လီ၀န်ဒေါစကီးရဲ့ ဂိုးသွင်းစံချိန်တစ်ခုကို လိုက်မီသွားတဲ့ လူကာကူ

အဇာဘိုင်ဂျန်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဘယ်လ်ဂျီယံ အသင်းခေါင်းဆောင်

တာ၀န်ယူခဲ့တဲ့ တိုက်စစ်မှူး လူကာကူဟာ ပထမပိုင်း အတွင်းမှာတင် ၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် မန်ယူ တိုက်စစ်မှူးဟောင်းဟာ ပွဲချိန် မိနစ် ၃၀ အတွင်းမှာတင်

ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၃၇ မိနစ်မှာ စတုတ္ထမြောက်ဂိုးကို သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန် တိုက်စစ်မှူးဟောင်းဟာ ပွဲချိန် ၁၇ မိနစ်မှာတင် ဒိုကူရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး

ပွဲချိန် ၂၆ မိနစ်၊ ၃၀ မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက် သွင်းခဲ့တာပါ။

ဒီအတွက် လူကာကူဟာ လက်ရှိ ကစားနေတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ သွင်း ဂိုး ၁၄ ဂိုးသွင်းထားပြီး

မြောက်အိုင်ယာလန်လက်ရွေးစင် ဟောင်း ဒေးဗစ်ဟီလေတစ်ယောက်

၂၀၀၈ ခုနှစ်မှာ ရခဲ့တဲ့ ၁၃ ဂိုး စံချိန်ကို ချန်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ ပိုလန်တိုက်စစ်မှူး လီ၀န်ဒေါစကီးရခဲ့တဲ့

သွင်းဂိုးစံချိန်ကိုလည်း ဘယ်လ်ဂျီယံသားက လိုက် မီသွားခဲ့တာပါ။

ဘယ်လ်ဂျီယံဟာ အဇာဘိုင်ဂျန်နဲ့ ပွဲမတိုင်ခင်ကတည်းက ယူရို ခြေစစ်ပွဲ အောင်ထားပြီးသားအသင်းဖြစ်ပြီး

၈ ပွဲ ကစားပြီးချိန် လက်ရှိမှာတော့ အုပ်စု (F) ရဲ့ ထိပ်ဆုံးကနေ ရမှတ် ၂၀ နဲ့ ဦးဆောင်နေတာပါ။

ဒီပွဲမှာ အာဆင်နယ် တိုက်စစ်မှူး လီအန်ဒရို ထရော့ဆက်လည်း ဘယ်လ်ဂျီယံ အတွက်ဂိုးသွင်းနိုင်ခဲ့တာကြောင့်

နည်းပြ တီဒက်စ်ကိုရဲ့ အသင်းဟာ အဇာဘိုင်ဂျန်ကို ၅-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီအုပ်စုရဲ့ တစ်ဖက်ပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ အက်စ်တိုးနီးယားတို့ ပွဲစဉ်မှာတော့ ဆွီဒင်က ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဆွီဒင်ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဆင့်ကပဲ လှည့်ထွက်သွားရပြီဖြစ်ပေမဲ့လည်း အက်စ်တိုးနီးယားကို အနိုင်ကစား သွားခဲ့တာပါ။

အုပ်စု (G) မှာ ရှိနေတဲ့ ဆားဘီးယားကတော့ ဘူလ်ဂေးရီးယား ကို ၂-၂ သရေရလဒ်

ရအောင် ကစားနိုင်ခဲ့တာကြောင့် ယူရို ၂၀၂၄ ခြေစစ် ပွဲ အောင်သွားခဲ့ပြီ ဖြစ်ပါတယ်။