လူကာကူကို ကလပ်စံချိန်တင်ကြေးနဲ့ခေါ်ယူခဲ့ပေမယ့် အပြောင်းအရွှေ့စျေးကွက်မှာ ပေါင်(၃၈)သန်းအမြတ်ထွက်ခဲ့တဲ့ချယ်လ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း အင်တာမီလန်အသင်းဆီကနေ သူတို့တိုက်စစ်မှူးဟောင်းလူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၉၇.၅)သန်းအထိပေးပြီးခေါ်ယူခဲ့ပေမယ့် ကစားသမားရောင်းချတာကနေ ပေါင်(၃၈)သန်းအထိအမြတ်ထွက်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို လူကာကူ ရောက်ရှိလာတဲ့အတွက် ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ရေပန်းစားမှုမြင့်တက်လာသလို အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာလည်း အက်သလက်တီကိုကွင်းလယ်ကစားသမား ဆာအူလ်ကို တစ်ရာသီအငှားနဲ့ခေါ်ယူခဲ့ပြီး အဲဒီအတွက် ပေါင်(၄.၅)သန်းပေးချေခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ လူကာကူ၊ ဆာအူလ်နဲ့ ဂိုးသမားဘက်တင်နယ်လီ(အလွတ်)တို့အတွက် ပေါင်(၁၀၂)သန်းသုံးစွဲခဲ့ပေမယ့် ကစားသမားတွေရောင်းချတာကနေ ဝင်ငွေပြန်ရရှိခဲ့တာကြောင့် အသင်းအတွက် အကျိုးအမြတ်ရရှိခဲတာပဲဖြစ်ပါတယ်။

ဒီနွေရာသီအတွင်း ချယ်လ်ဆီးအသင်းရောင်းချခဲ့တဲ့ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးရရှိခဲ့တာက တိုက်စစ်မှူးအေဘရာဟင်ဖြစ်ပြီး ရိုးမားအသင်းက သူ့ကို ပေါင်(၃၈.၅)နဲ့ခေါ်ယူခဲ့တာပါ။

နောက်ပြီး အေစီမီလန်အသင်းမှာ အငှားနဲ့ကစားနေတဲ့ နောက်ခံလူတိုမိုရီကို အေစီမီလန်က ပေါင်သန်း(၃၀)နဲ့အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်သလို တခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ဇူးမားကိုလည်း ဝက်စ်ဟမ်းအသင်းဆီ ပေါင်သန်း(၃၀)နဲ့ရောင်းချခဲ့ပါတယ်။

ဒါ့အပြင် ပဲလေ့စ်အသင်းဆီရောက်ရှိခဲ့တဲ့ မာ့ခ်ဂီဟီအတွက် ပေါင်(၁၈)သန်းရရှိခဲ့တဲ့အပြင် ဇာပါကော်စတာကို အတ္တလန်တာအသင်းဆီ ပေါင်(၈)သန်းနဲ့ရောင်းချခဲ့ပြီး

လစ်ဗရာမန်တို(ဆောက်သမ်တန်)၊ ဗစ်တာမိုဆက်(စပါးတပ်မော်စကို)၊ ဂျရူး(အေစီမီလန်)၊ လူးဝစ်ဘိတ်(လိဒ်စ်)၊ ဒါလေဆီမြူ(ဆောက်သမ်တန်)၊ ဟားရစ်(ဘရန့်ဖို့ဒ်)တို့ရဲ့အပြောင်းအရွှေ့ကနေ ပေါင်(၁၅.၅)သန်းရရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဘက်ရှူဝါယီ၊ အီမာဆင်၊ ဘာကာယိုကိုတို့ကိုလည်း အငှားချခဲ့တာကြောင့် အဲဒီအတွက်ပြောင်းရွှေ့ကြေးတချို့ရရှိခဲ့တာအပါအဝင် အနည်းဆုံးပေါင်သန်း(၁၄၀)နီးပါး ဝင်ငွေရရှိခဲ့တဲ့အတွက် အမြတ်ငွေအဖြစ် ပေါင်(၃၈)သန်းဝန်းကျင်ရရှိခဲ့တာပါ။

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းမှာ အသုံးမတည့်တော့တဲ့ ဘာကာလေ၊ လော့ဖ်တပ်ချိခ်တို့ကိုလည်း ရောင်းချဖို့စီစဉ်နေပြီး တကယ်လို့ ဇန်နဝါရီကာလအတွင်း ရောင်းချခဲ့မယ်ဆိုရင်

