လုခ်ဒီယွန်းဟာ နေမာထက်ပိုပြီး ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်မယ့်သူလို့ ရော်နယ်လ်ကိုးမန်းချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းနည်းပြရော်နယ်လ်ကိုးမန်းက အသင်းရဲ့ကစားသမားသစ် လုခ်ဒီယွန်းဟာ နာမည်ကျော်တိုက်စစ်မှူးဟောင်းနေမာထက် ပိုပြီးတော့ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်မယ့်ကစားသမားဖြစ်တယ်လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီယွန်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဆီဗီလာအသင်းကနေ ဘာစီလိုနာအသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး မကြာသေးခင်က နူးကမ့်ကွင်းထဲမှာ အသင်းသစ်နဲ့မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။

ကြွေးမြီစုစုပေါင်း ပေါင်(၁.၁၅)ဘီလီယံအထိရှိနေတဲ့ ဘာစီလိုနာအသင်းဟာ နွေရာသီကာလအတွင်း အသင်းရဲ့အဓိက,ကစားသမားမက်ဆီအပါအဝင် ကစားသမားတချို့နဲ့လမ်းခွဲခဲ့ရပြီး ဒီပိုင်း၊ အဂွဲရိုးတို့နဲ့ ပြန်လည်အားဖြည့်ခဲ့သလို ဒီယွန်းက သူတို့နောက်ဆုံးခေါ်ယူခဲ့တဲ့ကစားသမားသစ်လည်းဖြစ်ပါတယ်။

တစ်ချိန်က မက်ဆီ၊ဆွာရက်ဇ်တို့နဲ့တွဲဖက်ပြီး ဘာစီလိုနာတိုက်စစ်မှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ နေမာဟာ ဘာစီလိုနာအသင်းအတွက် (၁၈၆)ပွဲကစား၊ (၁၀၅)ဂိုးအထိသွင်းယူခဲ့တဲ့အပြင် ချန်ပီယံလိဂ်၊ လာလီဂါစတဲ့ အဓိကဆုဖလားတွေလည်း ရယူနိုင်ခဲ့ပါတယ်။

နယ်သာလန်ကလပ်တွေဖြစ်တဲ့ FC တွမ်တီး၊ PSV အသင်းတို့နဲ့အတူ ဆုဖလားတွေရယူခဲ့သူ ဒီယွန်းဟာ ပရီးမီးယားလိဂ်မြေမှာတော့ အောင်မြင်မှုမရခဲ့ဘဲ ၂၀၁၃-၁၄ ရာသီတုန်းက နယူးကာဆယ်အသင်းမှာ တစ်ရာသီအငှားနဲ့လာကစားခဲ့ဖူးပြီး

(၁၂)ပွဲကစား၊ တစ်ဂိုးမှမသွင်းနိုင်ခဲ့တာကြောင့် PSV အသင်းကို ပြောင်းရွှေ့ခဲ့သလို ၂၀၁၉ ခုနှစ်မှာ ဆီဗီလာအသင်းဆီရောက်ရှိခဲ့တာပါ။

ဆီဗီလာကစားသမားဘဝပွဲဦးထွက်ရာသီဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီမှာ ယူရိုပါလိဂ်ဖလားရယူခဲ့တဲ့ ဒီယွန်းဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ အခုဘာစီလိုနာနည်းပြအဖြစ်ဆောင်ရွက်နေသူ ရော်နယ်လ်ကိုးမန်းနဲ့လက်တွဲခဲ့ဖူးပြီး သူ့ဆရာဟောင်းနဲ့ ပြန်လည်လက်တွဲခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်လ်ကိုးမန်းက “ဖြတ်တင်ဘောပေးတဲ့အပိုင်းမှာ ဒီယွန်းက နေမာထက် ပိုပြီးအန္တရာယ်ပေးနိုင်တဲ့ကစားသမားတစ်ယောက်ပါ။

သူက ကျွန်တော်တို့အသင်းမှာရှိနေတဲ့ တိုက်စစ်ကစားသမားတွေရဲ့ပုံစနဲ့ ကွဲပြားခြားနားတဲ့ကစားသမားဖြစ်ပြီး အသင်းတိုင်းမှာ ဒီလိုကစားသမားမျိုးရှိသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းကလည်း အဲဒီလိုကစားသမားမျိုးလိုအပ်တယ်ဆိုတာ အသင်းတာဝန်ရှိသူတွေကို ကျွန်တော်အသိပေးထားပြီးသားပါ။

အသင်းရဲ့တိုက်စစ်ကစားသမားတွေကို လိုသလိုအပြောင်းအလဲလုပ်ဖို့ ကျွန်တော်ရည်ရွယ်ထားပြီး ပွဲအခေအြနေအရ ဒီယွန်းကို လိုအပ်လာရင် သူဟာ အသင်းရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မယ့်ကစားသမားတစ်ဦးဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လုခ္ဒီယြန္းဟာ ေနမာထက္ပိုၿပီး ၿပိဳင္ဘက္ေတြကို ဒုကၡေပးႏိုင္မယ့္သူလို႔ ေရာ္နယ္လ္ကိုးမန္းခ်ီးက်ဴး

