လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချယ်လ်ဆီးပြင်ဆင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းဟာ အင်တာမီလန်အသင်းက သူတို့ရဲ့တိုက်စစ်မှူးဟောင်း လူကာကူကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၉၀)ကျော်အထိပေးပြီး ကမ်းလှမ်းသွားဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒေ့ါမွန်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူလိုနေပေမယ့် မန်စီးတီးအပါအဝင် တခြားဥရောပထိပ်သီးအသင်းတွေကလည်း အပြိုင်လိုက်နေတာကြောင့် ဟာလန်းထက် လူကာကူကို ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

လက်ရှိချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းမှာ ဗာနာက ပုံမှန်ဂိုးသွင်းခြေမရှိသလို ဂျရူးနဲ့အေဘရာဟမ်တို့ကလည်း အသင်းကထွက်ခွာဖို့ရှိနေတာကြောင့် ချယ်လ်ဆီးအသင်းဟာ လူကာကူနဲ့အားဖြည့်လိုနေတာဖြစ်ပြီး နည်းပြတူချယ်လ်ကိုယ်တိုင်က လူကာကူကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေတာပါ။

ချယ်လ်ဆီးအသင်းဟာ လူကာကူရဲ့ကစားသမားဘဝအစပိုင်းမှာ ၂၀၁၁ခုနှစ်တုန်းက အန်ဒါလက်ချ်အသင်းဆီကနေ ပေါင်(၁၀)သန်းနဲ့ခေါ်ယူခဲ့ပေမယ့် ပုံမှန်ကစားခွင့်မရခဲ့တာကြောင့် လူကာကူဟာ ၂၀၁၄ ခုနှစ်မှာ အဲဗာတန်အသင်းဆီပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို လူကာကူမပြောင်းရွှေ့ခင် ခေါ်ယူနိုင်မယ့်အခွင့်အရေးရခဲ့ပေမယ့် သူတို့က လူကာကူအစား မိုရာတာကိုသာ ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိုရာတာဟာ အသင်းအတွက်ခြေစွမ်းပြမကစားနိုင်ခဲ့ပါဘူး။

အခုအချိန်မှာတော့ လူကာကူဟာ အင်တာမီလန်အသင်းတိုက်စစ်အတွက် မရှိမဖြစ်ကစားသမားအဖြစ်ပါဝင်နေပြီး ဒီရာသီစီးရီးအေမှာ (၂၁)ဂိုးသွင်းထားသလို ပြိုင်ပွဲစုံမှာတော့ (၂၇)ဂိုးသွင်းယူခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် လူကာကူရဲ့သွင်းဂိုးတွေကြောင့် အင်တာမီလန်အသင်းဟာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်းဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုဖလား ကိုင်မြှောက်ခွင့်ရဖို့ နီးစပ်နေပါပြီ။

ဒါပေမဲ့ လူကာကူရဲ့လက်ရှိစာချုပ်သက်တမ်း ၂၀၂၄ ခုနှစ်မှကုန်ဆုံးမှာဖြစ်ပြီး အင်တာမီလန်အသင်းကလည်း သူတို့ရဲ့အဓိက တိုက်စစ်မှူးကို လက်လွတ်ခံဖို့ဆန္ဒမရှိတာကြောင့် ချယ်လ်ဆီးအသင်းအတွက် ခက်ခဲမယ့်အနေအထားပါပဲ။ တစ်ခုရှိတာက ကိုဗစ်ရောဂါဆိုးကြောင့် အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာကြောင့် တကယ်လို့ ချယ်လ်ဆီးအသင်းကသာ ပေါင်သန်း(၉၀)ကျော်ပေးပြီး တရားဝင်ကမ်းလှမ်းလာမယ်ဆိုရင်တော့ အခြေအနေတစ်မျိုးပြောင်းလဲသွားဖို့ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ ခ်ယ္လ္ဆီးျပင္ဆင္ေန

