင္းရဲ႕ဘ႑ာေရးအေျခအေနအေပၚ ထိခိုက္မႈရွိလာတဲ့အတြက္ အဓိက ကစားသမားတခ်ိဳ႕ကို မျဖစ္မေနေရာင္းခ်ရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ၂၀၁၉၊ ေႏြရာသီတုန္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အင္တာမီလန္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူ လူကာကူဟာ နည္းျပကြန္တီရဲ႕လက္ေအာက္မွာ ပုံမွန္ေျခစြမ္းျပကစားေနၿပီး အသင္းတိုက္စစ္ကို အဓိက ဦးေဆာင္ေနသူလည္းျဖစ္ပါတယ္။

အင္တာမီလန္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၈၅)ပြဲကစား၊ (၅၉)ဂိုးသြင္းယူထားသူ လူကာကူဟာ ယူႏိုက္တက္အသင္းမွာ အဝလြန္ေနလို႔ ေဝဖန္ခံခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ ဥေရာပအေကာင္းဆုံး တိုက္စစ္မႉးေတြထဲမွာတစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံေနရပါၿပီ။ လူကာကူကို ေခၚယူဖို႔ ဘာစီလိုနာအသင္းက စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး ဘာစီလိုနာအသင္းအေနနဲ႔ ဆြာရက္ဇ္မရွိေတာ့တဲ့တိုက္စစ္ပိုင္းအတြက္ လူကာကူနဲ႔ အစားထိုးဖို႔ဆႏၵရွိေနသလို ဂိုးရဖို႔ မက္ဆီတစ္ဦးတည္းအေပၚ မွီခိုေနတာကိုလည္း ေလ်ာ့က်သြားေအာင္ လူကာကူကို ေခၚယူလိုေနတာပါ။ ဒါ့အျပင္ လူကာကူရဲ႕အသင္းေဟာင္း ခ်ယ္လ္ဆီးကလည္း တိုက္စစ္ပိုင္းမွာအားနည္းခ်က္ေတြရွိေနတဲ့အတြက္ သူတို႔ကစားသမားကို ျပန္လည္ေခၚယူဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ လူကာကူဟာ ကစားသမားဘဝအစပိုင္းတုန္းက ခ်ယ္လ္ဆီးအသင္းမွာ ၂၀၁၁ ကေန ၂၀၁၄ခုႏွစ္အထိ ကစားခဲ့ၿပီး ပုံမွန္ကစားခြင့္မရခဲ့လို႔ ၂၀၁၄ ခုႏွစ္မွာ ဝက္စ္ဘ႐ြန္းအသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အခုေလာေလာဆယ္ ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္မွာ ဗာနာ၊ အီဘရာဟင္တို႔က ပုံမွန္ေျခစြမ္းမရွိသလို ဝါရင့္တိုက္စစ္မႉးဂ်႐ူးကလည္း ပုံမွန္ပြဲထြက္ခြင့္မရလို႔ အသင္းကေနထြက္ခ်င္ေနတယ္ဆိုၿပီး သတင္းေတြထြက္ေပၚေနတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ လူကာကူကို ေခၚယူဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။ ဘာစီလိုနာနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ေဒ့ါမြန္လူငယ္တိုက္စစ္မႉး ဟာလန္းကို ေခၚယူဖို႔စိတ္ဝင္စားေနေပမယ့္ ဟာလန္းအတြက္ ေဒ့ါမြန္အသင္းသတ္မွတ္ထားတဲ့ ေဈးႏႈန္းက ေပါင္သန္း(၁၀၀)ေက်ာ္အထိရွိေနတာေၾကာင့္ ဟာလန္းထက္ အေတြ႕အႀကဳံပိုမ်ားၿပီး ေျပာင္းေ႐ႊ႕ေၾကးလည္းနည္းပါးတဲ့ လူကာကူကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာလည္းျဖစ္ပါတယ္။