ဘာစီလိုနာအသင္းနည္းျပေရာ္နယ္လ္ကိုးမန္းက အသင္းရဲ႕ကစားသမားသစ္ လုခ္ဒီယြန္းဟာ နာမည္ေက်ာ္တိုက္စစ္မႉးေဟာင္းေနမာထက္ ပိုၿပီးေတာ့ ၿပိဳင္ဘက္ေတြကို ဒုကၡေပးႏိုင္မယ့္ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ အသက္(၃၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒီယြန္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ဆီဗီလာအသင္းကေန ဘာစီလိုနာအသင္းကို တစ္ရာသီအငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး မၾကာေသးခင္က ႏူးကမ့္ကြင္းထဲမွာ အသင္းသစ္နဲ႔မိတ္ဆက္ပြဲအခမ္းအနားျပဳလုပ္ခဲ့ပါတယ္။

ေႂကြးၿမီစုစုေပါင္း ေပါင္(၁.၁၅)ဘီလီယံအထိရွိေနတဲ့ ဘာစီလိုနာအသင္းဟာ ေႏြရာသီကာလအတြင္း အသင္းရဲ႕အဓိက,ကစားသမားမက္ဆီအပါအဝင္ ကစားသမားတခ်ိဳ႕နဲ႔လမ္းခြဲခဲ့ရၿပီး ဒီပိုင္း၊ အဂြဲ႐ိုးတို႔နဲ႔ ျပန္လည္အားျဖည့္ခဲ့သလို ဒီယြန္းက သူတို႔ေနာက္ဆုံးေခၚယူခဲ့တဲ့ကစားသမားသစ္လည္းျဖစ္ပါတယ္။ တစ္ခ်ိန္က မက္ဆီ၊ဆြာရက္ဇ္တို႔နဲ႔တြဲဖက္ၿပီး ဘာစီလိုနာတိုက္စစ္မွာအေကာင္းဆုံးေျခစြမ္းျပခဲ့တဲ့ ေနမာဟာ ဘာစီလိုနာအသင္းအတြက္ (၁၈၆)ပြဲကစား၊ (၁၀၅)ဂိုးအထိသြင္းယူခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္၊ လာလီဂါစတဲ့ အဓိကဆုဖလားေတြလည္း ရယူႏိုင္ခဲ့ပါတယ္။

နယ္သာလန္ကလပ္ေတြျဖစ္တဲ့ FC တြမ္တီး၊ PSV အသင္းတို႔နဲ႔အတူ ဆုဖလားေတြရယူခဲ့သူ ဒီယြန္းဟာ ပရီးမီးယားလိဂ္ေျမမွာေတာ့ ေအာင္ျမင္မႈမရခဲ့ဘဲ ၂၀၁၃-၁၄ ရာသီတုန္းက နယူးကာဆယ္အသင္းမွာ တစ္ရာသီအငွားနဲ႔လာကစားခဲ့ဖူးၿပီး (၁၂)ပြဲကစား၊ တစ္ဂိုးမွမသြင္းႏိုင္ခဲ့တာေၾကာင့္ PSV အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သလို ၂၀၁၉ ခုႏွစ္မွာ ဆီဗီလာအသင္းဆီေရာက္ရွိခဲ့တာပါ။ ဆီဗီလာကစားသမားဘဝပြဲဦးထြက္ရာသီျဖစ္တဲ့ ၂၀၁၉-၂၀ ရာသီမွာ ယူ႐ိုပါလိဂ္ဖလားရယူခဲ့တဲ့ ဒီယြန္းဟာ နယ္သာလန္လက္ေ႐ြးစင္အသင္းမွာ အခုဘာစီလိုနာနည္းျပအျဖစ္ေဆာင္႐ြက္ေနသူ ေရာ္နယ္လ္ကိုးမန္းနဲ႔လက္တြဲခဲ့ဖူးၿပီး သူ႔ဆရာေဟာင္းနဲ႔ ျပန္လည္လက္တြဲခြင့္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္လ္ကိုးမန္းက “ျဖတ္တင္ေဘာေပးတဲ့အပိုင္းမွာ ဒီယြန္းက ေနမာထက္ ပိုၿပီးအႏၲရာယ္ေပးႏိုင္တဲ့ကစားသမားတစ္ေယာက္ပါ။ သူက ကြၽန္ေတာ္တို႔အသင္းမွာရွိေနတဲ့ တိုက္စစ္ကစားသမားေတြရဲ႕ပုံစနဲ႔ ကြဲျပားျခားနားတဲ့ကစားသမားျဖစ္ၿပီး အသင္းတိုင္းမွာ ဒီလိုကစားသမားမ်ိဳးရွိသင့္တယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကတည္းကလည္း အဲဒီလိုကစားသမားမ်ိဳးလိုအပ္တယ္ဆိုတာ အသင္းတာဝန္ရွိသူေတြကို ကြၽန္ေတာ္အသိေပးထားၿပီးသားပါ။ အသင္းရဲ႕တိုက္စစ္ကစားသမားေတြကို လိုသလိုအေျပာင္းအလဲလုပ္ဖို႔ ကြၽန္ေတာ္ရည္႐ြယ္ထားၿပီး ပြဲအေချအေနအရ ဒီယြန္းကို လိုအပ္လာရင္ သူဟာ အသင္းရဲ႕လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးႏိုင္မယ့္ကစားသမားတစ္ဦးျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။