လုံလောက်တဲ့နိုင်ပွဲမရရင် ဘာဖြစ်မလဲဆိုတာ ၂ယောက်စလုံး သိတယ်လို့ ဆိုးလ်ရှားကို မိုယက်စ် အသိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖာဂူဆန်ရွေးချယ်ခဲ့ပြီး တစ်ချိန်က Chosen One လို့ ယူနိုက်တက်ပရိသတ်တွေခေါ်ဆိုခဲ့တဲ့ ဒေးဗစ်မိုယက်စ်က တကယ်လို့ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆက်ရှိချင်တယ်ဆိုရင် ရလဒ်တွေတိုးတက်လာအောင် လုပ်ဆောင်ဖို့လိုအပ်တယ်လို့ သတိပေးပြာကြားလိုက်ပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ အာဆင်နယ်ကိုအရေးနိမ့်ခဲ့သလို ကြားရက်မှာလည်း အစ္စတန်ဘူလ်အသင်းကို ထပ်မံအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

တူရကီမြေမှာ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာတော့ ဒမ်ဘာဘရဲ့အဖွင့်ဂိုးမှာ ယူနိုက်တက်နောက်တန်းရဲ့အားနည်းမှုတွေကို မြင်ခဲ့ရပါတယ်။ ဒါ့အပြင် ကလပ်အသင်းဂန္ထဝင်ကစားသမားဟောင်း ပေါလ်စခိုးလ်ကလည်း ယူနိုက်တက်နောက်တန်းကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ဒီရာသီနယူးကာဆယ် ၊ ပီအက်စ်ဂျီ ၊ လိုက်ပ်ဇစ်တို့ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစ္စတန်ဘူလ်နဲ့ပွဲမှာတော့ စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာလည်း ကံကောင်းစွာနဲ့ အငြင်းပွားကြောင့် ပင်နယ်တီကြောင့် ၃-၂ ဂိုးနဲ့ အနိုင်ရှိခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်အထိ အိမ်ကွင်းမှာ နိုင်ပွဲမရသေးဘဲ ၃ ပွဲရှုံး ၁ ပွဲသရေသာ ကစားနိုင်ခဲ့ပါတယ်။

မိုယက်စ်ဟာ ယူနိုက်တက်ကို ၈ လကြာကိုင်တွယ်ပြီးနောက် အဲဗာတန်ကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲကို နောက်ဆုံးအဖြစ်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ယူနိုက်တက်ဟာ စနေနေ့မှာ အဲဗာတန်အသင်းနဲ့ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။

လက်ရှိဝက်စ်ဟမ်းနည်းပြဖြစ်နေတဲ့ ယူနိုက်တက်နည်းပြဟောင်း မိုယက်ချ် က ဆိုးလ်ရှားအနေနဲ့နိုင်ပွဲတွေ မရရင်ဖိအားတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိထားသင့်တယ်လို့ ဆိုခဲ့ပါတယ်။ “နည်းပြတိုင်းမှာက ဖိအားတွေရှိနေပါတယ်။ ယူနိုက်တက်မှာက အခြားကလပ်တွေထက် ဖိအားပိုများပါတယ်။ ဒါကြောင့် နိုင်ပွဲမရခဲ့ရင် ဘာဖြစ်မလဲဆိုတာ သိသင့်ပါတယ်”လို့ မိုယက်ချ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ အဲဗာတန်အသင်းနဲ့ပွဲမှာ အနိုင်ရရှိဖို့လိုအပ်နေပြီး အနိုင်မရခဲ့ပါက ဆိုးလ်ရှားတစ်ယောက် ထုတ်ပယ်ခံရဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ပိုချက်တီနိုက ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လံုေလာက္တဲ့ႏုိင္ပြဲမရရင္ ဘာျဖစ္မလဲဆိုတာ ၂ေယာက္စလံုး သိတယ္လို႔ ဆိုးလ္ရွားကို မိုယက္စ္ အသိေပး

