
မန်ယူရဲ့ကံကြမ္မာကို သူ ပြောင်းလဲနိုင်စွမ်းရှိနေသေးတယ်လို့ နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ သူ့ကို လုံလောက်တဲ့အချိန်တော့ပေးဖို့လိုအပ်တယ်လို့ နော်ဝေသားကဖွင့်ဟလိုက်တာပါ။ပရီးမီးယားလိဂ် ၇ပွဲကစားပြီးချိန်မှာ ၉မှတ်သာရပြီး စိတ်ပျက်စရာရာသီနဲ့ရင်ဆိုင်နေရတဲ့ မန်ယူဟာ ဒီညမှာ နယူကာဆယ်ရဲ့စိန့်ဂျိမ်းပါ့ခ်ကွင်းကိုသွားရောက် ကစားရမှာဖြစ်ပါတယ်။သရဲနီတွေအတွက် ၁၉၈၉ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးမှတ်တမ်းအဖြစ် အဝေးကွင်း ၇ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ အနေအထားနဲ့ နယူးကာဆယ်ကိုရင်ဆိုင်ရမှာပါ။

နောက်ထပ် ထူးခြားတဲ့မှတ်တမ်းအနေနဲ့ပြောရရင် မန်ယူဟာ ၂၀၀၇ အောက်တိုဘာနောက်ပိုင်း အဆိုးရွားဆုံးရလဒ်အဖြစ် ပြိုင်ပွဲစုံ ၁၈ပွဲကစားပြီးချိန်မှာ ၁၅ဂိုးသာသွင်းနိုင်ပါသေးတယ်။ဒါပေမဲ့ ဆိုးလ်ရှားကတော့ အားလျှော့ခြင်းမရှိသေးဘဲ သူ့ကို လုံလောက်တဲ့အချိန်သာပေးရင် မန်ယူရဲ့လက်ရှိဆိုးရွားတဲ့အနေအထားကို ပြောင်းလဲနိုင်စွမ်းရှိပါသေးတယ်လို့ ပြောဆိုလိုက်တာပါ။

“ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အနိမ့်အမြင့် အတက်အကျတွေ အများကြီးရှိခဲ့ဖူးပါတယ်။ဒါပေမဲ့ တစ်ချို့အကျပိုင်းတွေဟာ ကောင်းခဲ့တာမျိုးလည်းရှိပါတယ်။ကစားသမားဘဝရော နည်းပြဘဝမှာပါပေါ့။မိုလ်ဒီနဲ့ကာဒစ်ဖ်မှာ ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။အခုဖြစ်နေတာက မန်ယူမှာဖြစ်ပေမယ့် ကျွန်တော်မစိုးရိမ်ပါဘူး။မိုလ်ဒီနဲ့ကာဒစ်ဖ်မှာလိုပဲ တူညီတဲ့ယုံကြည်မှုနဲ့ကျွန်တော် အလုပ်လုပ်နေပါတယ်။တကယ်လို့ အချိန်ရရင် အဆုံးသတ်မှာ ကောင်းမွန်သွားလိမ့်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ပေါ့ ”လို့ ဆိုးလ်ရှားကဆိုပါတယ်။