ခ်ယ္လ္ဆီးအသင္းဟာ အင္တာမီလန္အသင္းက သူတို႔ရဲ႕တိုက္စစ္မႉးေဟာင္း လူကာကူကို ျပန္လည္ေခၚယူဖို႔ ပစ္မွတ္ထားေနသလို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၉၀)ေက်ာ္အထိေပးၿပီး ကမ္းလွမ္းသြားဖို႔ျပင္ဆင္ေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ခ်ယ္လ္ဆီးအသင္းဟာ ေဒ့ါမြန္တိုက္စစ္မႉးဟာလန္းကို ေခၚယူလိုေနေပမယ့္ မန္စီးတီးအပါအဝင္ တျခားဥေရာပထိပ္သီးအသင္းေတြကလည္း အၿပိဳင္လိုက္ေနတာေၾကာင့္ ဟာလန္းထက္ လူကာကူကို ေခၚယူဖို႔ ႀကိဳးစားသြားမွာျဖစ္ပါတယ္။ လက္ရွိခ်ယ္လ္ဆီးအသင္းရဲ႕တိုက္စစ္ပိုင္းမွာ ဗာနာက ပုံမွန္ဂိုးသြင္းေျခမရွိသလို ဂ်႐ူးနဲ႔ေအဘရာဟမ္တို႔ကလည္း အသင္းကထြက္ခြာဖို႔ရွိေနတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ လူကာကူနဲ႔အားျဖည့္လိုေနတာျဖစ္ၿပီး နည္းျပတူခ်ယ္လ္ကိုယ္တိုင္က လူကာကူကို ေခၚယူဖို႔ ဆႏၵျပင္းျပေနတာပါ။

ခ်ယ္လ္ဆီးအသင္းဟာ လူကာကူရဲ႕ကစားသမားဘဝအစပိုင္းမွာ ၂၀၁၁ခုႏွစ္တုန္းက အန္ဒါလက္ခ်္အသင္းဆီကေန ေပါင္(၁၀)သန္းနဲ႔ေခၚယူခဲ့ေပမယ့္ ပုံမွန္ကစားခြင့္မရခဲ့တာေၾကာင့္ လူကာကူဟာ ၂၀၁၄ ခုႏွစ္မွာ အဲဗာတန္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို လူကာကူမေျပာင္းေ႐ႊ႕ခင္ ေခၚယူႏိုင္မယ့္အခြင့္အေရးရခဲ့ေပမယ့္ သူတို႔က လူကာကူအစား မိုရာတာကိုသာ ေခၚယူဖို႔ဆုံးျဖတ္ခဲ့ေပမယ့္ မိုရာတာဟာ အသင္းအတြက္ေျခစြမ္းျပမကစားႏိုင္ခဲ့ပါဘူး။ အခုအခ်ိန္မွာေတာ့ လူကာကူဟာ အင္တာမီလန္အသင္းတိုက္စစ္အတြက္ မရွိမျဖစ္ကစားသမားအျဖစ္ပါဝင္ေနၿပီး ဒီရာသီစီးရီးေအမွာ (၂၁)ဂိုးသြင္းထားသလို ၿပိဳင္ပြဲစုံမွာေတာ့ (၂၇)ဂိုးသြင္းယူခဲ့ၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ လူကာကူရဲ႕သြင္းဂိုးေတြေၾကာင့္ အင္တာမီလန္အသင္းဟာ ၂၀၀၉-၁၀ ရာသီေနာက္ပိုင္းေဝးကြာေနတဲ့ စီးရီးေအခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ခြင့္ရဖို႔ နီးစပ္ေနပါၿပီ။

ဒါေပမဲ့ လူကာကူရဲ႕လက္ရွိစာခ်ဳပ္သက္တမ္း ၂၀၂၄ ခုႏွစ္မွကုန္ဆုံးမွာျဖစ္ၿပီး အင္တာမီလန္အသင္းကလည္း သူတို႔ရဲ႕အဓိက တိုက္စစ္မႉးကို လက္လြတ္ခံဖို႔ဆႏၵမရွိတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအတြက္ ခက္ခဲမယ့္အေနအထားပါပဲ။ တစ္ခုရွိတာက ကိုဗစ္ေရာဂါဆိုးေၾကာင့္ အင္တာမီလန္အသင္းဟာ ဘ႑ာေရးအခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ တကယ္လို႔ ခ်ယ္လ္ဆီးအသင္းကသာ ေပါင္သန္း(၉၀)ေက်ာ္ေပးၿပီး တရားဝင္ကမ္းလွမ္းလာမယ္ဆိုရင္ေတာ့ အေျခအေနတစ္မ်ိဳးေျပာင္းလဲသြားဖို႔ရွိေနပါၿပီ။