ဖာဂူဆန္ေရြးခ်ယ္ခဲ့ၿပီး တစ္ခ်ိန္က Chosen One လို႕ ယူႏိုက္တက္ပရိသတ္ေတြေခၚဆိုခဲ့တဲ့ ေဒးဗစ္မိုယက္စ္က တကယ္လို႔ယူႏိုက္တက္အသင္းနည္းျပအျဖစ္ ဆက္ရွိခ်င္တယ္ဆိုရင္ ရလဒ္ေတြတိုးတက္လာေအာင္ လုပ္ေဆာင္ဖို႔လိုအပ္တယ္လို႔ သတိေပးျပာၾကားလိုက္ပါတယ္။ ဆိုးလ္ရွားရဲ႕ယူႏုိက္တက္ဟာ အာဆင္နယ္ကိုအေရးနိမ့္ခဲ့သလို ၾကားရက္မွာလည္း အစၥတန္ဘူလ္အသင္းကို ထပ္မံအေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

တူရကီေျမမွာ အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာေတာ့ ဒမ္ဘာဘရဲ႕အဖြင့္ဂိုးမွာ ယူႏိုက္တက္ေနာက္တန္းရဲ႕အားနည္းမႈေတြကို ျမင္ခဲ့ရပါတယ္။ ဒါ့အျပင္ ကလပ္အသင္းဂႏၳ၀င္ကစားသမားေဟာင္း ေပါလ္စခိုးလ္ကလည္း ယူႏုိက္တက္ေနာက္တန္းကို ေ၀ဖန္ခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕ယူႏုိက္တက္ဟာ ဒီရာသီနယူးကာဆယ္ ၊ ပီအက္စ္ဂ်ီ ၊ လိုက္ပ္ဇစ္တို႔ပြဲေတြမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အစၥတန္ဘူလ္နဲ႔ပြဲမွာေတာ့ စြမ္းေဆာင္ရည္ေကာင္းတစ္ရပ္ျပသႏိုင္ဖို႔ ရုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဘရုိက္တန္အသင္းနဲ႔ပြဲမွာလည္း ကံေကာင္းစြာနဲ႔ အျငင္းပြားေၾကာင့္ ပင္နယ္တီေၾကာင့္ ၃-၂ ဂိုးနဲ႔ အႏိုင္ရွိခဲ့တာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ လက္ရွိအခ်ိန္အထိ အိမ္ကြင္းမွာ ႏိုင္ပြဲမရေသးဘဲ ၃ ပြဲရံႈး ၁ ပြဲသေရသာ ကစားႏိုင္ခဲ့ပါတယ္။

မိုယက္စ္ဟာ ယူႏိုက္တက္ကို ၈ လၾကာကိုင္တြယ္ျပီးေနာက္ အဲဗာတန္ကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲကို ေနာက္ဆံုးအျဖစ္ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ယူႏိုက္တက္ဟာ စေနေန႔မွာ အဲဗာတန္အသင္းနဲ႔ထပ္မံရင္ဆိုင္ရမွာျဖစ္ပါတယ္။

လက္ရွိ၀က္စ္ဟမ္းနည္းျပျဖစ္ေနတဲ့ ယူႏိုက္တက္နည္းျပေဟာင္း မိုယက္ခ်္ က ဆိုးလ္ရွားအေနနဲ႔ႏုိင္ပြဲေတြ မရရင္ဖိအားေတြနဲ႔ ရင္ဆုိင္ရမယ္ဆိုတာ သိထားသင့္တယ္လို႔ ဆိုခဲ့ပါတယ္။ “နည္းျပတိုင္းမွာက ဖိအားေတြရွိေနပါတယ္။ ယူႏိုက္တက္မွာက အျခားကလပ္ေတြထက္ ဖိအားပိုမ်ားပါတယ္။ ဒါေၾကာင့္ ႏုိင္ပြဲမရခဲ့ရင္ ဘာျဖစ္မလဲဆိုတာ သိသင့္ပါတယ္”လို႔ မိုယက္ခ်္က ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ အဲဗာတန္အသင္းနဲ႔ပြဲမွာ အႏိုင္ရရွိဖို႔လိုအပ္ေနျပီး အႏိုင္မရခဲ့ပါက ဆိုးလ္ရွားတစ္ေယာက္ ထုတ္ပယ္ခံရဖြယ္ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ အျခားတစ္ဖက္မွာလည္း ပိုခ်က္တီႏိုက ယူႏိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ ေရပန္းစားေနပါတယ္။