နွေရာသီမှာလက်လွှတ်ခဲ့ရတဲ့ ဆီဗီလာနောက်ခံလူခွန်ဒဲလ်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ နောက်ထပ်တစ်ကြိမ်ကမ်းလှမ်းဖို့ ငွေကြေးအင်အားအလုံအလောက်ရှိသွားမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူကာကူကို ကလပ္စံခ်ိန္တင္ေၾကးနဲ႔ေခၚယူခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ ေပါင္(၃၈)သန္းအျမတ္ထြက္ခဲ့တဲ့ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း အင္တာမီလန္အသင္းဆီကေန သူတို႔တိုက္စစ္မႉးေဟာင္းလူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၉၇.၅)သန္းအထိေပးၿပီးေခၚယူခဲ့ေပမယ့္ ကစားသမားေရာင္းခ်တာကေန ေပါင္(၃၈)သန္းအထိအျမတ္ထြက္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးအသင္းကို လူကာကူ ေရာက္ရွိလာတဲ့အတြက္ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ေရပန္းစားမႈျမင့္တက္လာသလို အေျပာင္းအေ႐ႊ႕ေစ်းကြက္ေနာက္ဆုံးေန႔မွာလည္း အက္သလက္တီကိုကြင္းလယ္ကစားသမား ဆာအူလ္ကို တစ္ရာသီအငွားနဲ႔ေခၚယူခဲ့ၿပီး အဲဒီအတြက္ ေပါင္(၄.၅)သန္းေပးေခ်ခဲ့ရပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ လူကာကူ၊ ဆာအူလ္နဲ႔ ဂိုးသမားဘက္တင္နယ္လီ(အလြတ္)တို႔အတြက္ ေပါင္(၁၀၂)သန္းသုံးစြဲခဲ့ေပမယ့္ ကစားသမားေတြေရာင္းခ်တာကေန ဝင္ေငြျပန္ရရွိခဲ့တာေၾကာင့္ အသင္းအတြက္ အက်ိဳးအျမတ္ရရွိခဲတာပဲျဖစ္ပါတယ္။ ဒီေႏြရာသီအတြင္း ခ်ယ္လ္ဆီးအသင္းေရာင္းခ်ခဲ့တဲ့ကစားသမားေတြထဲမွာ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးရရွိခဲ့တာက တိုက္စစ္မႉးေအဘရာဟင္ျဖစ္ၿပီး ႐ိုးမားအသင္းက သူ႔ကို ေပါင္(၃၈.၅)နဲ႔ေခၚယူခဲ့တာပါ။

ေနာက္ၿပီး ေအစီမီလန္အသင္းမွာ အငွားနဲ႔ကစားေနတဲ့ ေနာက္ခံလူတိုမိုရီကို ေအစီမီလန္က ေပါင္သန္း(၃၀)နဲ႔အၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္သလို တျခားေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဇူးမားကိုလည္း ဝက္စ္ဟမ္းအသင္းဆီ ေပါင္သန္း(၃၀)နဲ႔ေရာင္းခ်ခဲ့ပါတယ္။ ဒါ့အျပင္ ပဲေလ့စ္အသင္းဆီေရာက္ရွိခဲ့တဲ့ မာ့ခ္ဂီဟီအတြက္ ေပါင္(၁၈)သန္းရရွိခဲ့တဲ့အျပင္ ဇာပါေကာ္စတာကို အတၱလန္တာအသင္းဆီ ေပါင္(၈)သန္းနဲ႔ေရာင္းခ်ခဲ့ၿပီး လစ္ဗရာမန္တို(ေဆာက္သမ္တန္)၊ ဗစ္တာမိုဆက္(စပါးတပ္ေမာ္စကို)၊ ဂ်႐ူး(ေအစီမီလန္)၊ လူးဝစ္ဘိတ္(လိဒ္စ္)၊ ဒါေလဆီျမဴ(ေဆာက္သမ္တန္)၊ ဟားရစ္(ဘရန႔္ဖို႔ဒ္)တို႔ရဲ႕အေျပာင္းအေ႐ႊ႕ကေန ေပါင္(၁၅.၅)သန္းရရွိခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ အသင္းရဲ႕ကစားသမားေတြျဖစ္တဲ့ ဘက္ရႉဝါယီ၊ အီမာဆင္၊ ဘာကာယိုကိုတို႔ကိုလည္း အငွားခ်ခဲ့တာေၾကာင့္ အဲဒီအတြက္ေျပာင္းေ႐ႊ႕ေၾကးတခ်ိဳ႕ရရွိခဲ့တာအပါအဝင္ အနည္းဆုံးေပါင္သန္း(၁၄၀)နီးပါး ဝင္ေငြရရွိခဲ့တဲ့အတြက္ အျမတ္ေငြအျဖစ္ ေပါင္(၃၈)သန္းဝန္းက်င္ရရွိခဲ့တာပါ။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ အသင္းမွာ အသုံးမတည့္ေတာ့တဲ့ ဘာကာေလ၊ ေလာ့ဖ္တပ္ခ်ိခ္တို႔ကိုလည္း ေရာင္းခ်ဖို႔စီစဥ္ေနၿပီး တကယ္လို႔ ဇန္နဝါရီကာလအတြင္း ေရာင္းခ်ခဲ့မယ္ဆိုရင္ ေႏြရာသီမွာလက္လႊတ္ခဲ့ရတဲ့ ဆီဗီလာေနာက္ခံလူခြန္ဒဲလ္ကို ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေနာက္ထပ္တစ္ႀကိမ္ကမ္းလွမ္းဖို႔ ေငြေၾကးအင္အားအလုံအေလာက္ရွိသြားမွာပဲျဖစ္ပါတယ္။