“လုခ်ရှောက လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားပါ။” _ အာဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒင်းနစ် အာဝင်က ယူနိုက်တက်မှာ ‌ြေခစွမ်းပြ ကစားနေတဲ့ လုခ်ရှောဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံကစားသမားလို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ အသက် ( ၂၅ ) နှစ်အရွယ် ကစားသမားဟာ လက်ရှိမှာ သရဲနီတို့အတွက် ပုံစံကောင်းပြသထားပြီး ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်ဖို့ ကြိုးပမ်းနေတဲ့ အိုလေ ဂန်နား ဆိုးရှားရဲ့ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရရှိနေပါတယ်။

‌ရှောဟာ ယူနိုက်တက်အတွက် ဒီရာသီ ပြိုင်ပွဲစုံ ( ၂၅ ) ပွဲ ကစားပေးထားရာမှာ ဂိုးဖန်တီးမှု ( ၄ ) ကြိမ် ပြုလုပ်ထားပြီး အင်္ဂါနေ့က အိုးထရတ်ဖို့ဒ်မှာ ဆောက်သမ်းတန်အသင်းကို ( ၉ – ၀ ) အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာလည်း အသင်းဖော်‌ေတွအတွက် သွင်းဂိုး ( ၂ ) ဂိုး ပုံဖော်ပေးခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ အမှတ်ပေးဇယား ထိပ်ပိုင်း နေရာအတွက် မန်စီးတီး ၊ လီဗာပူးတို့နဲ့ ယှဥ်ပြိုင်လျက်ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံစံကောင်း ပြသလျက်ရှိပါတယ်။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမား အာဝင်က သရဲနီတို့နဲ့ အတူ ခြေစွမ်းပြသလျက်ရှိတဲ့ လုခ်ရှောကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။ လုခ်ရှောက လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားလား ၊ ဆိုတဲ့ မေးခွန်းအပေါ် သရဲနီ ဂန္တဝင်ကစားသမား အာဝင်က “ လုံးဝ ဟုတ်ပါတယ် ။” ဟု တုံ့ပြန်‌ဖြေကြားခဲ့ပါတယ်။

“ အဲလက် တဲလက် ရောက်ရှိလာတာက သူ့ကို ( လုခ်ရှော ) တွန်းတင်လိုက်သလို ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာ ထိပ်တန်းအဆင့် ခြေစွမ်း ပြသထားပါတယ်။” “သူရဲ့ တိုက်စစ်လိုက်ပါမှု ၊ ခံစစ်ပိုင်း စွမ်ဆောင်ရည် အားလုံး ကောင်းမွန်ပါတယ်။ ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဘက်ပေါ်လာတာက သူ့ရဲ့ ခြေစွမ်းကို ပိုပြီး တိုးတက်စေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဘရန်ဒန် ဝီလီယံ နှင့် ဒီရာသီ အဲလက် တဲလက် တို့က လုခ်ရှောကို အထောက်အကူ ဖြစ်စေပါတယ်။”

“ သေချာပါတယ် ၊ လက်ရှိမှာ သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံ ကစားသမားပါ။” လုခ်ရှောအနေနဲ့ လာမယ့် စနေနေ့ အဲဗာတန်အသင်းကို လက်ခံကစားရမယ့် ပွဲစဥ်မှာ ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

“လုခ္ေရွာက လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဘယ္ေနာက္ခံ ကစားသမားပါ။” _ အာဝင္

ဒင္းနစ္ အာဝင္က ယူႏိုက္တက္မွာ ‌ျေခစြမ္းျပ ကစားေနတဲ့ လုခ္ေရွာဟာ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဘယ္ေနာက္ခံကစားသမားလို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အသက္ ( ၂၅ ) ႏွစ္အ႐ြယ္ ကစားသမားဟာ လက္ရွိမွာ သရဲနီတို႔အတြက္ ပုံစံေကာင္းျပသထားၿပီး ဒီရာသီ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚဖို႔ ႀကိဳးပမ္းေနတဲ့ အိုေလ ဂန္နား ဆိုးရွားရဲ႕ အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္ရရွိေနပါတယ္။

‌ေရွာဟာ ယူႏိုက္တက္အတြက္ ဒီရာသီ ၿပိဳင္ပြဲစုံ ( ၂၅ ) ပြဲ ကစားေပးထားရာမွာ ဂိုးဖန္တီးမႈ ( ၄ ) ႀကိမ္ ျပဳလုပ္ထားၿပီး အဂၤါေန႔က အိုးထရတ္ဖို႔ဒ္မွာ ေဆာက္သမ္းတန္အသင္းကို ( ၉ – ၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာလည္း အသင္းေဖာ္‌ေတြအတြက္ သြင္းဂိုး ( ၂ ) ဂိုး ပုံေဖာ္ေပးခဲ့ပါတယ္။ အဂၤလန္ လက္ေ႐ြးစင္ ကစားသမားဟာ အမွတ္ေပးဇယား ထိပ္ပိုင္း ေနရာအတြက္ မန္စီးတီး ၊ လီဗာပူးတို႔နဲ႔ ယွဥ္ၿပိဳင္လ်က္ရွိတဲ့ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ပုံစံေကာင္း ျပသလ်က္ရွိပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၲဝင္ကစားသမား အာဝင္က သရဲနီတို႔နဲ႔ အတူ ေျခစြမ္းျပသလ်က္ရွိတဲ့ လုခ္ေရွာကို ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့ပါတယ္။ လုခ္ေရွာက လက္ရွိပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဘယ္ေနာက္ခံ ကစားသမားလား ၊ ဆိုတဲ့ ေမးခြန္းအေပၚ သရဲနီ ဂႏၲဝင္ကစားသမား အာဝင္က “ လုံးဝ ဟုတ္ပါတယ္။” ဟု တုံ႔ျပန္‌ေျဖၾကားခဲ့ပါတယ္။

“ အဲလက္ တဲလက္ ေရာက္ရွိလာတာက သူ႔ကို ( လုခ္ေရွာ ) တြန္းတင္လိုက္သလို ျဖစ္သြားပါတယ္ ။ ၿပီးခဲ့တဲ့ လအတြင္းမွာ ထိပ္တန္းအဆင့္ ေျခစြမ္း ျပသထားပါတယ္။” “သူရဲ႕ တိုက္စစ္လိုက္ပါမႈ ၊ ခံစစ္ပိုင္း စြမ္ေဆာင္ရည္ အားလုံး ေကာင္းမြန္ပါတယ္ ။ ပြဲထြက္ခြင့္ေနရာအတြက္ ၿပိဳင္ဘက္ေပၚလာတာက သူ႔ရဲ႕ ေျခစြမ္းကို ပိုၿပီး တိုးတက္ေစပါတယ္ ။ ၿပီးခဲ့တဲ့ ရာသီက ဘရန္ဒန္ ဝီလီယံ ႏွင့္ ဒီရာသီ အဲလက္ တဲလက္ တို႔က လုခ္ေရွာကို အေထာက္အကူ ျဖစ္ေစပါတယ္။” “ ေသခ်ာပါတယ္ ၊ လက္ရွိမွာ သူဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဘယ္ေနာက္ခံ ကစားသမားပါ။”

လုခ္ေရွာအေနနဲ႔ လာမယ့္ စေနေန႔ အဲဗာတန္အသင္းကို လက္ခံကစားရမယ့္ ပြဲစဥ္မွာ ယူႏိုက္တက္အတြက္ ပြဲထြက္ကစားခြင့္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။