လုပ်ခလစာများများပေးပြီး ၂၀၂၅ အထိ ဆာလာကို ထိန်းထားချင်တဲ့ လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဟာ အဓိက တိုက်စစ်မှူးဆာလာကို ကလပ်သမိုင်းမှာ အမြင့်ဆုံး လုပ်ခပေးချေမှုဖြင့် ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးနိုင်ဖို့ စတင် စကားပြောနေပြီလို့ သိရပါတယ်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ဟာ ကစားသမားသစ်တွေကို အလိုမရှိဘဲ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ ရာသီသစ်ကို ဖြတ်သန်းသွားမယ်လို့ ထုတ်ဖော်ပြောကြားအပြီးမှာ အသင်းရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့အတွက်ကိုပဲ အာရုံစိုက်ကြိုးပမ်းခဲ့ပါတယ်။

ဆာလာဟာ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေကာ တစ်ပတ်ကို လုပ်ခ ပေါင် ၂၀၀၀၀၀ ခံစားခွင့်ရနေတာဖြစ်ပါတယ်။

လီဗာပူးအားကစားဒါရိုက်တာ မိုက်ကယ်အတ်ဝပ်က ဆာလာကို အယ်လီဆန်၊ ထရန့်တို့အတွက် ပေးရတဲ့ လုပ်ခထက် ပိုမိုပေးချေမှုဖြင့် သက်တမ်းတိုးဖို့ စကားပြောနေတာဖြစ်ပါတယ်။

တကယ်လို့ ဆာလာအနေနဲ့ လီဗာပူးရဲ့ ကမ်းလှမ်းမှုအရ ၂၀၂၅ ခုနှစ်အထိ အသင်းမှာ ဆက်လက်နေဖြစ်ရင် တစ်ပတ်လုပ်ခလစာ ပေါင် ၂ သိန်း ၂ သောင်းအထိ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းမှာ တစ်ပတ်လုပ်ခလစာ အများဆုံး ရရှိနေတဲ့ ကစားသမားဟာ နောက်ခံလူ ဗန်ဒိုက်ဖြစ်ပြီး လီဗာပူးအသင်းကမ်းလှမ်းမယ့် စာချုပ်သစ်အရ ဆာလာအနေနဲ့ အသင်းဖော် ဗန်ဒိုက်နဲ့ လုပ်ခလစာ တူညီသွားမယ့် အခြေအနေလည်းဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဆာလာဟာ လီဗာပူးအသင်းထံ ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

သူဟာ လီဗာပူးအတွက် ပွဲပေါင်း ၂၀၄ ပွဲအတွင်း ကိုယ်တိုင် ၁၂၆ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၄၉ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ပထမဆုံးရာသီမှာ သွင်းဂိုး ၄၄ ဂိုး သွင်းခဲ့တဲ့ ဆာလာဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း နှစ်ကြိမ် အောင်မြင်ထားသူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လုပ္ခလစာမ်ားမ်ား​ေပးၿပီး ၂၀၂၅ အထိ ဆာလာကို ထိန္းထားခ်င္တဲ့ လီဗာပူး

လီဗာပူးအသင္းဟာ အဓိက တိုက္စစ္မႉးဆာလာကို ကလပ္သမိုင္းမွာ အျမင့္ဆုံး လုပ္ခေပးေခ်မႈျဖင့္ ၂၀၂၅ ခုႏွစ္ထိ သက္တမ္းတိုးႏိုင္ဖို႔ စတင္ စကားေျပာေနၿပီလို႔ သိရပါတယ္။

လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္ဟာ ကစားသမားသစ္ေတြကို အလိုမရွိဘဲ အသင္းမွာ ရွိေနတဲ့ ကစားသမားေတြနဲ႔ ရာသီသစ္ကို ျဖတ္သန္းသြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားအၿပီးမွာ အသင္းရဲ႕ အဓိက ကစားသမားေတြကို ဆက္ထိန္းထားႏိုင္ဖို႔အတြက္ကိုပဲ အာ႐ုံစိုက္ႀကိဳးပမ္းခဲ့ပါတယ္။

ဆာလာဟာ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိေနကာ တစ္ပတ္ကို လုပ္ခ ေပါင္ ၂၀၀၀၀၀ ခံစားခြင့္ရေနတာျဖစ္ပါတယ္။ လီဗာပူးအားကစားဒါ႐ိုက္တာ မိုက္ကယ္အတ္ဝပ္က ဆာလာကို အယ္လီဆန္၊ ထရန႔္တို႔အတြက္ ေပးရတဲ့ လုပ္ခထက္ ပိုမိုေပးေခ်မႈျဖင့္ သက္တမ္းတိုးဖို႔ စကားေျပာေနတာျဖစ္ပါတယ္။

တကယ္လို႔ ဆာလာအေနနဲ႔ လီဗာပူးရဲ႕ ကမ္းလွမ္းမႈအရ ၂၀၂၅ ခုႏွစ္အထိ အသင္းမွာ ဆက္လက္ေနျဖစ္ရင္ တစ္ပတ္လုပ္ခလစာ ေပါင္ ၂ သိန္း ၂ ေသာင္းအထိ တိုးျမႇင့္ရရွိမွာျဖစ္ပါတယ္။

လက္ရွိမွာ လီဗာပူးအသင္းမွာ တစ္ပတ္လုပ္ခလစာ အမ်ားဆုံး ရရွိေနတဲ့ ကစားသမားဟာ ေနာက္ခံလူ ဗန္ဒိုက္ျဖစ္ၿပီး လီဗာပူးအသင္းကမ္းလွမ္းမယ့္ စာခ်ဳပ္သစ္အရ ဆာလာအေနနဲ႔ အသင္းေဖာ္ ဗန္ဒိုက္နဲ႔ လုပ္ခလစာ တူညီသြားမယ့္ အေျခအေနလည္းျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ဆာလာဟာ လီဗာပူးအသင္းထံ ၂၀၁၇ ခုႏွစ္မွာ ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။ သူဟာ လီဗာပူးအတြက္ ပြဲေပါင္း ၂၀၄ ပြဲအတြင္း ကိုယ္တိုင္ ၁၂၆ ဂိုး သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၄၉ ႀကိမ္ ျပဳလုပ္ထားႏိုင္ပါတယ္။ ပထမဆုံးရာသီမွာ သြင္းဂိုး ၄၄ ဂိုး သြင္းခဲ့တဲ့ ဆာလာဟာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကိုလည္း ႏွစ္ႀကိမ္ ေအာင္ျမင္ထားသူျဖစ္ပါတယ္။