နော်ဝေသားနည်းပြအတွက် ဒဏ်ရာပြသနာကလည်း ခေါင်းခဲစရာတစ်ခုဖြစ်နေပါတယ်။ခြေကျင်းဝတ်ဒဏ်ရာရနေတဲ့ ကွင်းလယ်လူပေါ့ဘာက နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်သလို မာရှယ်၊လုခ်ရှောနဲ့လင်ဂတ်တို့လည်း ကစားနိုင်ဦးမှာမဟုတ်သေးပါဘူး။ဒါ့အပြင် ရာသီကြိုကာလမှာ ကစားသမားတွေရဲ့ကြံ့ခိုင်မှုပိုင်းတိုးတက်စေဖို့ ဆိုးလ်ရှားအာရုံစိုက်ခဲ့ပေမယ့် ဒါလော့၊ဖီးလ်ဂျုံးစ်နဲ့ဂိုမက်စ်တို့လည်း ကြွက်သားဒဏ်ရာတွေ အသီးသီးရနေကြပါတယ်။\
(zawgyi)
မန္ယူရဲ႕ကံၾကမၼာကို သူ ေျပာင္းလဲႏိုင္စြမ္းရွိေနေသးတယ္လို႔ နည္းျပဆိုးလ္ရွားက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ဒါေပမဲ့ သူ႔ကို လံုေလာက္တဲ့အခ်ိန္ေတာ့ေပးဖို႔လိုအပ္တယ္လို႔ ေနာ္ေ၀သားကဖြင့္ဟလိုက္တာပါ။ပရီးမီးယားလိဂ္ ၇ပြဲကစားၿပီးခ်ိန္မွာ ၉မွတ္သာရၿပီး စိတ္ပ်က္စရာရာသီနဲ႔ရင္ဆိုင္ေနရတဲ့ မန္ယူဟာ ဒီညမွာ နယူကာဆယ္ရဲ႕စိန္႔ဂ်ိမ္းပါ့ခ္ကြင္းကိုသြားေရာက္ ကစားရမွာျဖစ္ပါတယ္။သရဲနီေတြအတြက္ ၁၉၈၉ခုႏွစ္ ေနာက္ပိုင္း အဆိုးရြားဆံုးမွတ္တမ္းအျဖစ္ အေ၀းကြင္း ၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားတဲ့ အေနအထားနဲ႔ နယူးကာဆယ္ကိုရင္ဆိုင္ရမွာပါ။ေနာက္ထပ္ ထူးျခားတဲ့မွတ္တမ္းအေနနဲ႔ေျပာရရင္ မန္ယူဟာ ၂၀၀၇ ေအာက္တိုဘာေနာက္ပိုင္း အဆိုးရြားဆံုးရလဒ္အျဖစ္ ၿပိဳင္ပြဲစံု ၁၈ပြဲကစားၿပီးခ်ိန္မွာ ၁၅ဂိုးသာသြင္းႏိုင္ပါေသးတယ္။ဒါေပမဲ့ ဆိုးလ္ရွားကေတာ့ အားေလွ်ာ့ျခင္းမရွိေသးဘဲ သူ႔ကို လံုေလာက္တဲ့အခ်ိန္သာေပးရင္ မန္ယူရဲ႕လက္ရွိဆိုးရြားတဲ့အေနအထားကို ေျပာင္းလဲႏိုင္စြမ္းရွိပါေသးတယ္လို႔ ေျပာဆိုလိုက္တာပါ။“ ကၽြန္ေတာ့္ရဲ႕ကစားသမားဘ၀မွာ အနိမ့္အျမင့္ အတက္အက်ေတြ အမ်ားႀကီးရွိခဲ့ဖူးပါတယ္။ဒါေပမဲ့ တစ္ခ်ိဳ႔အက်ပိုင္းေတြဟာ ေကာင္းခဲ့တာမ်ိဳးလည္းရွိပါတယ္။ကစားသမားဘ၀ေရာ နည္းျပဘ၀မွာပါေပါ့။မိုလ္ဒီနဲ႔ကာဒစ္ဖ္မွာ ခက္ခဲတဲ့အခ်ိန္ေတြနဲ႔ ရင္ဆိုင္ခဲ့ရဖူးပါတယ္။အခုျဖစ္ေနတာက မန္ယူမွာျဖစ္ေပမယ့္ ကၽြန္ေတာ္မစိုးရိမ္ပါဘူး။မိုလ္ဒီနဲ႔ကာဒစ္ဖ္မွာလိုပဲ တူညီတဲ့ယံုၾကည္မႈနဲ႔ကၽြန္ေတာ္ အလုပ္လုပ္ေနပါတယ္။တကယ္လို႔ အခ်ိန္ရရင္ အဆံုးသတ္မွာ ေကာင္းမြန္သြားလိမ့္မယ္ဆိုတဲ့ ယံုၾကည္မႈမ်ိဳးနဲ႔ေပါ့ ”လို႔ ဆိုးလ္ရွားကဆိုပါတယ္။ေနာ္ေ၀သားနည္းျပအတြက္ ဒဏ္ရာျပသနာကလည္း ေခါင္းခဲစရာတစ္ခုျဖစ္ေနပါတယ္။ေျခက်င္း၀တ္ဒဏ္ရာရေနတဲ့ ကြင္းလယ္လူေပါ့ဘာက နယူးကာဆယ္နဲ႔ပြဲမွာ ပါ၀င္ႏိုင္မွာမဟုတ္သလို မာရွယ္၊လုခ္ေရွာနဲ႔လင္ဂတ္တို႔လည္း ကစားႏိုင္ဦးမွာမဟုတ္ေသးပါဘူး။ဒါ့အျပင္ ရာသီႀကိဳကာလမွာ ကစားသမားေတြရဲ႕ႀကံ့ခိုင္မႈပိုင္းတိုးတက္ေစဖို႔ ဆိုးလ္ရွားအာရံုစိုက္ခဲ့ေပမယ့္ ဒါေလာ့၊ဖီးလ္ဂ်ံဳးစ္နဲ႔ဂိုမက္စ္တို႔လည္း ၾကြက္သားဒဏ္ရာေတြ အသီးသီးရေနၾကပါတယ္။